Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, May 14, 2015

အရှိန် ၂ ဆမောင်းတဲ့ ကန်ရထားလမ်းချော် ၇ ဦးသေဆုံး


 အမေရိကန် ပြည်ထောင်စု အရှေ့မြောက်ပိုင်း Philadelphia မြို့အနီးမှာ အင်္ဂါနေ့ညက ဘီးချော် တိမ်းမှောက်ခဲ့တဲ့ ခရီးသည်တင်ရထား တိမ်းမှောက်မှုမှာ အနည်းဆုံး လူ ၇ ဦး သေဆုံးပြီး လူပေါင်း ၂၀၀ ဒဏ်ရာ ရရှိခဲ့ပါတယ်။

ရထားတိမ်းမှောက်ချိန်မှာ တနာရီကို မိုင် ၁၀၀ နီးပါးနဲ့ မောင်းနှင်နေတာ ဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောလိုက်ပါတယ်။ ဘာကြောင့် ရထားတိမ်းမှောက်ခဲ့ရတယ် ဆိုတာကို ထုတ်ပြန် ပြောဆိုခြင်း မရှိသေးပေမဲ့ စုံစမ်းစစ်ဆေး နေသူတွေကတော့ ရထားဟာ သတ်မှတ်ထားတဲ့ အမြန်နှုန်းထက် ၂ ဆ နီးပါး မြင့်ပြီး မောင်းနှင်နေတာ ဖြစ်ပါတယ်။

ရထားမတိမ်းမှောက်ခင် တနာရီအလိုမှာ အကွေ့မှာ ရထားရဲ့ အမြန်နှုန်းဟာ တနာရီကို မိုင် ၇၀ နှုန်း ရှိခဲ့ပါတယ်။

ဝါရှင်တန်ကနေ နယူးယောက်ကို သွားတဲ့ ခရီးသည်တင် တွဲ ၇ တွဲပါ Amtrak ရထားမောင်းနှင်သူ ဘယ်သူဘယ်ဝါ ဖြစ်တယ်ဆိုတာကို ထုတ်ပြန်ကြေညာခြင်း မရှိပေမဲ့ သူဟာ အသက်ရှင်လျက် ရှိတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ သူက ရဲတပ်ဖွဲ့နဲ့ စကားပြောဆိုဖို့ ငြင်းဆိုနေပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

No comments:

Post a Comment