Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, May 5, 2015

ပခုံးဒဏ်ရာ ခွဲစိတ်မှု ခံယူရမည့် ပက္ကြီအို


မန္နီ ပက္ကြီအို အနေဖြင့် ၎င်းရရှိထားသည့် ပခုံးကြွက်သား ဒဏ်ရာကို ခွဲစိတ်ကုသမှု ခံယူရမည်ဖြစ်ကြောင်း သိရသည်။

ဖိလစ်ပိုင် လက်ဝှေ့အကျော်အမော်သည် အမေရိကန်သား ဖလွိုက်ဒ်မေဝယ်သာနှင့် ထိုးသတ်သည့် ပွဲစဉ် မတိုင်မီကတည်းက ယင်းဒဏ်ရာကို ရရှိထားခြင်း ဖြစ်သည်။ ထိုပွဲစဉ်တွင် ညာဘက်ပခုံးကို နာကျင်မှု သက်သာစေသည့် ဆေးဝါးထိုးနှံရန် တောင်းဆိုမှုကို နီဗားဒါး လက်ဝှေ့ကော်မရှင်က ငြင်းဆိုခဲ့သည့် ပက်ကွီအိုသည် လက်တစ်ဖက်ကို စွမ်းအားအပြည့် အသုံးမချနိုင်ဘဲ ထိုးသတ်ခဲ့ရသည်။


ပက်ကွီအိုက မိမိ၏ ပခုံးဒဏ်ရာကြောင့် မေဝယ်သာကို ၎င်း၏ သက်တမ်းတစ်လျှောက် ပထမဆုံး ရှုံးပွဲကြုံအောင် မစွမ်းဆောင်နိုင်ခဲ့ဟု ပြောကြားထားခဲ့သည်။ လာ့စ်ဗီးဂက်စ်တွင် ပြုလုပ်သည့် အဆိုပါ စိန်ခေါ်ပွဲတွင် မေဝယ်သာက ပက်ကွီအိုအား အမှတ်ဖြင့် အနိုင်ရပြီး ပွဲတိုင်းနိုင် စံချိန်ကို ဆက်လက် ထိန်းသိမ်းခဲ့သည်။

ခွဲစိတ်အထူးကု ဆရာဝန်တစ်ဦးဖြစ်သည့် နီးလ်အယ်လ်အထရက်ချီက “MRI Scanဖတ် စစ်ဆေးမှု ရလဒ်တွေအရ ပက်ကွီအိုရဲ့ ပခုံးကြွက်သား ဒဏ်ရာကို အတည်ပြုနိုင်ပါတယ်။ ထင်ထင်ရှားရှား စုတ်ပြဲမှုမျိုး ဖြစ်နေတာပါ”ဟု ပြောကြားခဲ့သည်။ ပက်ကွီအိုသည် အဆိုပါ ဒဏ်ရာကို မေဝယ်သာနှင့် ပွဲအကြို စခန်းသွင်း လေ့ကျင့်နေစဉ် ရရှိခဲ့ခြင်း ဖြစ်သည်။

အသက်(၃၆)နှစ်ရှိ ပက်ကွီအိုသည် အဆိုပါ ဒဏ်ရာကို ခွဲစိတ်မှု ခံယူပြီးနောက် ကိုးလမှ တစ်နှစ်ဝန်းကျင်ထိ လက်ဝှေ့လောကနှင့် အဆက်ပြတ်နေရဖွယ် ရှိသည်။ သို့သော်လည်း အနားယူပြီး စနစ်တကျ စောင့်ကြည့်ကုသမှုများ အပြီး၌မူ ပက်ကွီအို အနေဖြင့် လက်ဝှေ့ပြန်ထိုးနိုင်မည်ဟု ဆရာဝန်များက ပြောကြားထားသည်။

7daydaily

No comments:

Post a Comment