Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, May 18, 2015

ကိုယ့်အတွက်နဲ့တခြားသူကို စိတ်အနှောင့်အယှက် မဖြစ်စေချင်တဲ့ ထားထက်ထက်


ဒါရိုက်တာသားကြီးရိုက်ကူးနေတဲ့ 'ကြိုးနှင့်ချည် ထားသော ဗာရာဏသီ' ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ထားထက်ထက်က ဗေလုဝ၊ နေမျိုးအောင်၊ နေဒွေး၊ မြင့်မြင်ခိုင်၊ ခိုင်သင်းကြည်၊ ခိုင်နှင်းဝေ၊ စံရတီမိုးမြင့်၊ ခင်လှိုင်၊ ဒိန်းဒေါင်တို့နဲ့အတူ ပါဝင်သရုပ်ဆောင် ထားပါတယ်။ ဒီရုပ်ရှင်ကားကြီးက ခုခေတ်အချိန်ထိ ကျေးလက်ဒေသဘက်က လူတွေ အယူသီးပြီး အစွဲ ကြီးကြတဲ့ သဘောတရားတွေကို အခြေခံပြီး ဟာသ ပုံစံနှောကာ ရိုက်ကူးထားတဲ့ ကားကြီးဖြစ်ပါတယ်။ ဒီဇာတ်ကားကြီးမှာ ထားထက်ထက်က
"ထား ထက် ဒီကားထဲမှာ ဦးဒိန်းဒေါင်ရဲ့ သမီးနေ ရာက သရုပ်ဆောင် ရပါတယ်။ နာမည်က ပွားစိန်၊ စကားတအားများပြီး ပွားတဲ့ ကောင်မလေးတစ်ယောက်အသွင် သရုပ် ဆောင်ထားရတယ်။ဒီကားထဲမှာ ထားထက် အတွက် အခန်းကဏ္ဍ အများကြီးမဟုတ် ပါဘူး။ ဒီကားကြီး
အောင်မြင်ဖို့အတွက် ထားထက် တစ်ထောင့်တစ်နေရာကနေ ပါဝင် အားဖြည့်သွားမှာပါ။ ဒီကားထဲ မှာ ဝါရင့်သရုပ်ဆောင်တွေ၊ ထားထက် ရဲ့ စီနီယာတွေပါဝင်နေတော့ ထားထက် အတွက် သူတို့နဲ့ဇာတ်ကား အတူရိုက်ရင်း ပညာတွေပြန်သင်ယူရမှာပါ။ အဓိကက တော့
ကိုယ်တစ်ယောက်တည်းမင်းသမီးတစ် ယောက်အဖြစ် ထင်းထင်းလင်းလင်းကြီး ရိုက် ပြစရာလောက်ထိ မဟုတ်ပါဘူး။ ကိုယ် တကယ်ပါဝင်ရမယ့် အခန်းမှာ ကာရိုက်တာ မိဖို့နဲ့ အဝတ်အစားပိုင်းမှာ လိုက်ဖက်မှုရှိ အောင် ပြင်ဆင်ထားပါတယ်။ ဒီကားကြီး
အောင်မြင်မယ်လို့ ထားထက်ထင်ပါတယ်။ ဒီကားကြီးထဲမှာ ပါဝင်ကြတဲ့သရုပ် ဆောင် အားလုံးက အားကြိုးမာန်တက်ကြိုးစား ကြမယ့် သူတွေချည်းပါပဲ။ ကိုယ့်အတွက်နဲ့ တခြားသူ စိတ်အနှောင့်အယှက်မဖြစ် အောင် ကိုယ်ပါဝင်ရတဲ့ အခန်းမှာ ပီပြင် အောင်သရုပ်ဆောင်သွားမှာပါ"လို့ ပြော ပါတယ်။ ဒီရုပ်ရှင်ကားကြီးက ထားထက် ထက် အတွက်ဒုတိယ မြောက်ရုပ်ရှင် ကားကြီး ဖြစ်ပြီး ပထမဦးဆုံးအနေနဲ့ 'လူကြမ်း တစ်ယောက်ရဲ့ဒဏ္ဍာရီ' ရုပ်ရှင် ဇာတ်ကားကြီးမှာလည်း ပါဝင် သရုပ် ဆောင်ခဲ့ပါတယ်။
ဇင်မာနွယ်၊
ဓာတ်ပုံ-အောင်ဇော်မင်း
Popular Journal

No comments:

Post a Comment