Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, May 9, 2015

ကမ္ဘာပေါ်က လည်ပတ်ချင်စရာ အကောင်းဆုံး ၁၀ နိုင်ငံ

ကမ္ဘာပေါ်က လည်ပတ်ချင်စရာ အကောင်းဆုံး ၁၀ နိုင်ငံ
နှစ်နှစ်တစ်ကြိမ်ကျင်းပတဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ်ရဲ့ ခရီးသွားလာရေး အစီရင်ခံစာအရ လက်ရှိအချိန် ကမ္ဘာမှာ လည်ပတ်ချင်စရာအကောင်းဆုံးမြို့တွေကို ရွေးထုတ်ပေးလိုက်ပါတယ်။ ဈေးနှုန်းမျှတမှု၊ လုံခြုံစိတ်ချရမှုနဲ့ အခြေခံအဆောက်အဦတွေရှိမှု၊ ရှေးဟောင်းယဉ်ကျေးမှုတွေ ထိန်းသိမ်းမှုတို့အပေါ် အခြေခံပြီး တွက်ချက်ထားတာ ဖြစ်ပါတယ်။


၁၀။ ကနေဒါက နံပတ် ၁၀ ချိတ်ပါတယ်။ တစ်နှစ်ကို ကမ္ဘာလှည့်ခရီးသည် ၁၇ သန်းလောက်ဝင်လေ့ရှိပြီး လေဆိပ်ဆောက်လုပ်ထားမှုက ကမ္ဘာပေါ်မှာ အကောင်းဆုံးလို့ ပြောပါတယ်။

၉။ ဂျပန်ကတော့ နံပတ် ၉ ပါ။ ဘယ်နေရာမှာမှ မတွေ့နိုင်တဲ့ ရိုးရာဓလေ့တွေကို ဂျပန်မှာ တွေ့နိုင်ပါတယ်။

၈။ ဥရောပက နာမည်ကျော်အီတလီကတော့ နံပတ် ၈ ပါ။ ယဉ်ကျေးမှု အမွေအနှစ်ထိန်းသိမ်းတဲ့နေရာမှလည်း အကောင်းဆုံးနိုင်ငံဖြစ်ပါတယ်။ ရှေးဟောင်း အဆောက်အဦတွေဟာ လေ့လာလို့တောင် မကုန်နိုင်ပါဘူး။

၇။  သဘာဝအလှအပတွေ ရှိတဲ့နေရာမှာ သြစတြေးလျက ကမ္ဘာ့နံပတ် ၂ ဖြစ်ပါတယ်။ ခရီးသွားလည်ပတ်ဖို့ အကောင်းဆုံး နိုင်ငံတွေထဲက တစ်ခုပါ။

၆။ ဆွစ်ဇာလန်မှာ လူမှုနေထိုင်မှုစရိတ် ကြီးမြင့်ပေမယ့်လည်း တစ်နှစ်ကို ကမ္ဘာလှည့်ခရီးသည် ၉ သန်းလောက် ဆွဲဆောင်ထားနိုင်ပါတယ်။ လုံခြုံစိတ်ချရမှု ရှိတဲ့နေရာမှာလည်း ထိပ်တန်းနိုင်ငံ ဖြစ်ပတယ်။

၅။ ယူကေ လို့ခေါ်တဲ့ အင်္ဂလန်ကတော့ နံပတ် ၅ နေရာမှာရှိပါတယ်။ ရှေးဟောင်းအဆောက်အဦတွေနဲ့ ယဉ်ကျေးမှု ထိန်းသိမ်းတဲ့နေရာမှာထိပ်သီးနိုင်ငံဖြစ်ပါတယ်။ တစ်နှစ်ကို ဧည့်သည် ၂၉ သန်းလောက် ဝင်နေတဲ့ နိုင်ငံပါ။

၎။ ခရီးသွားတွေအတွက် လိုအပ်တဲ့ အခြေခံအဆောက်အဦတွေထားရှိမှု အပိုင်းမှာ အမေရိကန်က ကမ္ဘာ့နံပတ် ၃ ဖြစ်ပါတယ်။ တစ်နှစ်ကို ၆၇ သန်းလောက် ခရီးသွားတွေ ဝင်နေတဲ့နိုင်ငံဖြစ်ပါတယ်။

၃။ ဥရောပထိပ်သီးဂျာမနီကိုတော့ တစ်နှစ်ကို ဧည့်သည် သန်း ၃၀ လောက်ဝင်ပါတယ်။ ပတ်ဝန်းကျင် ထိန်းသိမ်းမှု အားကောင်းတဲ့ နိုင်ငံဖြစ်သလို ကျန်းမာရေးအတွက်လည်း အားပေးကူညီတဲ့ နိုင်ငံဖြစ်ပါတယ်။

၂။ ပြင်သစ်က ပါရီမြိုပလက်ဖောင်းတွေမှာ လမ်းလျှောက်ရတဲ့ အရသာကို ခရီးသွားတွေ အကုန်နှစ်သက်ကြပါတယ်။ လေ့လာစရာ ရှေးဟောင်းယဉ်ကျေးမှုတွေ များစွာရှိပြီး တစ်နှစ်ကို ခရီးသည် ၈၃ သန်းလောက် ဝင်နေတဲ့ နိုင်ငံဖြစ်ပါတယ်။

၁။ နံပတ် ၁ နေရာမှာတော့ စပိန်ဖြစ်ပါတယ်။ ယဉ်ကျေးမှုအဆောက်အဦတွေရှိမှု အပိုင်းမှာ စပိန်က နံပတ်၁ လည်းဖြစ်လာပါတယ်။ ကမ္ဘာလှည့်ခရီးသွားတွေအတွက် ဝန်ဆောင်မှုပေးနိုင်တဲ့အဆင့်မှာတော့ နံပတ် ၆ နေရာမှာ ရှိပါတယ်။

ဒီနိုင်ငံတွေကတော့ ကမ္ဘာပေါ်မှာ သွားရောက်လည်ပတ်လို့ အဆင်အပြေဆုံး နိုင်ငံတွေ ဖြစ်ပါတယ်။

Ref - telegraph
http://www.planet.com.mm

No comments:

Post a Comment