Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, May 18, 2015

ရွှေတိဂုံနှင့်ဒဂုံစီးတီး(၄)


ဒဂုံစီးတီးကိုတာဝန်ယူထားတဲ့ Resident Geotechnical Engineer ကိုများဘယ်သူသိကြမလဲမသိဘူး ။ ဖြစ်နိုင်ရင် email address လေးဖြစ်ဖြစ်လိုချင်ပါတယ် ။ ရင်းရင်းနှီးနှီး ဆွေးနွေးချင်ရုံပါ။ တကယ်တော့ နိုင်ငံခြားသား ပညာရှင်တွေဘယ်လောက်တော်တော် Resident Engineer က အဓိကကျတယ်ဆိုတာ လုပ်သက် ၁၀ နှစ်ကျော်မှ ကျွန်တော်သိခဲ့ရတာပါ။ နိုင်ငံခြားသား ပညာရှင် (designer) ဆိုတာ investigation result အပေါ်အခြေခံပြီးအလုပ်လုပ်တာ။ အခုခေတ်က Finite Element Analysis တွေ software တွေပေါ်နေတော့ design engineer ရဲ့အလုပ်ကသိပ်တွေးစရာတွက်စရာမလိုတော့ပါဘူး ။ စက်ရုပ်တွေလိုပါဘဲ ဦးနှောက်နဲ့တစ်ခုတည်းနဲ့အလုပ်လုပ်သွားလို့ရပါတယ် ။ ပြည်တွင်း design engineer တွေကိုတော့ မပြောလိုပါဘူး ။ နှလုံးသားနဲ့မခံစားဘူးလို့ပြောလို့ရပါတယ်။ တကယ်တော့ resident engineer ဆိုတာ project တစ်ခုကို အတွေ့အကြုံ နဲ့ပေါင်းစပ်ပြီး နှလုံးသားနဲ့ခံစားရတဲ့သူမျိုးတွေပါ ။ Project area မှာရှိတဲ့ ကုန်းမြေတွေရဲ့ဖြစ်စဉ် ၊ မြစ်ချောင်းတွေရဲ့ဖြစ်စဉ် ၊ ရာသီဥတုအပြောင်းအလဲမှာ ဖြစ်လာနိုင်တဲ့ အလှည့်အပြောင်းတွေ၊ နဲ့ဒေသခံတွေဓလေ့ ၊ ယုံကြည်မှုတွေကို သေချာနားလည်နိုင်မှ resident engineer လို့ခေါ်ဆိုထိုက်တာပါ။ အဲ့ဒိ processes တွေ အပြောင်းအလဲတွေကို designer ကို တိုက်တွန်းနိုင်မှ မှန်ကန်ပြည့်စုံတဲ့ design ၊ ပတ်ဝန်းကျင်နဲ့လိုက်လျော ညီထွေတဲ့ design ကိုရမှာပါ ။ မြန်မာပြည်မှာတော့ Resident Engineer ကိုခေါ်ယူအလုပ်ခန့်တယ်ဆိုတဲ့သီတင်းက ၅ နှစ်တောင်မပြည့်သေးပါဘူး ။ ဒါကလည်း Geotechnical ဘက်ကိုခန့်တာမဟုတ်ဘဲ တခြား construction ဘက်ကိုခန့်လိုက်တာပါ ။ လွန်ခဲ့တဲ့ နှစ် အနည်းငယ်အထိတော့ design ဆိုတာ civil engineer တွေရဲ့အလုပ်ပါ။ နောက်ပိုင်းမှာတော့ တချို့ geotechnical desing error တွေရှိလာတဲ့ အခါ highrise building တွေ underground structures တွေတည်ဆောက်လာတဲ့ အခါ civil design engineer တွေတင်မက geotechnical engineer တွေနဲ့ပူးပေါင်း design ဆွဲမှ အောင်မြင်တဲ့ design ကိုရတာလို့အများစုက လက်ခံနေကြပါပြီ ။
-
ဘန်ကောက်မှာဖြစ်သွားတဲ့ အဖြစ်အပျက် နှစ်ခုကိုကြည့်ရင် resident engineer ဘယ်လောက်အရေးပါမလဲဆိုတာ အထင်အရှားပါ ။ ပထမတစ်ခုကတော့ စက်ရုံတစ်ရုံပါ။ မြေသားကိုလည်းသေချာစမ်းသပ်ထားပြီး Japan designer တွေက design ဆွဲတာပါ ။ ဒါပေမဲ့ floor slab လောင်းပြီးတဲ့ အချိန်မှာဘဲ settlement ကြောင့် slab ကျွံဝင်သွားလို့ခေတ္တရပ်ထားပြီး ထိုင်းမှာရှိတဲ့ အကြံပေးအဖွဲ့ကိုငှားရပါတယ်။ နောက်ဆုံးအဖြေရှာလိုက်တဲ့ အချိန်မှာ မိုးတွင်းမှာ မြေတူးမိပြီး မိုးရေတွေစိမ့်ဝင်တာကြောင့် ခံနိုင်ရေအားကျသွားလို့ settlement ၀င်သွားရတာပါ ။ အဲ့ဒိကိစ္စမှာJapan designer ဟာသူ့နိင်ငံမှာအတွေ့အကြုံ အတော်အတန်ရတဲ့ designer ပါ။ ဒါပေမဲ့ ထိုင်းနိုင်ငံရဲ့အပူပိုင်းမုတ်သုန်ရာသီဥတုနဲ့အပူပိုင်းမြေသားပြောင်းလဲစဉ်ကို သတိထားမိပုံမပေါ်ပါဘူး ။ အဲ့ဒိအမှားကြောင့် ပြန်ဖျက်ပြန်ပြင်နေရတော့ ငွေကုန်ကြေးကျများပါတယ် ။ ဒါပေမဲ့ တော်သေးတာက စက်ရုံမဆောက်ခင်ဘဲ ဖြစ်သွားလို့ပျက်စီးတဲ့ အထိမဖြစ်တာပါ။ ပုံ(၁) နှင့် ပုံ(၂) မှာဖေါ်ပြထားပါတယ်။ အဲ့ဒိနေရာမှာ ထိုင်း designer ဒါမှမဟုတ် consultant ကိုငှားရင် ဒီလိုဖြစ်မယ်မထင်ပါဘူး ။ ဂျပန် ၊ စင်ကာပူ နဲ့ အနောက်ဘက်က လာတဲ့ ကုမ္မဏီတွေက အရှေ့တောင်အာရှသားတွေဟာ သူတို့လောက်ကိုမတတ်ဘူးလို့ယူဆ အထင်သေးပါတယ်။ ဆွေးနွေးတိုင်ပင်လေ့မရှိကြပါဘူး ။ 
-
ဒုတိယဖြစ်စဉ်ကလည်း ထိုင်းမှာပါဘဲ ။ ကျောက်ဖယားမြစ်ကမ်းတလျောက်မှာ မြေထိန်းမြေနံရံတည်ဆောက်တဲ့လုပ်ငန်းပါ။ soil test company ရော designer ရော မလေးရှားကပါ ။ မလေးရှားနဲ့စင်ကာပူ designer တွေဟာ safety factor ကိုအများကြီးယူတတ်တာ အလုပ်လုပ်ဖူးတဲ့သူတွေဆိုသိပါလိမ့်မယ် ။ သူတို့ design ကမပြိုပါဘူးလို့လည်း အမြဲတမ်းမြင်တတ်ကြပါတယ်။ ဒါပေမဲ့လည်းအဲ့ဒိမြေထိန်းနံရံပြိုတယ်ခင်ဗျ ။ ဘာဖြစ်လို့လည်းဆိုတော့ ကျောက်ဖယားမြစ်ရဲ့River Process ကိုနားမလည်တာက တစ်ပိုင်း Bangkok Soft Clay ရဲ့ behavior ကိုနားမလည်တာကတစ်ပိုင်းပါ ။ ဒီနေရာမှာနည်းနည်းလောက်ရှင်းပြပါရစေ ။ တကယ်တော့ စင်ကာပူက Marine Clay of Kallang Formation, Bangkok Soft Caly နဲ့ Thilawa Soft Clayတွေက field test ပဲစမ်းစမ်း lab test ပဲစမ်းစမ်း range တစ်ခုထဲဝင်နေမှာပါဘဲ ။ ဒါပေမဲ့ ကျွန်တော့်လို Thilawa clay နဲ့အလုပ်လုပ်ဖူးတဲ့သူတွေက design တွက်တဲ့အခါ Over consolidated ယူဆပြီးတွက်ရမလား Normal consolidated နဲ့ယူပြီးတွက်ရမလား ။ နောက်တခါ coastal dynamic တို့ earthquake effect တို့ကိုလည်း ယူဆပြီးတွက်လိုက်ရင် Thilawa Clay နဲ့ Bangkok Clay ရဲ့တန်ဖိုးကွာသွားပြီ ။ လုံးဝ design မတူတော့ဘူး ။ အဲ့ဒိအချက်တွေကို ဆုံးဖြတ်ပေးနိုင်တာကတော့ Resident engineer တွေ Resident PE တွေပါဘဲ ။ အဲ့ဒိအချက်ကို သတိမထားခဲ့တာတစ်ကြောင်း၊ နောက်တချက်က construction sequence ကိုသေချာမပြထားတာကတစ်ကြောင်း ၊ နောက် ထိုင်းကန်ထရိုက်တာ (အမှန်တော့မြန်မာအများစု) ရဲ့supervision ညံ့ဖျင်းတာတစ်ကြောင်းကြောင့် မြေထိန်းနံရံပြိုခဲ့ပါတယ်။ ပုံ (၃)မှာပါ ။ မထင်မှတ်ထားတဲ့ slip failure နဲ့ပြိုပါတယ်။
-
ပြိုတဲ့အခါမှာသူတို့နိုင်ငံမှာက အာမခံအတွက်ဘယ်သူ့အမှားလည်းဆိုတာ အမြဲတမ်း ပညာရှင်ကို ခေါ်ပြီးစစ်ခိုင်းလေ့ရှိပါတယ် ။ Forensics Engineering လို့ခေါ်ပါတယ်။ ကျွန်တော်လက်ရှိလေ့လာနေဆဲဘာသာရပ်ပါ။ Forensics ကို ကျွန်တော်စိတ်ဝင်စားတဲ့ အချက်ကလည်း ဆားပုလင်းနှင်းမောင်စုံထောက်သလို သဲလွန်စတွေနဲ့ခြေရာကောက်ရတာပါ။ နောက်တစ်ခုက ဘက်လိုက်စဉ်းစားလို့မရပါဘူး ။ ဘက်လိုက်ရင်တချိန်ချိန် ကိုယ့်ကိုအမှု ပြန်ပတ်မှာပါ။ နောင်တချိန်တော့မြန်မာပြည်မှာကျွန်တော့်အလုပ်တွေချည်းဖြစ်လာလိမ့်မယ်ထင်ပါတယ် (ဤကားစကားချပ်)။ မနေ့ကတော့ bearing capacity အကြောင်းကိုရေးမယ်လို့စိတ်ကူးထားပါတယ်။ ဒါပေမဲ့ Bearing capacity failure အကြောင်းမပြောခင် သိထားသင့်တာလေးတွေကို သိထားရအောင်ပါ။ 
-
Conclusion ချလိုက်ရင်တော့ Dagon City ကိုတာဝန်ယူတဲ့ resident geotechnical engineer ကိုမေးခွန်းတွေမေးချင်တာပါ။
(၁) soil investigation လုပ်တဲ့ အခါ ကိုယ့် project ထဲကထွက်လာတဲ့ result တစ်ခုတည်းစားလား ပတ်ဝန်းကျင်ကိုစဉ်းစားခဲ့သလား
(၂)ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်လာမဲ့ shear strength mobilization ကိုထည့်စဉ်းစားထားသလား
(၃) Topography ကြောင့်ဖြစ်လာမဲ့ shear strength mobilization ကိုစဉ်းစားထားလား
(၄) soil test result ကို site clearing and excavation လုပ်ပြီးတဲ့ အချိန်မှာရော အဲ့ဒိအတိုင်း ဖြစ်နေမယ်လို့ အာမခံသလား
(၅) အဲ့ဒိ project area ရဲ့ dynamism တွေက ဘာတွေဖြစ်နိုင်လဲ
(၆) Dagon City ကြောင့်ဖြစ်လာမဲ့ ရွှေတိဂုံ (အထူးသဖြင့် သိင်္ဂုတ္တရကုန်းတော်)ရဲ့ impact ကိုစဉ်းစားမိရဲ့လား
(၇) construction process ကြောင့်ဖြစ်လာမဲ့ မြေအောက်ရေ dynamism (fluctuation) ကိုတွက်ချက်ထားလား ။ Dagon city ကို ဘယ်လိုeffect ဖြစ်မလဲ ။ ရွှေတိဂုံ ၊ ကန်တော်ကြီးနဲ့မြို့တွင်းပိုင်းကို ဘယ်လို impact ဖြစ်စေမလဲ (၈) မြေအောက်ရေပြင်ပြောင်းလဲမှုကြောင့် ပတ်ဝန်းကျင်က structures တွေရဲ့ လက်ရှိရှိနေတဲ့ foundation (pile and shallow footing) တွေဟာ အဒိအဆောက်အဦးတွေ အတွက် လုံလောက်မှု ရှိရဲ့လား။
(၉) sandy soil တွေဖြစ်နေခဲ့ရင် construction ကြောင့် ဖြစ်လာတဲ့ impact ကိုထည့်တွက်ရဲ့လားဆိုတာကို ကျွန်တော့်ကိုယ်စားမေးမြန်းပေးစေလိုပါတယ်။
-
Project ပျက်ပါစေတော့ဆိုတဲ့ စေတနာမျိုးလုံးလုံးမရှိပါဘူး ။ Stability ဆိုတာ ဖြေရှင်းလို့ရနိုင်တဲ့ပြဿ နာပါ ။ ခိုင်အောင် ဒီဇိုင်းဆွဲလို့ရပါတယ် ၊ ဆောက်လို့ရပါတယ် ။ ဒါပေမဲ့ အပိုင်း(၁) မှာဖေါ်ပြထားတဲ့ suitability ဆိုတာကိုတော့ သင့်တော်လား မသင့်တော်လား ဦးနှောက်နဲ့ရော နှလုံးသားနဲ့ပါဆုံးဖြတ်စေချင်ပါတယ်။ ထပ်သတိပေးပါမယ် သမိုင်းတရားခံဆိုတာ ဘယ်လောက်ပဲငွေကြေးချမ်းသာပါစေ စိတ်မချမ်းမြေ့စွာနဲ့ ဘ၀ကို နိဂုံးချုပ်ရပါတယ်။


Save Our Shwedagonပညာရှင်တစ်ဦးရေးသားထားတဲ့စာတမ်းတွေပါ။တန်ဖိုးရှိတဲ့စာတမ်းဖြစ်တာကြောင့် အားလုံးကိုပြန်လည်ဝေမျှပါတယ်။သမ...

Posted by The Melting Pot 4 U on Tuesday, 19 May 2015

No comments:

Post a Comment