Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, May 16, 2015

ဘင်္ဂလားဒေ့ရှ် နယ်စပ် မောင်တောမြို့မှာ လုံခြုံရေးတင်းကျပ်

မောင်တောမြို့ရှိ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်လူဝင်လူထွက် ဂိတ်ကို တွေ့ရစဉ် ။ Photo: RFA
ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ အကြမ်းဖက် သမားတွေ ဝင်ရောက်လာ နိုင်တယ်ဆိုတဲ့ သတင်း တွေကြောင့် ဒီရက်ပိုင်းတွေ အတွင်း လုံခြုံရေးတွေ တင်းကျပ်ထားတယ်လို့ စစ်ဘက် လုံခြုံရေး အရာရှိ တစ်ဦးက ပြောပါတယ်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တစ်လျှောက်နဲ့ လူဝင် လူထွက်ဂိတ်တွေမှာ လုံခြုံရေးအင်အား တိုးမြင့်ချထား ပြီး မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က မောင်တောမြို့ပေါ်မှာ ရှိတဲ့ အစိုးရဌာနဆိုင်ရာရုံးတွေကို လုံခြုံရေး သတိထား ကြဖို့ အကြောင်း ကြားထားတယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ မေလ ၄ ရက်နေ့ညနေက  မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်မှတ်တိုင် အမှတ် ၅၂ နဲ့ ၅၃ ကြားမှာ မွတ်စလင် လက်နက်ကိုင်အချို့နဲ့ နယ်ခြားစောင့် လုံခြုံရေးတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက်ပိုင်း အခုလို လုံခြုံရေးတင်းကျပ်ထားတာ လို့လည်း သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese

No comments:

Post a Comment