ရွှေဘိုခရိုင် အခြေခံကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌတစ်ဦးဖြစ်ပြီး လက်ရှိ အချိန်တွင် န၀မ တန်း ကျောင်းသား တစ်ဦးဖြစ်သူ၊ အမျိုးသားပညာရေး ဥပဒေပြင်ဆင်ရေးအတွက် မန္တလေး မြို့မှ စတင်ပြီး သပိတ်တိုက်ပွဲဝင်ခဲ့စဉ် ကတည်းက ပါဝင်ခဲ့သူ မတ် ၁၀ ရက်က လက်ပံတန်းမြို့နယ်၌ သပိတ်မှောက် ဆန္ဒပြတောင်းဆိုရာတွင် ရိုက်တာ သတင်းဌာန မှ ဓာတ်ပုံ သတင်းထောက် ရိုက်ကူး ထားသည့် အကြမ်းဖက်နှိမ်နှင်းရာ တွင် ရဲများ ၀ိုင်းရိုက် ခံရသည့် ဓာတ်ပုံ ထဲမှ ကျောင်းသားဖြစ်သူ မောင်အောင် မင်းခိုင်နှင့် The Ladies တို့ တွေ့ဆုံ မေးမြန်းရာတွင် …
မေး – ရဲတွေဝိုင်းအရိုက်ခံရတဲ့ ဓာတ်ပုံထဲ မှာပါတာ ညီလေးလားမသိဘူး။
ဖြေ – ဟုတ်ပါတယ်ခင်ဗျ။ ကျွန်တော် မောင်အောင်မင်းခိုင်ပါ။
မေး – ဒီကျောင်းသားသပိတ်စစ်ကြောင်းထဲ ညီ လေး စတင်ပါဝင်လာတာ ဘယ်အ ချိန်ကာလကတည်းကပါဝင်ခဲ့တာလဲ။
ဖြေ – ကျွန်တော် စစ်ကြောင်းထဲပါလာ တာက မန္တလေးက စထွက်ကတည်းက ဖြစ်တယ်။ နောက်တစ်ခါမှ မပြန်ဖူးဘူး။ လက်ပံတန်းရောက်တဲ့အထိ ပါဝင်လာတာဖြစ်တယ်။
မေး – အခုလိုစစ်ကြောင်းထဲ ပါလာအောင် တစ်ယောက်ယောက်က စေ့ဆော်လို့ လား၊ ဒါမှမဟုတ် မိမိသဘောဆန္ဒ အရ လိုက်ပါခဲ့တာလား။
ဖြေ – ကျွန်တော်ဆန္ဒနဲ့ ကျွန်တော် ပါ လာတာဖြစ်တယ်။ ကျွန်တော်ကသမဂ္ဂ ၀င်တစ်ယောက်အနေနဲ့ ဖြစ်တယ်။ အခြေခံကျောင်းသားသမဂ္ဂ (အကသ) ခေါင်းဆောင် ဥက္ကဋ္ဌတစ်ဦးအနေနဲ့ လည်း ဖြစ်တယ်။ အခြေခံအနေနဲ့ ပါဝင်လာတာဖြစ်တယ်။ ဒီဥပဒေကြီး က ကျွန်တော်တို့ အခြေခံတွေကို တိုက်ရိုက်ကြီးသက်ဆိုင်တယ်။ တိုက် ရိုက်ကြီးလည်း အကျိုးသက်ရောက် စေတဲ့အတွက်ကြောင့် ဖြစ်တယ်။ အဲ ဒီ့ဥပဒေကြီးက ကျွန်တော်တို့ အခြေခံ ကစပြီး ဖိနှိပ်ထားတာဖြစ်တဲ့အတွက် ကျွန်တော်တို့အခြေခံမှာ လိုအပ်တာ တွေ ရှိတဲ့အတွက် ပညာရေးဥပဒေကို ကန့်ကွက်သပိတ်မှောက်ဖို့ စတင်လာ ရခြင်းဖြစ်တယ်။ အဲ့ဒီဥဒေမူကြမ်း စတင်ရေးဆွဲကတည်းက ကျွန်တော် တို့ ဆန့်ကျင်ကန့်ကွက်ခဲ့တာ ဖြစ် တယ်။ တောက်လျှောက် ဆန့်ကျင် ကန့်ကွက်ခဲ့တာ ဖြစ်တယ်။
မေး – ညီလေး လက်ပံတန်း အရေးအခင်း တုန်းက ဘယ်လိုစတင် ထိန်းသိမ်းခံ ရတာလဲ၊ ပြောပြပေးလို့ ရမလား။
ဖြေ – ကျွန်တော် စတင်ဖြစ်ကတည်း က အဖမ်းခံမယ်လို့ပြောခဲ့တယ်။ ပဋိပက္ခဖြစ်ချိန်တုန်းက ကားအနောက် ထဲမှာရှိတယ်။ အဲ့အချိန် ခဲတွေဘာ တွေ ပေါက်တယ်။ ကျွန်တော့်ရှေ့မှာ ကားအောက်ထိုးတဲ့ ဂျမ်းတုံးက ကျလာတယ်။ အဲ့ဒီအချိန်မှာ ကျွန်တော်ရယ်၊ ဦးသိမ်းရယ်က ကားပေါ်ပြေး တက်ပြီး ကားပေါ်မှာနေတယ်။ အဲဒီ့ အချိန်မှာ ရဲတစ်ယောက်ကလာပြီး ဂျမ်းတုံးကိုကိုင်တယ်။ ဂျမ်းတုံးနဲ့ ကျွန် တော်တို့ကို ရွယ်တယ်။ ရွယ်တော့ ကျွန်တော်တို့ကလည်း အေးအေး ဆေးဆေး အဖမ်းခံမယ်။ အေးအေး ဆေးဆေး ရဲတွေကားပေါ် လိုက်မယ်။ ကျွန်တော်တို့ကို မရိုက်ပါနဲ့လို့ ပြော ခဲ့တယ်။ အဲ့လိုပြော တာတောင်မှ ကျွန်တော်တို့ကို ဂျမ်းတုံးနဲ့ရွယ်ပြီး ရိုက်မလိုလုပ်ပြီး အောက်ကရဲတွေက အယောက် လေးဆယ်၊ ငါးဆယ် လောက်ရှိတယ်။ အဲ့မှာ ဦးသိမ်းကို ဆွဲသွားတယ်။ ဦးသိမ်းကို ၀ိုင်းရိုက် တယ်။ ကျွန်တော့်နောက်ကို အယောက် သုံးဆယ်လောက်ရှိမယ် ၀ိုင်း ရိုက်တယ်။ ပုဆိုးကိုလည်း ဆွဲချွတ်တယ်။ ပုဆိုးကိုဆွဲချွတ်ပြီးတော့ ကျွန်တော်ပုဆိုး မ၀တ်နိုင်လောက်အောင်ကို ရိုက်တယ်ဗျ။ ပုဆိုးမ၀တ်နိုင်အောင် ရိုက်တဲ့အ ခါမှာ ခေါင်းကို တုတ်တွေ၊ နံပါတ်တုတ် တွေ အခြားရဲတွေက ဆီးကြိုရိုက်တယ်။ ကျွန်တော့်ခေါင်းမှာ ဒဏ်ရာတွေက အခုထိ အကြီးကြီး ဖြစ်နေတယ်။ ဒဏ်ရာက အခုထိ မပျောက်သေးဘူး။ ဘုတွေ ကလည်း အပိန့်ထွက်နေပြီ။ ခေါင်းမှာ အခု အမာကြီးလိုဖြစ်နေတယ်။ ကျွန်တော် အဲ့လို အရိုက်ခံရရင်း ကားပေါ် ရောက်တော့မယ့်အချိန်မှာ ကျွန်တော် မူးလဲမတတ် ကို ဖြစ် သွားသေးတယ်။ ဘေးမှာ ကျွန်တော့်ကို ထမ်းထားတဲ့ ရဲတစ်ယောက်ရှိလို့ အဲ ဒီ့ရဲကို မှီပြီး ကျသွားတယ်။ အမှန်ဆို ကျွန်တော်မူးလဲပြီး
မေး – သာယာဝတီ အကျဉ်းထောင်ထဲမှာ ဘယ်လိုမျိုး ခံစားကြုံတွေခဲ့ရလဲ။
ဖြေ – အခက်အခဲတွေ အများကြီး ကြုံ တွေ့ခဲ့ရတယ်။ ကျွန်တော်တို့ ရောက် လာတဲ့ ထောင် ထဲ စရောက်ခါစတုန်း ကဆိုရင် အခက်အခဲတွေ အကြီးအကျယ်ကို ကြုံခဲ့ရတယ်။ မတ်လ ၁၀ ရက်နေ့တုန်းကဆိုရင် တစ်နေ့လုံး ထမင်းလည်း မစားရဘူး။ မနက်စာဆိုလည်း လက်ဖက်ရည်နဲ့ မုန့်ကိုပဲ သောက်ရသေးတယ်။ အဲ့အချိန်မှာ အခုလိုအရိုက်ခံရပြီး အဖမ်းခံခဲ့ရ၊ ဘာမှမစားရဘဲ ထောင်ထဲရောက်တယ်။ ထောင်ထဲရောက်ပြီးတဲ့ အခါကျတော့ ထမင်းလာကျွေးတယ်။ ထမင်းကလည်း မကောင်းဘူး။ ဆန်ကလည်း မကောင်းဘူး။ စားလို့မရအောင်ကိုပဲ။ ဟင်းကလည်း မပါတဲ့အတွက် ကျွန်တော်တစ်ရက်လုံး အစာငတ်သွားတယ်။ အစာငတ်ပြီး တစ်ကိုယ်လုံး ညောင်းကိုက်လို့ ညည်းညူနေရတယ်။ ဒဏ်ရာက နာတော့ တစ်ညလုံး အိပ်လို့မရဘူး။ အဲ့ဒီအတွက် မနက်ကို မြန်မြန်ရောက် ပါစေလို့ ဆုတောင်းနေရတယ်။ မနက်လင်းလို့ ဆန်ပြုတ် လာတိုက်တော့ ဆန်ပြုတ်က ဘာအရသာမှမရှိဘူး။ အဲ့ဒီတော့ သောက်မရဘူး။ နေ့လယ်မှ နောက်တစ်ခေါက် ဆန်ပြုတ် လာတိုက်တယ်။ အဲ့ဒီနေ့လယ်မှာပဲ ကျွန်တော်တို့ရဲ့ တိုက်ဘေးမှာ ဆေးရုံတက်နေတဲ့ အစ်ကိုကြီး တစ်ယောက်က ဆားတို့ ဟင်းချိုမှုန့်တို့ လာပေးတဲ့အတွက် ကျွန်တော် ခတ်သောက် ရတယ်။ ဆန်ပြုတ်သောက်ပြီး အဲ့ဒီထောင်ထဲက ဆေးရုံမှာ သုံးရက်လောက် တက်ရတယ်။ ကျွန်တော်တို့ကို ရုံးချိန်းတွေခေါ်တယ်။ ရုံချိန်းတွေ ဘာတွေခေါ်တဲ့အတွက် အစားအသောက်တွေ ရပြီး နေရတာ အဆင်ပြေလာတာခင်ဗျ။ နို့မို့ဆို အဆင်ပြေမှာ မဟုတ်ဘူး။ ထောင်ထမင်း ထောင်ဟင်းက စားလို့မရအောင်ကို တအားဆိုးတာဗျ။ အရသာလည်း မရှိဘူး။
မေး – နောက် ခြင်ထောင်တွေထောင်ခွင့်ရ တယ်။ အဲ့ဒီဟာက ဘာကြောင့်ပါလဲ။
ဖြေ – ဟုတ်ကဲ့ ခြင်ထောင်တောင်းတဲ့ ကိစ္စကလည်း ကျွန်တော်တို့ ထောင်ကြီး က ရေတွေ မသန့်ဘူး။ ကျွန်တော် တို့ အဆောင်ရဲ့ရှေ့မှာ ရေကန်ရှိ တယ်။ အဲ့ဒီရေကန်ကြီးကလည်း အမှိုက်တွေ ဘာတွေနဲ့ဆိုတော့ အကောင် တွေ ခြင်တွေ ဖြုတ်တွေပါ ထွက် တယ်။ ဖြုတ်တွေထွက်တယ်ဆိုတော့ အခုချိန်ကလည်း နွေရာသီဆိုတော့ ပတ်ပတ်လည်မှာ အုတ်တံတိုင်းတွေ ဖြစ်တဲ့အတွက် လေကမ၀င်ဘူး။ လေကလည်း မ၀င်၊ အကောင်တွေ ကလည်း ကိုက်တယ်။ နောက်ချိုးရေက မသန့်တော့ ယားနာတွေက ယားတယ်။ တစ်ကိုယ် လုံး ယားတယ်။ ချွေးတွေကလည်းထွက် အကောင်တွေကလည်း တစ်ချိန်လုံးကိုက်တယ်။ ဒီအတွက် ကျွန်တော်တို့ကို ခြင်ထောင်ပေးပါ၊ ခြင်ထောင်ပေးပါလို့ စကတည်း က အကြိမ်ကြိမ်ပြောခဲ့တယ်။ ကျွန်တော်တို့ ရုံးချိန်းထွက်တဲ့အချိန်မှာ ကျွန်တော်တို့ မီဒီယာ ကိုပြောတယ်။ မီဒီယာကိုပြောပြီးနောက် ကျွန်တော်တို့ ခြင်ထောင်ကိုရဖို့ကိစ္စ အကြိမ်ကြိမ်ပြောတယ်။ ပြောခဲ့တဲ့အခါမှာ နောက်ရက်ကျတော့ သူတို့က ကျွန်တော်တို့ မိဘတွေ ကိုယ့်ပိုက်ဆံနဲ့ကိုယ်ဝယ်ပြီး ခြင်ထောင်တွေကို ယူလာပေးတာ ဖြစ်တယ်။
မေး – အခု ရုံးချိန်း ဘယ်လောက်ကြာခဲ့သ လဲ။
ဖြေ – ရုံးချိန်း ၅ ချိန်းလောက်တောင်ကျော်တယ်ဗျ။
မေး – ဒီလိုရုံးချိန်းတွေ အများကြီးဝင်ခဲ့ပြီးမှ အခုနောက်မှာမှ ဘာလို့အာမခံရခဲ့လဲ။
ဖြေ – ကျွန်တော် အာမခံရတာကလည်း အဲ့ဒါအစကတည်းက ရရမှာဖြစ်တယ်။ ဘာဖြစ်လို့ ဆိုရင် ကျွန်တော် အသက် မပြည့်သေးဘူးဆိုတာ သူတို့သိတယ်။ ဒါပေမဲ့ ကျွန်တော့် ဓာတ်ပုံက ပြန့်နေတဲ့အ တွက် ကျွန်တော့်ကိုလွှတ်ရင် ပြဿနာ တက်မှာ စိုးတဲ့အတွက်၊ သူတို့ယူဆ တဲ့အတွက် သူတို့က ကျွန်တော့်ကို မလွှတ်တာဖြစ်တယ်။ ကျွန်တော့်ကို အခုလို လွှတ်တဲ့ အချိန်မှာလည်း အ သက်မပြည့်သေးတဲ့အတွက် တရား ရုံးမှာ စစ်လို့မရဘူး။ ကလေးသူငယ် ရုံးမှာ စစ်မယ်ဆိုပြီး ကျွန်တော့်ကို အာမခံလွှတ်ပြီး ကလေးသူငယ်ရုံးမှာ စစ်တယ်။ စစ်တယ်ဆိုပေမယ့် ပုဒ်မ တွေက အရင်အတိုင်းပဲ။ ပုဒ်မ-၅၀၅ (ခ) တို့ကလည်း မပြုတ်သေးဘူး။ အရင်စွဲဆိုထားတဲ့ ပုဒ်မတွေနဲ့စွဲထား ဆဲဖြစ်တယ်။
မေး – ထောင်ထဲမှာညီလေးနဲ့ရွယ်တူ အကသ ဘယ်နှယောက်ရှိလဲ။ လက်ရှိအချိန် မှာ သာယာဝတီထောင်ထဲမှာ ကျောင်း တက်ရမယ့်သူတွေ ဘယ်နှယောက် လောက် ရှိသေးလဲ။
ဖြေ – ကျောင်းတက်ရမှာက ၁၃ယောက် လောက် ကျန်သေးတယ်။ အဝေးသင် ကနဲ့ဆိုရင် ၁၃ ယောက် မကဘူး။ အဝေးသင်က ၁၁ ယောက်။ ကျွန် တော်တို့ အကသ အနေနဲ့ ၄ ယောက် ပါတယ်။ ၄ ယောက်က ဆယ်တန်း မဖြေလိုက်ရဘူး။ ကျွန်တော့်လိုပဲ။ သူတို့ကတော့ ရွှေဘိုခရိုင်အနေနဲ့ မ ဟုတ်ဘူး။ ရွှေဘိုခရိုင် အနေနဲ့ ကျွန် တော်တစ်ယောက်တည်း ပါလာတာ ဖြစ်တယ်။
မေး – ကျန်ခဲ့တဲ့ အကသတွေကကော သူ တို့အသက်တွေ ပြည့်ကြပြီလား။
ဖြေ – သူတို့လည်း မပြည်သေးဘူးဗျ။ သူတို့က ၁၇ နှစ်နဲ့ ၁၈ပြည့်ခါနီး ၀န်း ကျင်တွေဖြစ်တယ်ခင်ဗျ။ သူတို့က ဆယ်တန်းတွေလည်း ဖြစ်တယ်။ သူ တို့က ၁၇၊၁၈ ၀န်းကျင်ဖြစ်နေတဲ့အ တွက် ပြန်လွှတ်ဖို့ဆိုတာ အစိုးရပေါ်မူ တည်တယ်။
မေး – အခုကိုးတန်းစာမေးပွဲ မဖြေလိုက်ရ ဘူးဆိုတော့ ဒီနှစ် ကျောင်းပြန်တက်ဖို့ အစီအစဉ်ရှိသလား။
ဖြေ – ဒီနှစ်ကျောင်းပြန်တက်ဖို့ အစီအစဉ်ရှိပါတယ်။ အိုးဝေကျောင်းကနေပြီး ကျောင်းတက်ဖို့ အစီအစဉ်ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော် တရားစွဲခံထားရ တဲ့အတွက် တရားရင်ဆိုင်ရမှာ ဖြစ် တယ်။ ဒီလိုတရားရင်ဆိုင်ဖို့ တရား ရုံးချိန်းတွေ ပုံမှန်တက်ရမှာတို့ နောက် စစ်ဆေးပြီး ထောင်ကျနိုင်မှာတွေ ရှိ လာနိုင်တဲ့အတွက် ကျောင်းပြန်တက် ဖို့အတွက် သိပ်မသေချာဘူး ဖြစ်နေ တယ်။
မေး – အခုလို ပြန်လွှတ်တဲ့အပေါ် ဘာများ ပြောချင်လဲမသိဘူး။
ဖြေ – ကျွန်တော် အခုလို ထွက်ရတာ ကလည်း အသက်မပြည့်သေးလို့ ထွက်လာရတာဖြစ်တယ်။ သူတို့အ စိုးရက ကျွန်တော့်ကို လွှတ်ချင်လို့လွှတ် တာ မဟုတ်ဘူး။ အသက်မပြည့်သေး တဲ့ကိစ်္စကို ရှောင်လွှဲလို့မရတဲ့အတွက် လွှတ်ပေးတာဖြစ်တယ်။ တကယ် တမ်းကျရင် ကျွန်တော့်ကို ဆက်လက် ဖမ်းထားချင်တဲ့ ရည်ရွယ်ချက်ရှိတယ် လို့ သိရတယ်။ ဖမ်းထားဖို့ကိုလည်း အစီအစဉ်တွေ ရှိနေပါတယ်။ အသက် မပြည့်သေးတဲ့အတွက် ရှောင်လွှဲလို့ မရတဲ့အတွက် လွှတ်ပေးလိုက်ခြင်း ဖြစ်တယ်။ တကယ်တမ်း လက်ရှိအ စိုးရက စစ်တစ်ပိုင်းအစိုးရ ဖြစ်တယ်။ အရပ်သားအစိုးရ ပြည်သူ့အစိုးရ ဆိုပြီး သူတို့ကိုယ်သူတို့ လိမ်ညာခဲ့တယ်။ လူတွေကို လိမ်ညာခဲ့တယ်။ အဲဒီ့လို လိမ်ညာတဲ့ အချိန်မှာ ကျွန်တော်တို့ သပိတ်စစ်ကြောင်း စထွက်လာပြီး လက်ပံတန်းကိစ္စကနေ စတင်ပြီး သူ တို့အရပ်သားအစိုးရရဲ့ မျက်နှာဖုံးကြီး ကို ခွာချနိုင်ခဲ့တယ်။ ကျွန်တော်ကိုယ် တိုင်ကလည်း သူတို့မျက်နှာဖုံးကို ခွာ ချနိုင်တဲ့အတွက် သူတို့လုပ်ရပ်တွေ သူတို့မူဝါဒတွေ သူတို့မတရားဥပဒေ တွေက ဘယ်လိုလဲဆိုတာ သိလိုက် ရတယ်။ ကျွန်တော်တို့ကို စွပ်စွဲထား တာကလည်း မတရားဥပဒေဖြစ် တယ်။ မတရားဥပဒေ မတရားပုဒ်မ တွေနဲ့ စွဲထားခြင်းဖြစ်တယ်။ ပြည်သူ တွေအနေနဲ့ ကျောင်းသားတွေကို ဆက်လက်ဝန်းရံပေးဖို့ ဖိတ်ခေါ်လိုပါ တယ်။ ၀န်းရံဖို့လည်း လိုအပ်နေပါ တယ်။ ၀န်းရံနိုင်မှသာ တစည်းတလုံး တည်း ရှေ့ဆက်နိုင်မှာဖြစ်တယ်။ ကျွန်တော်တို့ အခြေခံကျောင်းသား အနေနဲ့လည်း တစည်းတလုံး တိုက်ပွဲဝင်ရမှာဖြစ်တဲ့အတွက် မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ အခြေခံကျောင်းသား တွေ အနေနဲ့ရော၊ တက္ကသိုလ်ကျောင်း သားတွေ အနေနဲ့ရော၊ ပြည်သူတစ် ရပ်လုံးအနေနဲ့ရော ကျွန်တော်တို့နဲ့ ထဲထဲဝင်ဝင် ပါဝင်ရမှာဖြစ်တယ်။ ဒီ အစိုးရက ပညာရေးကို လွတ်လပ်ခွင့် မပေးမချင်း ကျွန်တော်တို့ ပညာရေး မြှင့်တင်လာနိုင်ဖို့ဆိုတာမဖြစ်နိုင်ပါဘူး။
အခုလိုဖြေပေးတာ ကျေးဇူးတင်ပါတယ် …
// စိုင်းဟန် //
The Ladies News Journal
No comments:
Post a Comment