Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, May 18, 2015

ရွှေ့ပြောင်းအခြေချလှေပေါ်တွင် အစားအစာလုရင်း သတ်ဖြတ်မှုများဖြစ်ပွားကာ လူ ၁၀၀ နီးပါးသေဆုံး

Monday, May 18, 2015 ပင်လယ်ကိုဖြတ်၍ နိုင်ငံရွှေ့ပြောင်းအခြေချမည့် လှေပေါ်တွင် လိုက်ပါလာသော လူများ လက်ကျန်အစားအစာကို အချင်းချင်း လုယက်မှုကြရာမှ သတ်ဖြတ်မှု များဖြစ်ပွားကာ လူ ၁၀၀ နီးပါးသေဆုံးကြောင်း အင်ဒိုနီးရှားကမ်းလွန်တွင် နစ်မြုပ်မည့်ဘေးမှ ကယ်ဆယ်ခဲ့ရသည့် ရွှေ့ပြောင်းလှေတွင် ပါရှိသူများ ကပြောကြ သည်။
အသက်ရှင်ကျန်ရစ်ခဲ့သူများက ယင်းလှေပေါ်ရှိ ခြောက်ခြားဖွယ်အဖြစ်အပျက် အခြေအနေများကို ပြောကြခြင်းဖြစ်သည်။ လှေပေါ်ရှိ လူများအချင်ချင်း ဓားဖြင့် ထိုးခုတ်ကြပုံ၊ ကြိုးကွင်းစွပ်သတ်ပုံ၊ ပင်လယ်ထဲပစ်ချသတ်ပုံကို လူသုံးဦးက သီးခြားစီ ပြောပြခဲ့ကြသည်။ ၎င်းတို့၏ ပြောကြားချက်ကို အတည်ပြုနိုင်မည် မဟုတ်ကြောင်း ဘီဘီစီမှ မာတင်ပေးရှန့်စ်က ပြောကြားခဲ့သည်။ သို့သော်လည်း လူသုံးဦးစလုံး၏ ပြောကြားချက်တို့မှာ တူညီမှုရှိနေကြောင်းတွေ့ရှိ ခဲ့သည် ဆိုသည်။
၎င်းတို့၏ ပြောကြားချက်များအတိုင်း မှန်ကန်ပါက အကျပ်အတည်း အဖြေရှာရေး အာရှနိုင်ငံများအပေါ် နိုင်ငံတကာမှ ဖိအားပေးမှု ကြီးမားလာဖွယ်ရှိသည်။
မြန်မာနှင့် ဘင်္ဂလားတို့မှ ရွှေ့ပြောင်းအခြေချသူ ၇၀၀ မှာ ယခုအခါ အင်ဒိုနီးရှားနိုင်ငံ အာဏာပိုင်များက စောင့်ရှောက်ထားသည်။
နိုင်ငံများက ကမ်းကပ်ခွင့် မပေးသဖြင့် အရှေ့တောင်အာရှ ပင်လယ်ပြင်အတွင်း ရွက်လွှင့်နေရသည့် ရွှေ့ပြောင်းအခြေချသူထောင်ပေါင်းများစွာရှိနေကြောင်း ခန့်မှန်းထားသည်။
Ref: BBC
Miziima

No comments:

Post a Comment