Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, May 2, 2015

အီလီနွိုက်ပြည်နယ်တွင် ကြက် ၊ ငှက် တုတ်ကွေးရောဂါ လျင်မြန်စွာ ကူးစက်ပျံ့နှံ့နေခြင်းကြောင့် အရေးပေါ် ကြေညာချက် ထုတ်ပြန်

ချီကာဂို ၊ ၃-၅-၂၀၁၅

 

အမေရိကန် ပြည်ထောင်စု အီလီနွိုက်စ် ပြည်နယ်တွင် ကြက် ၊ ငှက် တုပ်ကွေးရောဂါ လျင်မြန်စွာ ကူးစက်ပျံ့နှံ့ နေခြင်းကြောင့် ယင်း ပြည်နယ် အုပ်ချုပ်ရေးမှူး က အရေးပေါ် သတိပေးချက် တစ်ရပ်ကို ထုတ်ပြန် ခဲ့ရကြောင်း
သိရသည်။
.
အဆိုပါ ပြည်နယ် အတွင်းရှိ အာဏာပိုင် များသည် ဒေသအတွင်းရှိ မွေးမြူရေးခြံ လေးခုကို ဝင်ရောက် စစ်ဆေးခဲ့ရာ ရောဂါ ကူးစက်ခြင်း ခံထားရသည်ကို တွေ့ရှိခဲ့ကြောင်း ကြေညာ ခဲ့ပြီးနောက် ပြည်နယ် အစိုးရက အရေးပေါ်
ကြေညာချက် ကို မေ ၁ ရက်တွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
.
အလားတူ နိုင်ငံအတွင်းရှိ မွေးမြူရေး အဓိက လုပ်ကိုင်သည့် အိုင်အိုဝါ ပြည်နယ် တွင်လည်း ကြက် ၊ ငှက် တုပ်ကွေးရောဂါ ကူးစက်ပျံ့နှံ့ မှုကြောင့် အရေးပေါ် ကြေညာချက် တစ်ရပ်ကို ထုတ်ပြန်ခဲ့ ရပြီး ယင်းသို့ ကြေညာခြင်း ကြောင့် ကြက်နှင့် ကြက်ဆင် ကောင်ရေ ၂၁ သန်းကို သုတ်သင် ဖယ်ရှား ခဲ့ရဖွယ် ရှိကြောင်း သိရသည်။
.
ထို့ပြင် အခြားပြည်နယ် များ ဖြစ်ကြသည့် ဝစ်ကွန်ဆင် နှင့် မင်နီဆိုးတား ပြည်နယ်များ တွင်လည်း အဆိုပါ ရောဂါပိုး ကူးစက်မှုကြောင့် အရေးပေါ် ကြေညာချက် များကို ဧပြီလ အတွင်းက ထုတ်ပြန် ခဲ့ရသည်။
.
အိုင်အိုဝါ ပြည်နယ် အတွင်း ထုတ်ပြန်ခဲ့သည့် အရေးပေါ် ကြေညာချက် အရ ပြည်နယ် အာဏာပိုင် များသည် ရောဂါပိုး ကူးစက်ပျံ့နှံ့ မှုကို စတင် လုပ်ဆောင် ခဲ့ကြပြီး လိုအပ်ပါက မေလ အကုန်ပိုင်း အထိ လုပ်ဆောင် သွားမည် ဖြစ်ကြောင်း ယင်း ပြည်နယ် အုပ်ချုပ်ရေးမှူး တယ်ရီ ဘရန်းစတက် က ပြောကြား ထားကြောင်း သိရသည်။
Pyi Chit thar
http://www.pyichitthar.com/2015/05/blog-post_68.html

No comments:

Post a Comment