အေသင်အောင်
ဖုန်းပြောတဲ့ အခါ လမ်းဖြတ်မကူးဖို့၊ ကားမမောင်းဖို့ သတိပေးမှုတွေ ပြုလုပ် ထားပေမယ့် လိုက်နာခြင်း မရှိတာကြောင့် အသက်ဆုံးရှုံးမှုတွေ ဖြစ်ပေါ် နေတယ်လို့ သိရပါတယ်။ တရုတ်နိုင်ငံ၊ ဂန်ဒေါင်းဒေသ မှာ အမျိုးသမီး တစ်ဦးဟာ ဖုန်းပြောနေရင်း လမ်းဖြတ်ကူးမိ တာကြောင့် ထရပ်ကား နှစ်စီးရဲ့ တိုက်ခြင်းကို ခံလိုက်ရပြီး သေဆုံး သွားခဲ့ပါတယ်။ ဒီအမျိုးသမီးဟာ စတိုးဆိုင်က အထွက် ဖုန်းပြောရင်း လမ်းဖြတ်ကူးတဲ့ အချိန်မှာ အဖြူရောင် ထရပ်ကားရဲ့ တိုက်ခြင်းကို ခံလိုက်ရပြီး တစ်ဖက်လမ်းကြောကို ရောက်သွားချိန်မှာ အရှိန်နဲ့မောင်း လာတဲ့ အ၀ါရောင် ထရပ်ကားရဲ့ တိုက်ခြင်း ကို ထပ်မံ ခံရပြီး သေဆုံးသွားခဲ့ခြင်း ဖြစ်ပါတယ်။ ပင်ပေါင်ရိုက် သလိုမျိုး ဟိုဘက် ဒီဘက် အတိုက်ခံရပြီး သေဆုံးခဲ့တာ ဖြစ်ပါတယ်။ ဒီဖြစ်ရပ်ဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပြီး ရဲတပ်ဖွဲ့က အခင်း ဖြစ်ပွားခဲ့တဲ့ ဗီဒီယို မှတ်တမ်းကို ပြသပြီး လမ်းဖြတ်ကူးသူတွေကို သတိပေးမှုပြု လုပ်ခဲ့ပါတယ်။ ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေက လမ်းဖြတ်ကူးတဲ့ အချိန်မှာ ဖုန်းပြော တာဟာ အလွန်အန္တရာယ်များ တာကြောင့် မလုပ်သင့်ကြောင်း ပြောကြားခဲ့ ပါတယ်။
http://www.messengernewsjournal.com

No comments:
Post a Comment