Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, May 19, 2015

အာရှ မဟာမိတ်အဖွဲ့ ဟားဗတ်တက္ကသိုလ်အပေါ် တိုင်ချက်ဖွင့်

Shareအမေရိကန်နိုင်ငံသား၊ အာရှလူမျိုးအဖွဲ့များ စုပေါင်းပါဝင်သည့် မဟာမိတ်အဖွဲ့တစ်ခုသည် ဟားဗတ်တက္ကသိုလ်အား ပြည်ထောင်စု ဗဟိုအစိုးရအဆင့် တိုင်တန်းမှုကို မေလ ၁၅ ရက်၊ သောကြာနေ့က တင်သွင်းလိုက်ပါသည်။ ဟားဗတ်တက္ကသိုလ်နှင့် အိုင်ဗီလိဂ် ခေါ် အမေရိကန် ထိပ်တန်းတက္ကသိုလ် ၇ ခုသည် လူမျိုးရေးခွဲတမ်းစနစ်ကို အသုံးပြုကာ အမှတ်မြင့်သော အာရှလူမျိုးများထက် အခြားကျောင်းသားများကို ဝင်ခွင့်ပေးနေကြောင်း စွပ်စွဲထားသည်။
ကမ္ဘာကျော် ဟားဗတ်တက္ကသိုလ်၏ စီးပွားရေး စီမံခန့်ခွဲမှုပညာ မဟာဘွဲ့ (MBA) ဘွဲ့နှင်းသဘင် အခမ်းအနားတစ်ခု ဖြစ်ပါသည်။ကမ္ဘာကျော် ဟားဗတ်တက္ကသိုလ်၏ စီးပွားရေး စီမံခန့်ခွဲမှုပညာ မဟာဘွဲ့ (MBA) ဘွဲ့နှင်းသဘင် အခမ်းအနားတစ်ခု ဖြစ်ပါသည်။တရုတ်၊ အိန္ဒိယ၊ ကိုရီးယားနှင့် ပါကစ္စတန် အဖွဲ့ ၆၀ ကျော်သည် တရားရေးနှင့် ပညာရေးဌာနများရှိ လူမှုအခွင့်အရေးရုံးများတွင် စုပေါင်း၍ တိုင်ချက်ဖွင့်ခဲ့ကြသည်။ ၎င်းတို့သည် စုံစမ်းစစ်ဆေးပေးရန်နှင့် တက္ကသိုလ်ဝင်ခွင့်အတွက် လူမျိုးရေးခွဲတမ်း သို့မဟုတ် လူမျိုးရေးထိန်းညှိမှုတို့ အသုံးပြုခြင်းကို ရပ်ဆိုင်းရန် တောင်းဆိုခဲ့ကြ၏။
“ကျွန်တော်တို့ဟာ လူမျိုးရေးနဲ့ မသက်ဆိုင်တဲ့ တန်းတူညီမျှ ဆက်ဆံမှုကို လိုချင်ပါတယ်” ဟု ပါမောက္ခနှင့် လူမှုအခွင့်အရေး လှုပ်ရှားသူတစ်ဦး ဖြစ်သူ ချွန်ယန် လီက ပြောကြားသည်။ တက္ကသိုလ်များသည် ကျောင်းသားများကို ဝင်ခွင့်ရွေးချယ်ရာတွင် အခွင့်အရေးချင်း တန်းတူအောင် ထိန်းညှိသော ပေါ်လစီ မူဝါဒများအစား ဝင်ငွေကို အသုံးပြုသင့်သည်ဟု ၎င်းက ဆိုသည်။
ထိန်းညှိခြင်း၏ တန်ပြန်ဆိုးကျိုး
အမေရိကန် ပြည်ထောင်စုတွင် လွန်ခဲ့သော နှစ် နှစ်ရာကျော်ကတည်းက အသုံးပြုခဲ့သော affirmative action ခေါ် အခွင့်အရေးချင်း တန်းတူအောင် ထိန်းညှိသော ပေါ်လစီ မူဝါဒများသည် အငြင်းပွားဖွယ် ပြဿနာ ဖြစ်နေခဲ့သည်။ ၎င်းမှာ ယခင်က နိမ့်ကျခဲ့သော လူမဲ ငွေဝယ်ကျွန်များ၊ အမျိုးသမီးများနှင့် လူနည်းစု လူမျိုးများအတွက် အခွင့်အရေးပို၍ ဦးစားပေးသည့် စနစ် ဖြစ်ပါသည်။
ထိပ်သီးတက္ကသိုလ်ကြီးများသည် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲအမှတ်များကို လူမဲနှင့် စပန်းနစ်ရှ်အနွယ် ကျောင်းသားများအတွက် ဘိုးနပ်စ် အပိုမှတ်များ ပေါင်းထည့်ပေး၍ အာရှလူမျိုးနွယ် ကျောင်းသားများကိုမူ အမှတ်နုတ်သည် ဟူ၍ အာရှလူမျိုး အဖွဲ့များက မကျေမနပ် ဖြစ်ကာ ဗဟိုအစိုးရသို့ တိုင်ချက်ဖွင့်ခြင်း ဖြစ်၏။

အိုင်ဗီလိဂ် (Ivy League)

အိုင်ဗီလိဂ် (Ivy League) ဆိုသည်မှာ အမေရိကန် ပြည်ထောင်စုရှိ ထိပ်သီး တက္ကသိုလ်၊ ကောလိပ် ၈ ခုကို ခေါ်ဝေါ်ခြင်း ဖြစ်သည်။ အိုင်ဗီလိဂ်ဆိုလျှင် ပညာရေး၊ ထူးချွန်ထက်မြက်မှု၊ လက်ရွေးစင် ဝင်ခွင့်ရွေးချယ်မှုနှင့် လူမှုရေး အထက်တန်းကျမှုတို့ကို ကိုယ်စားပြုပါသည်။
အိုင်ဗီလိဂ် တက္ကသိုလ် ကောလိပ် ၈ ခုမှာ - (အက္ခရာစဉ်အားဖြင့်)
1.    Brown University
2.    Columbia University
3.    Cornell University
4.    Dartmouth College
5.    Harvard University
6.    the University of Pennsylvania
7.    Princeton University
8.    Yale University
- တို့ ဖြစ်ကြပါသည်။
ဥပမာအားဖြင့်၊ အိုင်ဗီလိဂ်တစ်ခုဖြစ်သည့် ပရင့်စ်တန်တက္ကသိုလ် ဝင်ခွင့်အမှတ်များတွင် လူမဲအမေရိကန် ကျောင်းသားများအား အမှတ် ၂၃၀ ၊ စပန်းနစ်ရှ်အမေရိကန် ကျောင်းသားများအား ၁၈၅ မှတ် ဘိုးနပ်စ် အပို ပေါင်းထည့်ပေးသည်။ သို့သော်၊ အာရှအမေရိကန် ကျောင်းသားများကိုမူ အမှတ် ၅၀ နုတ်ယူသည်။ ဤနေရာတွင် ကျောင်းသားများသည် အမေရိကန်နိုင်ငံသားများ ဖြစ်ကြပြီး၊ လူဖြူ၊ လူမဲ၊ စပန်းနစ်ရှ်နှင့် အာရှလူမျိုးအနွယ်ဟူ၍ ခွဲခြားကာ အမှတ်များကို ပေါင်းခြင်း နုတ်ခြင်း လုပ်သည်ကို ဆိုလိုပါသည်။
ထို့ပြင်၊ သွေးနှောသော ကပြားလူမျိုး ကျောင်းသားများကိုလည်း ထိုနည်းတူ အမှတ်များကို ခွဲခြားသည်။ ဖခင် မြန်မာနှင့် မိခင် စပန်းနစ်ရှ်တို့မှ ပေါက်ဖွားသော ကျောင်းသား၏ တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာတွင် လူမျိုး (race) ကို ဖခင်ဖက်လိုက်၍ အာရှ (Asian) ဟု ဖြည့်လျှင် အမှတ် ၅၀ အနုတ်ခံရမည် ဖြစ်သော်လည်း မိခင်ဖက်လိုက်၍ စပန်းနစ်ရှ် (Spanish/Latino) ဆိုလျှင် ၁၈၅ မှတ် ပေါင်းပေးမည် ဖြစ်သည်။
တက္ကသိုလ်ဝင်ခွင့်အတွက် ၎င်းအသုံးပြုသော လုပ်နည်းသည် “ပြည်ထောင်စု ဗဟိုအစိုးရ ဥပဒေနှင့် အပြည့်အဝ ညီညွတ်ကြောင်း ”ဟားဗတ်တက္ကသိုလ်က ဖြေရှင်းသည်။ ဟားဗတ်တက္ကသိုလ် ဝင်ခွင့်ရ အာရှကျောင်းသားများ၏ ရာခိုင်နှုန်းသည် ယခင် ၁၇.၆ မှ ဆယ်စုနှစ် တစ်ခုအတွင်း ၂၁ ဖြစ်လာကြောင်း တက္ကသိုလ် အုပ်ချုပ်ရေး အရာရှိများက ပြောကြားသည်။
ပညာကြိုးစား အာရှသား
ပြဿနာမှာ အာရှကျောင်းသားများနှင့် မိဘများသည် ပညာရေးကို လွန်ကဲစွာ ဦးစားပေးသောကြောင့် အမှတ်အလွန်မြင့်သည့် အာရှကျောင်းသား ဦးရေ တစ်နှစ်ထက်တစ်နှစ် များပြားလာကာ ထိပ်သီး တက္ကသိုလ်ကောလိပ်များတွင် အာရှကျောင်းသားများ လွှမ်းမိုးလာခြင်း ဖြစ်၏။ လူမဲနှင့် စပန်းနစ်ရှ် ကျောင်းသားများမှာ တော်ရုံ ဝင်မတိုးနိုင်ဘဲ သာမန်တက္ကသိုလ်များတွင်သာ ဝင်ခွင့်ရကြသည်။ ထို့ကြောင့်၊ လူမျိုးအလိုက် အချိုးမျှတအောင် လုပ်ဆောင်သည့် စနစ်ကို ကျင့်သုံးလာသောကြောင့် အာရှအမေရိကန် အဖွဲ့အစည်းများက မကျေမနပ် ကန့်ကွက်နေခြင်း ဖြစ်၏။
ယမန်နှစ်ကလည်း ဟားဗတ်တက္ကသိုလ်နှင့် မြောက်ကာရိုလိုင်းနားပြည်နယ်၊ ချာပယ်လ်ဟီးလ်ရှိ မြောက်ကာရိုလိုင်းနားတက္ကသိုလ် (UNC) တို့ကို “ဝင်ခွင့်မျှတရေး ကျောင်းသားများအဖွဲ့”က ပြည်ထောင်စု ဗဟိုအစိုးရ တရားရုံးတွင် တရားစွဲဆိုထားခဲ့ပါသည်။ အမေရိကန် တစ်ပြည်လုံးရှိ တက္ကသိုလ် ကောလိပ်အားလုံးတွင် လူမျိုးရေးအရ ခွဲခြားလက်ခံမှုကို ရပ်ဆိုင်းပစ်ရန် ၎င်းတို့က တောင်းဆိုခဲ့ကြသည်။
မေလ ၁၅ ရက်က တရားစွဲဆိုသော အမှုအတွက် စည်းရုံးဆော်ဩသူ ယူကောင် ကျောက်က ဟားဗတ်တက္ကသိုလ်သည် အာရှလူမျိုးများအား တမင်ရည်ရွယ်ပြီး တစ်ပန်းရှုံးအောင် မလုပ်ကြောင်း သက်သေပြရန် ၎င်း၏ ကျောင်းဝင်ခွင့်စာရင်းများကို ထုတ်ဖော်ပြသရေး တောင်းဆိုထားသည်။

http://kabarthit.com/index.php?option=com_content&view=article&id=661:2015-05-17-17-43-29&catid=8:2013-10-13-17-09-02&Itemid=214

No comments:

Post a Comment