Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, May 7, 2015

နယူးယောက်တွင် ဗန်ဂိုး၏ ပန်းချီကားကို လေလံတင်ရောင်းချရာ အမေရိကန်ဒေါ်လာ ၆၆ သန်းကျော်ရရှိ


နယူးယောက်၊ မေ ၆
ဗင်းဆင့်ဗန်ဂိုး၏ ပန်းချီကား ကို နယူးယောက်တွင် မေ ၅ ရက်၌ လေလံတင်ရောင်းချရာ အမေ ရိကန်ဒေါ်လာ ၆၆ သန်းကျော်ရရှိ ကြောင်း၊ Van Gogh ၏ပန်းချီကား များကို ၁၉၉၈ ခုနှစ်ကတည်းက ရောင်းချလာခဲ့ရာ ယခုရောင်းချရ မှုသည် ဈေးအများဆုံးရရှိခြင်းဖြစ် ကြောင်း AFP ကဖော်ပြသည်။
Van Gogh သည် ဒတ်ခ်ျလူမျိုး post- impressionist ပန်းချီပညာ ရှင်ဖြစ်သည်။
Van Gogh ၏ Les Alyscamps ပန်းချီကားသည် အမေရိကန် ဒေါ်လာသန်း ၄ဝ ဝန်းကျင်ရှိမည်ဟု ခန့်မှန်းထားကြောင်း၊ သို့သော် ပန်း ချီကားစုဆောင်းသူ အာရှသားတစ် ဦးက အမေရိကန်ဒေါ်လာ ၆၆ ဒသမ ၃ သန်းပေးကြောင်း Sotheby လေလံလုပ်ငန်း၏အဆိုအရ သိရ သည်။
Van Gogh ၏ ပန်းချီကား ''Portrait of Dr Gachet" ကို ၁၉၉ဝ ခုနှစ်၌ နယူးယောက်တွင် ရောင်းချခဲ့ရာ အမေရိကန်ဒေါ်လာ ၈၂ ဒသမ ၅ သန်းရခဲ့ကြောင်း၊ ထိုခေတ်အမေရိကန်ဒေါ်လာ ၈၂ ဒသမ ၅ သန်းသည် မျက်မှောက်ခေတ် အမေရိကန်ဒေါ်လာ ၁၅၃ သန်းခန့် နှင့်ညီမျှကြောင်း AFP က ဖော်ပြ ခဲ့သည်။
Ref: AFP
‪‎Democracytoday‬
Yangon Media Group

No comments:

Post a Comment