Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, May 4, 2015

အမျိုးသားများက အမျိုးသမီးများထက် အတင်းအဖျင်းပိုပြောလာကြ


အတင်းပြောတယ်လို့ ဆိုလိုက်ရင် လူအများစုကတော့ အမျိုးသမီးတွေအပေါင်းအဖော်တွေ အချင်းချင်း တီးတိုးပြောဆိုနေတာကိုပဲ မျက်လုံးထဲမြင်ယောင်ကြမှာဖြစ်ပါတယ်။ ဒီနေ့ခေတ်မှာတော့ အတင်းပြောတာ အမျိုးသမီးတွေ မဟုတ်တော့ပါဘူး။


မကြာသေးခင်က လုပ်ခဲ့တဲ့လေ့လာမှုတစ်ခုအရ ယနေ့ခေတ်မှ အမျိုးသားတွေက အမျိုးသမီးတွေထက် ပိုပြီးအတင်းပြောလေ့ရှိကြကြောင်း The Fifth Estate ဆိုတဲ့သုတေသနအဖွဲ့က ဖော်ထုတ်လိုက်တာ ဖြစ်ပါတယ်။ လေ့လာမှုစစ်တမ်းအရ အမျိုးသားတွေဟာ လျှို့ဝှက်ချက်တစ်ခုခုကို သိလာပြီဆိုရင် သူငယ်ချင်းမိတ်ဆွေတွေကို မပြောရမနေနိုင်အောင် ဖြစ်လေ့ရှိလာကြတယ်လို့ ဆိုပါတယ်။ အခြား တစ်ယောက်ယောက်ရဲ့လျှို့ဝှက်ချက်ကို အမျိုးသမီးတွေက အမျိုးသားတွေထက် အချိန်ပိုကြာမြင့်စွာ ထိန်းထားနိုင်တယ်လို့ တွေ့ရှိရပါတယ်။ ပျှမ်းမျှအားဖြင့်တော့ အမျိုးသားအများစုဟာ အခြားသူတစ်ဦးဦးရဲ့ လျှို့ဝှက်ချက်ကို သုံးနာရီလောက်ပဲ ထိန်းထားနိုင်ပြီး အဲဒီနောက်မှာတော့ မိတ်ဆွေသူငယ်ချင်းတွေကို ဖောက်သည်ချကာ အတင်းပြောကြလေ့ရှိတယ်လို့ လေ့လာမှုက ဖော်ထုတ်ထားပါတယ်။


အမျိုးသမီးတွေလည်း အတင်းမပြောတာတော့မဟုတ်ပါဘူး။ ဒါပေမယ့် အမျိုးသမီးတွေက သူများရဲ့ လျှို့ဝှက်ချက်ကို သူငယ်ချင်းတွေနဲ့အတင်းပြောဖို့ သုံးနာရီခွဲလောက် ကြာတက်ပါတယ်။ အမျိုးသားတွေထက် လျှို့ဝှက်ချက်ကို ထိန်းသိမ်းထားတဲ့အချိန် ပျှမ်းမျှမိနစ် ၄၀ လောက်ပိုကြာတဲ့ သဘောပါပဲ။ အမျိုးသား ဆယ်ဦးမှာ တစ်ဦးက ဆယ်မိနစ်အတွင်း သူများကို အတင်းပြန်ပြောလေ့ရှိပါတယ်။ ဒါပေမယ့်လည်း ယနေ့ခေတ် အမျိုးသား ၉၂ ရာခိုင်နှုန်းလောက်ကတော့ သူတို့ကိုယ်သူတို့ အတင်းမပြောတက်ပဲ လျှို့ဝှက်ချက်ကို ထိန်းသိမ်းထားနိုင်တဲ့သူတွေလို့ ထင်နေကြကြောင်း လေ့လာမှုမှာ တွေ့ရပါတယ်။
http://www.planet.com.mm/detail/27708/World

No comments:

Post a Comment