Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, May 11, 2015

ခေါင်းဆောင်မင်းသမီးအဖြစ် ရိုက်ကူးဖို့ ယုံကြည်မှုမရှိသေးတဲ့ ယွန်းယွန်း


ကလေးသရုပ်ဆောင်အ ဖြစ် ပရိသတ်က လက်ခံအားပေးခဲ့ ၍ ခေါင်းဆောင်မင်းသမီးနေရာ တွင် စတင်ရိုက်ကူးရန် ယုံကြည်မှု မရှိသေးကြောင်း သရုပ်ဆောင် ယွန်းယွန်းက ပြောသည်။


‘‘ခေါင်းဆောင်မင်းသမီး အနေနဲ့ ရိုက်ဖို့ လာခေါ်တဲ့သူရှိ တယ်။ သမီးလည်း အံ့သြခဲ့တယ်။ ဒါပေမဲ့ ဒီမှာက သမီးကို ကလေး သရုပ်ဆောင်အနေနဲ့ မြင်ခဲ့တာ လေ။ အခုက ခေါင်းဆောင်မင်း သမီးနေရာမှာဆိုတော့ ပရိသတ် တွေ မြင်ရမှာ ခက်ခဲမယ်လို့လည်း သမီးထင်တယ်။ သမီးကိုယ်တိုင် လည်း ပြည့်ဝသေးတယ် မထင် ဘူး။ ယုံကြည်မှုမရှိသေးဘူး။ ဒါ ကြောင့် မရိုက်ကူးသေးတာပါ’’ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံတွင် လက်ရှိရိုက် ကူးနေသော ဇာတ်လမ်းဇာတ် အိမ်များမှာ ဆယ်ကျော်သက်အ ရွယ်နှင့် ရိုက်ကူးရန် အဆင်မပြေ မှုများရှိနေ၍ ရုပ်ရှင်ရိုက်ကူးမှုကို ရပ်နားထားခဲ့ခြင်း ဖြစ်သည်ဟု ယွန်းယွန်းက ပြောသည်။

‘‘သမီးက အခု ဆယ်ကျော် သက်ဖြစ်လာပြီဆိုတော့ မြန်မာ နိုင်ငံက ဇာတ်လမ်းတွေကလည်း ရှားလာတာရယ်၊ ပညာရေးက လည်း အထက်တန်းရောက်ပြီဆို တော့ စာတွေ ပိုများလာတာရယ် ကြောင့် ဒီနှစ်ကို ကားရိုက်တွေ နားလိုက်တာပါ။ ပရိသတ်နဲ့ အဆက်အသွယ် မပြတ်အောင်တော့ ကြော်ငြာတွေ၊ အမ်တီဗီသီချင်းလေးတွေ ရိုက်ဖြစ်ပါတယ်’’ ဟု ၎င်းက ပြောသည်။

ယခုနှစ်တွင် တက္ကသိုလ်ဝင် တန်း စတင် တက်ရောက်ရတော့ မည်ဖြစ်၍ ပညာရေးကိုသာ ဦး တည်ထားပြီး ကျောင်းစာများကို ကြိုတင်ပြင်ဆင်မှုများပြုလုပ်နေ ကာ အမှတ်များများဖြင့် အောင် မြင်ရန် ကြိုးစားမည်ဟုလည်း ၎င်း က ပြောသည်။

‘‘သမီး ဒီအနုပညာကို စခဲ့ပြီး ပြီဆိုတော့ ဆုံးအောင်တော့ လုပ် မယ်။ ဒီနှစ်က ဆယ်တန်းလည်း ရောက်လာပြီ။ ကျောင်းကလည်း မြန်မာကျောင်းပဲ တက်တာဆို တော့ နောက်ဆုံး အဆုံးအဖြတ် တစ်ခုကို ရောက်နေတာပဲလေ။ ဒါကြောင့် ကြိုတင်ပြင်ဆင်ပြီး စာမေးပွဲမှာ အမှတ်တွေ များများ ရအောင်လည်း ကြိုးစားနေပါ တယ်’’ဟု ၎င်းက ပြောသည်။

မကြာမီ ရုံတင်ပြသတော့ မည့် ဒါရိုက်တာဝိုင်းရိုက်ကူးသည့် ‘‘ကျွန်မက နှင်းဆီပါမောင်’’ရုပ်ရှင် ဇာတ်ကားတွင် ဖွေးဖွေး၏ငယ်ဘ ဝအဖြစ် ယွန်းယွန်းက ပါဝင်သရုပ် ဆောင်ထားကြောင်း သိရသည်။

ယွန်းယွန်းသည် ‘‘တိမ်မင်း သမီးရဲ့ ဒဏ္ဍာရီ’’ ဇာတ်ကားဖြင့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု(အကယ်ဒမီ) ရရှိထားသည်။
http://7daydaily.com/story/36943#.VVCtXJM2XYh

No comments:

Post a Comment