Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, May 11, 2015

ဒဂုံစီးတီးစီမံကိန်း ရပ်ဆိုင်းရန်သဘောဖြင့် ဝေဖန်သူများကို အရေးယူမည်ဟု သတင်းထုတ်ပြန်

ယခင်စစ်တပ်ပိုင်မြေပေါ်တွင် အကောင်အထည်ဖော်မည့် ဒဂုံစီးတီးစီမံကိန်း(၁)ကို ရပ်ဆိုင်းစေလိုသော သဘောဆန္ဒဖြင့် ပြောဆိုဝေဖန်သူများအား တရားဥပဒေအရ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း Marga Land Mark ကုမ္ပဏီက သတင်းထုတ်ပြန်သည်။

အဆိုပါ ဒဂုံစီးတီးစီမံကိန်းမှာ ရွှေတိဂုံစေတီတော်နှင့် နီးကပ်စွာ တည်ရှိသဖြင့် ပြန်လည်စစ်ဆေးရန် ရပ်ဆိုင်းခြင်းခံထားရသည့် စီမံကိန်းငါးခုအနက် တစ်ခုအပါအ၀င်ဖြစ်သည်။

ဒဂုံစီးတီးစီမံကိန်းကို မှားယွင်းသော ကောလာဟလများ နှင့် မှန်ကန်မှုမရှိသော သတင်း အချက်အလက်များကို လူပုဂ္ဂိုလ်တစ်ဦးက ယုံမှားသံသယဖြစ်စေရန် ဖန်တီးနေသောကြောင့် တရားဥပဒေအရ အရေးယူဆောင်ရွက်ရန် ပြင်ဆင်ဆောင်ရွက်ပြီးဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

တရားဥပဒေအရ အရေးယူမည့် ပုဂ္ဂိုလ်၏အမည်ကိုမူ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားခြင်း မရှိပေ။

ယခု ဒဂုံစီးတီးစီမံကိန်းအပေါ် အရပ်ဘက်လူ့အဖွဲ့အစည်းများ၊ မြို့ပြပညာရှင်များက မကြာခဏ ဝေဖန်ပြောကြားမှုများ ရှိနေပြီး ရွှေတိဂုံစေတီ၏ ပုံရိပ်ထိခိုက်မည်ကို စိုးရိမ်တကြီး သတိပေး ပြောကြားမှုများ ပြုလုပ်လျက်ရှိ သည်။

လက်ရှိ ယင်းစီမံကိန်းများအကောင်အထည်ဖော်ရန် မြန်မာ နိုင်ငံ အင်ဂျင်နီယာများအသင်းက စစ်ဆေးတွေ့ရှိထားသည့် အချက်အလက်များကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီသို့ ပေးပို့ကာ Master Plan ရေးဆွဲနေပြီဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရက စစ်တပ်ပိုင်မြေများကို ပုဂ္ဂလိကသို့ လွှဲပြောင်းလုပ်ကိုင်ခွင့်ပေးထားသည့် ရွှေတောင်၊ သုခရတနာ၊ မာဂါလန်းမတ်၊ AdventureMyanmar and Tour ကုမ္ပဏီတို့က တည်ဆောက်နေသည့် စီမံကိန်းများကို စစ်ဆေးမှုများ ပြုလုပ်မည်ဖြစ်၍ ခေတ္တရပ်ဆိုင်းရန် ညွှန်ကြားထားသည်။

ရွှေတိဂုံစေတီတော်နှင့် အနီးတစ်ဝိုက်တွင် အထပ်မြင့်တိုက်များ တည်ဆောက်မည်ဆိုပါက စေတီတော်၏ ရင်ပြင်တော်အမြင့် အထိသာ ခွင့်ပြုပြီး စေတီတော်၏ ငှက်ပျောဖူးအောက် ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်၄၁၇ ပေ ကျော်လွန်၍ တည်ဆောက်ခွင့်မရှိကြောင်း သိရသည်။

ပြီးခဲ့သည့် တစ်ပတ်က ပြည်တွင်းထုတ် ဒီမိုကရေစီနေ့စဉ်သတင်းစာတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဝင်တစ်ဦးက ယင်းစီမံကိန်းမှာ စည်ပင်က ခွင့်ပြုထားခြင်းမရှိကြောင်း ပြောကြားထားသည်။
http://7daydaily.com/story/36971#.VVEysJM2XYi

No comments:

Post a Comment