Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, May 5, 2015

ဘတ်ဖလိုးမြို့နေ မြန်မာများနှင့် ရဲ၊ ဥပဒေပညာရှင်များ တွေ့ဆုံဆွေးနွေးမည်

နယူးယောက်ပြည်နယ် ဘတ်ဖလိုးမြို့တွင် ရောက်ရှိနေထိုင်ကြသော မြန်မာနိုင်ငံမှ တိုင်းရင်းသားများနှင့် နီပေါ၊ ဘူတန်အစရှိသည့်ကွန်မြူနတီအသီးသီးနှင့် ဘတ်ဖလိုးမြို့ ရဲဌာနမှအရာရှိများ ခရိုင်အစိုးရရှေ့နေချုပ်ရုံးမှ တာဝန်ရှိသူများအပါအဝင် WNYLC ဥပဒေ အကျိုးဆောင်အဖွဲ့မှ တာဝန်ရှိသူများသည် မေလ ၇ ရက်၊ ကြာသပတေးနေ့ ညနေ ၅ နာရီမှ ၇ နာရီအထိ တွေ့ဆုံဆွေးနွေးပွဲတစ်ရပ် ပြုလုပ်မည်ဖြစ်၍ စိတ်ပါဝင်စားသူ မည်သူမဆို တက်ရောက်နိုင်ကြောင်း သတင်းရရှိပါသည်။
ဘတ်ဖလိုးမြို့တွင် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်မည့် West Side Community Services Center အဆောက်အအုံ ဖြစ်ပါသည်။ဘတ်ဖလိုးမြို့တွင် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်မည့် West Side Community Services Center အဆောက်အအုံ ဖြစ်ပါသည်။နိုင်ငံခြားတိုင်းပြည်များမှ ရွှေ့ပြောင်းနေထိုင်သူများအတွက် ပညာပေးရေးအစီအစဉ်ကို မြန်မာလူမှုအသိုင်းအဝိုင်းကို ကူညီနေသော Burmese Community Services, Inc. ၊ ဘတ်ဖလိုးမြို့ ကရင်လူမှုအဖွဲ့အစည်း (Karen Society of Buffalo) နှင့် ဘတ်ဖလိုးမြို့ ဘူတန်-နိပေါလ် လူမှုအဖွဲ့အစည်းတို့ ပူးတွဲ စီစဉ်ခဲ့ခြင်း ဖြစ်၏။
အဓိကဆွေးနွေးမည့်အကြောင်းအရာများမှာ ရဲဌာန၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေနှင့် လူတဦးချင်းစီ၏ လုံခြုံရေးဆိုင်ရာ ကြိုတင် ကာကွယ်တားဆီးမှု အသိပညာပေးခြင်းကို ပထမ ဦးစားပေးဆွေးနွေးမည် ဖြစ်သည်။
နယူးယောက်ပြည်နယ် မြောက်ပိုင်း ဘတ်ဖလိုးမြို့နေ မြန်မာတိုင်းရင်းသားများအား ပစ်မှတ်ထားပြီး ဖောက်ထွင်းခိုးယူမှု၊ တိုက်ခိုက်လုယက်မှုများ ယမန်နှစ် အောက်တိုဘာလမှ စ၍ တိုးပွားလာသောကြောင့် ဘတ်ဖလိုးမြို့ ရဲဌာနသည် ကာကွယ်တားဆီးရေးနှင့် စုံစမ်းအရေးယူရေး လုပ်ဆောင်ချက်များ တိုးမြှင့်ခဲ့ရပါသည်။
မြန်မာတိုင်းရင်းသား သုံးဦးအပါအဝင် ရာဇဝတ်မှု ကျူးလွန်သူ ၇ ဦးကို ရဲက ဖမ်းဆီးခဲ့ပြီးနောက် ယခုနှစ် မတ်လမှ စတင်၍ မြန်မာများအပေါ် ကျူးလွန်မှု မရှိသလောက် ကျဆင်းသွားခဲ့ကြောင်း၊ ဧပြီလတွင် တစ်မှုမှ မရှိကြောင်း BCS ဥက္ကဋ္ဌ ဦးစတီဗင် စန်းယုက ကမ္ဘာသစ်မီဒီယာသို့ ပြောကြားသည်။
ဘတ်ဖလိုးရဲဌာနသည် မြို့နေ မြန်မာတိုင်းရင်းသားများ၊ နိပေါလ်-ဘူတန်လူမျိုးများနှင့် ပိုမို ရင်းနှီးစွာ ထိတွေ့ဆက်ဆံ၍ ၎င်းတို့၏ လုပ်ဆောင်ချက်များကို ပိုမို နားလည်လာစေရန် ရှင်းလင်း ဟောပြောမည် ဖြစ်သည်။
မြန်မာတိုင်းရင်းသားများသည် အမေရိကန် ဘဏ်စနစ်ကို နားမလည်သောကြောင့် ငွေကြေးကို ဘဏ်တွင် အပ်နှံခြင်း မပြုဘဲ နေအိမ်မှာသာ သိမ်းဆည်းထားခြင်းသည် မသမာသူများအတွက် အကြိုက်တွေ့စရာ ဖြစ်နေပါသည်။ ထို့ကြောင့်၊ စားသုံးသူပြည်သူများ၏ ခရက်ဒစ်ဆိုင်ရာကိစ္စများ ဘဏ်နှင့် ပတ်သက်သော ငွေကြေးဆိုင်ရာ ကိစ္စများကိုလည်း ဘဏ်လုပ်ငန်းမှ တာဝန်ရှိသူများက ဟောပြော အသိပညာပေးမည်ဟု သိရသည်။
ထို့ပြင်၊ ရှေ့နေများကလည်း ကြွေးမြီကိစ္စ၊ အိမ်ဝယ်ခြင်း၊ အိမ်ရောင်းခြင်း စသည့် သိသင့်သော ဥပဒေများကို ရှင်းလင်းပြောကြားမည် ဖြစ်၏။
အင်္ဂလိပ်ဘာသာဖြင့် ဟောပြော ဆွေးနွေးချက်များအတွက် မြန်မာ၊ ကရင်၊ ကရင်နီ၊ ဘူတန်၊ နိပေါလ် အစရှိသော ဘာသာပြန်များကို စီစဉ်ပေးမည်ဟု သိရသည်။
နေ့ရက် မေလ ၅ ရက်၊ ကြာသပတေးနေ့
အချိန် ညနေ ၅ နာရီ မှ ၇ နာရီအထိ
နေရာ West Side Community Services Center
161 Vermont St Buffalo, NY 14213
ဆက်သွယ်ရန် Steven Sanyu (Burmese) 716-308-4338
Daniel Leong (Karen) 716-563-9663


http://kabarthit.com/index.php?option=com_content&view=article&id=641:2015-05-03-23-19-29&catid=8:2013-10-13-17-09-02&Itemid=214

No comments:

Post a Comment