Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, May 14, 2015

အိမ်ရာစီမံကိန်း အသစ်များကလည်း ရန်ကုန်အိမ်ခြံမြေ ဈေးကွက် ကျဆင်းလာမှုကို မထိန်းချုပ်နိုင်


ရန်ကုန် မေ ၁၄

စီမံကိန်းအိမ်ရာများနှင့် မြို့ပြစီမံ ကိန်း မြေနေရာများ ခေတ်စားလာ သော်လည်း အိမ်ခြံမြေဈေး ကျဆင်း နေခြင်းကြောင့် ရန်ကုန်စီးပွားရေး ဈေးကွက်တွင် ဆက်စပ်လုပ်ငန်းများ လည်း အထိုက်အလျောက် ကျဆင်း နေရကြောင်း ရန်ကုန်အခြေပြု စီးပွားရေး လုပ်ငန်းရှင်များထံက သိရ သည်။

အိမ်ခြံမြေဈေးနှုန်းများ ကျဆင်း ကာ အရောင်းအဝယ်မရှိသလောက် နည်းပါးလာသည်မှာ နှစ်ဆန်းပိုင်း ကတည်းကဖြစ်ပြီး ယခုနှစ်ဝက် နီးပါးအထိ ကြာမြင့်လာသည့်အတွက် အခြားသော ရွှေ၊ ငွေနှင့် ပို့ကုန်သွင်း ကုန်ဈေးနှုန်းများတွင်လည်း ထိခိုက် မှုများ ရှိလာခြင်းဖြစ်သည်။

''အိမ်ခြံမြေကို ခိုင်မာပြီး ဈေး ကစားနိုင်တဲ့ ဈေးကွက်အဖြစ် ၂ဝ၁၄ တစ်နှစ်လုံး သတ်မှတ်ခဲ့ကြတယ်။ အခုအချိန်မှာတော့ အိမ်ခြံမြေမှာ ရင်းနှီးမြှုပ်နှံသူ အများစုက ပိုက် ဘောမိသွားပြီး အခြားစီးပွားရေး လုပ်ငန်းတွေကိုပါ အနည်းနဲ့အများ ထိခိုက်လာတယ်။ တတ်နိုင်သူတွေက ပြန်မရောင်းဘဲ ဈေးမြင့်လာမယ့် အချိန်ကို စောင့်နေတဲ့အတွက် သူတို့ ချဲ့ထွင်နိုင်မယ့် လုပ်ငန်းတွေကို အရှိန်လျော့စေတယ်''ဟု စီးပွားရေး ဆိုင်ရာ ဥပဒေအကြံပေးလုပ်ငန်း လုပ်ကိုင်သူ မစ္စရေချယ်က ပြော သည်။

နိုင်ငံတော်မှ မြို့ပြဖွံ့ဖြိုးမှုဆိုင်ရာ စီမံကိန်းများကို အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော်ရန် စတင်ပြင် ဆင်ချိန်တွင် စီမံကိန်းအဓိကမြေ နေရာများကို ရရှိထားသော လုပ်ငန်း ရှင်များသာ အကျိုးအမြတ်များစွာရရှိခဲ့သော်လည်း အနီးပတ်ဝန်းကျင်ရှိ မြေနေရာများတွင် လိုက်လံဝယ်ယူကြ သူအများစုမှာ အိမ်ခြံမြေများတွင် ငွေကြေးများ နစ်မြုပ်ကာ ပြန်လည် ရောင်းထုတ်ရန် ခက်ခဲသည့် အခြေ အနေကို ကြုံတွေ့နေရကြောင်း အိမ် ခြံမြေအကျိုးဆောင်များထံက သိရ သည်။

''အိမ်ခြံမြေဈေးနှုန်းတွေ ကျဆင်း လာတဲ့အပြင် ကွန်ဒိုတွေရဲ့ ခွင့်ပြုတဲ့ ပိုင်ဆိုင်မှု ပုံစံတွေကို မသိနားမလည် ခြင်းတွေနဲ့ ကန်ထရိုက်နဲ့ အိမ်ပိုင်ရှင် အကြား၊ မြေပိုင်ရှင်နှင့် အခန်းရှင် အကြားမှာ ဥပဒေရေးရာ မသိနား မလည်မှုတွေကြောင့်လည်း အိမ်ခြံ မြေဈေးတွေ ပိုမိုကျဆင်းလာနေတာ ဖြစ်တယ်။ မဆောက်ပေးနိုင်တဲ့ ကန်ထရိုက်တွေဆီမှာ ဒါမှမဟုတ် လူ မရှိတဲ့ မြေကွင်းတွေပေါ်မှာ ငွေတွေ က နစ်မြုပ်သလိုဖြစ်သွားရတယ်။ မြေဈေးကျဆင်းလို့ ရွှေလုပ်ငန်းမှာ လည်း အရောင်းအဝယ်ထိခိုက်လာ နိုင်သလို နိုင်ငံခြားငွေကြေးဈေးကွက် မှာလည်း ထိခိုက်မှုရှိလာတယ်။ အမှန်တော့ လုပ်ငန်းအားလုံးဟာ ဆက်စပ်နေတာဖြစ်ပါတယ်။ အရောင်း အဝယ်ကသာ မရှိသလောက် အေး နေပေမယ့် ငှားရမ်းမှုတွေကတော့ ပုံမှန်ထက်ပိုများတယ်။ သို့သော် ဈေး တွေက ကျဆင်းလာတယ်။ အိမ်ခြံ မြေဈေးကျဆင်းတော့ အငှားသမား တွေကလည်း ပိုပြီးဈေးလျှော့ပေး ကြတယ်''ဟု အောင်ချမ်းမြေ့ အိမ်ခြံ မြေအကျိုးဆောင် လုပ်ငန်းမှ ကိုတင် ထွန်းက ပြောသည်။

ကြည့်မြင်တိုင် တစ်ဖက်ကမ်းရှိ အေးရွာ၌ တံတားဆောက်မည့် အသံများ ထွက်ပေါ်လာသော်လည်း စိတ်ဝင်တစား လာရောက်ကြည့်ရှု သူပင် မရှိသလောက်ဖြစ်လာနေ ကြောင်း အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင် သူ ကိုသန်းဦးက ပြောကြားသည်။

ထိုသို့ အိမ်ခြံမြေဈေးကျဆင်းလာခြင်းကြောင့် ငွေကြေးရှားပါးမှုနှင့် ရင်ဆိုင်နေကြရပြီး လုပ်ငန်းရှင် အများစုမှာ ရောင်းချခြင်းထက် လက်ဝယ်ထားရှိရန်သာ စဉ်းစားနေ ကြသဖြင့် ရန်ကုန်အိမ်ခြံမြေဈေးကွက် သည် အကျဘက်သို့ ဦးတည်ရပ်တန့် နေခြင်းဖြစ်ကြောင်း သိရသည်။

''အိမ်ခြံမြေဈေးနှုန်းကျဆင်းလာလို့ဆိုပြီး ဝယ်သူမရှိ ရောင်းလိုသူသာ ရှိနေပါတယ်။ အများစုက ရင်းနှီးမြှုပ် နှံမှု ပုံစံပြောင်းသွားကြတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပိုင်ဆိုင်မှုတန်ဖိုးက လက်ထဲမှာတင် ကျဆင်းနေတာ ကြောင့် ရှေ့တိုးနိုင်မယ့် စီးပွားရေး အလားအလာကို ထိခိုက်နိုင်တယ်''ဟု ရေချယ်က ပြောကြားသည်။

သတင်း-ခင်ရတနာ
ဓာတ်ပုံ-မေဦးမိုး
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

No comments:

Post a Comment