Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, May 20, 2015

၁၉၅၀ ခု အရေးပေါ် အက်ဥပဒေ ဆက်လက်ထားရှိဖို့ ဆုံးဖြတ်


ပြည်သူ့လွှတ်တော်မှာ မေလ ၂ဝ ရက်နေ့က လွှတ်တော် ကိုယ်စားလှယ် ဦးဝင်မြင့် အဆိုတင်သွင်းနေစဉ် Photo: Win Naung Toe, Win Ko Latt/RFA

နိုင်ငံရေးသမားတွေကို ဖမ်းဆီးချုပ်နှောင်တဲ့ ၁၉၅၀ ပြည့်နှစ်၊ အရေးပေါ် စီမံခန့်ခွဲမှု အက်ဥပဒေကို ရုပ်သိမ်းတဲ့ ဥပဒေကြမ်းကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့် က ဒီနေ့ ပြည်သူ့လွှတ်တော်မှာ အဆိုတင်သွင်းရာ ကန့်ကွက်သူများတဲ့အတွက် ရှုံးနိမ့်ခဲ့ပါတယ်။

အဲဒီဥပဒေကို လက်နက်သဖွယ်အသုံးပြုပြီး နိုင်ငံရေး သမားတွေကို ဖိနှိပ်တာတွေ မရှိသင့်ကြောင်း ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့် က တင်ပြခဲ့ပါ တယ်။

"တစ်နိုင်ငံလုံး အရေးပေါ်အခြေအနေမကျရောက် ဘဲ နိုင်ငံရေးသမားများ၊ ဒီမိုကရေစီ အင်အားစု များ၊ ပြည်သူပြည်သားများ ဖိနှိပ်ချုပ်ချယ်ပြီး၊ မတရား ဖမ်းဆီးချုပ်နှောင်ခြင်း၊ ထောင်ချခြင်း စသည်တို့ကို လက်နက်သဖွယ် အသုံးချနေတာမဖြစ်သင့်ပါ၊ စစ်မှန်သော ဒီမိုကရေစီ တည်ဆောက်နေချိန်တွင် ခေတ်နှင့်စီလျော်မှု မရှိသော နိုင်ငံသားများ၏ မူလအခွင့်အရေးများကို ထိခိုက်နစ်နာစေသည့် အရေးပေါ်စီမံမှု အက်ဥပဒေကို ပယ်ဖျက်သင့်ပါတယ်"

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းက အဲဒီအဆိုကို ထောက်ခံခဲ့ပေမယ့် ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီးဗိုလ်မှူးချုပ် ကျော်ဇံမြင့် နဲ့ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီဝင် ဦးစတီဗင် တို့က ကန့်ကွက် ခဲ့တဲ့အတွက် မဲခွဲဆုံးဖြတ်ရာမှာ ထောက်ခံမဲ ၅၀၊ ကန့်ကွက်မဲ ၂၆၅ မဲနဲ့ ရှုံးနိမ့်ခဲ့ ပါတယ်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က အဲဒီဥပဒေကို ပယ်ဖျက်ပေးဖို့ လွန်ခဲ့တဲ့ ၂၀၁၃ ခုနှစ်က တစ်ကြိမ် တင်ပြခဲ့ပေမယ့် ရှုံးနိမ့်ခဲ့ပါတယ်။  ဒီအကြိမ် မှာတော့ သူက ပုဒ်မတချို့ကိုသာ ပြင်ဆင်ပေးဖို့ တင်ပြခဲ့ပါတယ်။

RFA Burmese
http://www.rfa.org/burmese

No comments:

Post a Comment