Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, May 14, 2015

သင့်ဘ၀တစ်လျှောက် ဗဟုသုတဖြစ်ဖွယ်နဲ့ မှတ်သားထားသင့်တဲ့ အချက်များ


ဘ၀တစ်လျှောက်မှာ သင်ဟာ လှပတဲ့ ကောင်မလေးကို ငမ်းကြည့်ရင်းနဲ့ အချိန်ကုန်ဆုံးတာ ဘယ်လောက်ရှိသလဲ သိပါသလား။ သုတေသနအကြိမ်ပါင်းများစွာ လုပ်ဆောင်ရာကနေ ထွက်ပေါ်လာတဲ့ အောက်ပါ စိတ်ဝင်စားစရာအချက်တွေက သင်သတိမပြုမိဘဲ ဘ၀တစ်လျှောက် သင်လုပ်လာခဲ့တဲ့ အကြောင်းအရာလေးတွေ၊ အဖြစ်အပျက်လေးတွေပဲဖြစ်ပါတယ်။

၁။ ပျမ်းမျှလူတစ်ယောက်ဟာ သူ့ဘ၀သတမ်းမှာ အကြိမ်ပေါင်း ၂၅၀၀၀၀လောက် သမ်းဝေပါတယ်။

၂။ပျမ်းမျှအားဖြင့် အမေရိကန်နိုင်ငံက လူတစ်ဦးတိုင်းဟာ ဘ၀သက်တမ်းတစ်ခုမှာ အစားအစာ တန်ပေါင်း ၃၅တန် စားသုံးကြပါတယ်။

၃။ လူတစ်ယောက်ရဲ့ဘ၀မှာ အရေပြားဟာ အကြိမ်ပေါင်း ၉၀၀ အစားထိုး လဲလှယ်ပါတယ်။

၎။ သင့်ဘ၀ သက်တမ်းတစ်လျှောက် ပျမ်းမျှအားဖြင့် တံတွေးတွေ သင့်ပါးစပ်ကနေထွက်တာဟာ ရေကူးကန်နှစ်ခုကို ဖြည့်နိုင်လောက်အောင်ကိုများပါတယ်။

၅။ ပျမ်းမျှအားဖြင့် လူတစ်ယောက်ဟာ သူ့ဘ၀တစ်လျှောက်မှာ ၃ လလောက်က အိမ်သာမှာ ထိုင်ရင်း အချိန်ကုန်ပါတယ်။

၆။ဘ၀ တစ်လျှောက်မှာ သာမန်လူတစ်ယောက်ဟာ ခြေလှမ်းပေါင်း ၁၈၃ ၇၅၅ ၆၀၀ လှမ်းပါတယ်။

၇။ စစ်တမ်းကောက်ချက်အရ တွေ့ရှိရတာကတော့ အမျိုးသားများဟာ သူတို့အသက်ရှင်တဲ့ ကာလတစ်လျှောက်မှာ တစ်နှစ်နီးပါးက အမျိုးသမီးတွေကို ငမ်းကြည့်ရင်း အချိန်ကုန်ဆုံးကြပါတယ်။

၈။ ပျမ်းမျှ အမေရိကန်လူမျိုးတွေဟာ သူတို့ဘ၀သက်တမ်းရဲ့ ၅ နှစ်လောက်ကို ဖုန်းပြော၊ ဖုန်းသုံးရင်း အချိန်ကုန်ကြပါတယ်။

၉။ တစ်နေ့ကို သုံးနာရီနှင့်အထက်ကြာကြာထိုင်ခြင်းဟာ လူ့သက်တမ်းကို တိုစေပါတယ်။

၁၀။ အမျိုးသားတွေဟာ သူတို့ဘ၀ သက်တမ်းတစ်လျှောက်မှာ ၆ လနီးပါးက မုတ်ဆိတ်မွေးရိတ်ရင်းနဲ့ အချိန်ကုန်ဆုံးပါတယ်။

၁၁။ လေ့လာမှုအရ တစ်ညကို အိပ်ချိန် ၇နာရီအောက်လျော့နည်းရင် လူ့ဘ၀သက်တမ်းတို သွားကြောင်း တွေ့ရပါတယ်။

၁၂။ အမျိုးသမီးတွေဟာ ဘ၀နေထိုင်မှုတစ်လျှောက် စုစုပေါင်း ၄ နှစ်ကျော်ကျော်လောက်ကို ရာသီလာခြင်းနဲ့ ရင်ဆိုင်ကြရပါတယ်။

၁၃။ဗြိတိန်အမျိုးသမီးတစ်ဦးအတွက် ဘ၀တစ်လျှောက်ပျမ်းမျှ မိတ်ကပ်လိမ်းခြယ်ဖို့ အမေရိကန်ဒေါ်လာ ၁၆၀ ၀၀၀ ကုန်ကျပါတယ်။

၁၄။ အမျိုးသမီးတွေဟာ ဘ၀နေထိုင်မှုတစ်လျှောက်ရဲ့ တစ်နှစ်လောက်ကို ဘာအ၀တ်အစားတွေ ၀တ်ရမလဲလို့ ဆုံးဖြတ်နေရတာနဲ့ အချိန်ကုန်ကြပါတယ်။

၁၅။ လူသားတွေဟာ ပျမ်းမျှလူ့သက်တမ်းအားဖြင့်ဘ၀ရဲ့ ၂၅နှစ်လောက်ကို အိပ်ခြင်းနဲ့ အချိန်ကုန်ဆုံးကြပါတယ်။ အဲအချိန်ထဲမှာမှ ၆နှစ်လောက်ကို အိပ်မက်မက်ရင်း အချိန်ကုန်ဆုံးပါတယ်။

၁၆။ ပျမ်းမျှသာမန်လူတစ်ယောက်ဟာ ဘ၀သက်တမ်းတစ်ခုမှာ မိုင်ပေါင်း ၇၅၀၀၀(၁၂၀၀၀၀ ကီလိုမီတာ) လမ်းလျှောက်ပါတယ်။ ဒီအကွာအဝေးဟာ သင် ကမ္ဘာကြီးကို ၅ ကြိမ်ပတ်ပြီး လမ်းလျှောက်တာနဲ့ ညီမျှပါတယ်။
http://www.trend.com.mm/2015/05/13/lifestyle-6594

No comments:

Post a Comment