Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, May 7, 2015

အငြိမ်းစားဗိုလ်ချုပ်မှူးကြီးသန်းရွှေကိစ္စ သမ္မတဦးသိန်းစိန်နှင့်သူရဦးရွှေမန်း အကြား အငြင်းပွားနေ


လက်ရှိ အစိုးရအဖွဲ့အား ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ မှ အကြံပေးမှုများ ရှိသည်ဆိုခြင်း အပေါ် သမ္မတဦးသိန်းစိန်နှင့် ပြည် ထောင်စုလွှတ်တော်နာယက သူရ ဦးရွှေမန်းအကြား အငြင်းပွားဖွယ် ဖြစ်နေကြောင်း ပြည်ပသတင်းဌာန များ၏ အဆိုအရ သိရသည်။
သမ္မတဦးသိန်းစိန်သည် ဂျပန် သတင်းဌာနတစ်ခုဖြစ်သော မိုအိ နီချိရှင်သတင်းဌာနနှင့် သီးသန့်တွေ့ ဆုံရာတွင် မိမိသည် အသက်(၇ဝ) ရှိပြီး ကျန်းမာရေးနှင့် နှလုံးအခြေ အနေ မကောင်းမွန်သည့်အတွက် ဖြစ်နိုင်လျှင် အနားယူလိုသော်လည်း တိုင်းပြည်၏အခြေအနေ၊ လူထုအ ခြေအနေကို ထည့်သွင်းစဉ်းစားရ မည်ဖြစ်ပြီး မိမိတို့အား ဗိုလ်ချုပ်မှူး ကြီးသန်းရွှေမှ အကြံကောင်းများ ပေးသကဲ့သို့ နောက်ခေါင်းဆောင် များကိုလည်း မိမိအနေဖြင့် အကြံ ပေးသွားမည်ဟု ပြောဆိုခဲ့သည်။
အဆိုပါ ပြောဆိုခဲ့မှုအပေါ် လက်ရှိ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ လည်းဖြစ်၊ ပြည်ထောင်စုလွှတ်တော် ၏ နာယကလည်းဖြစ်သူ သူရဦးရွှေ မန်းက အာရ်အက်ဖ်အေ သတင်း ဌာနနှင့် တွေ့ဆုံရာတွင် မဟုတ်မှန် ကြောင်း ပြောဆိုခဲ့သည်။
မတ်လ ပထမပတ် အမေရိ ကန်ခရီးစဉ်အတွင်း အာရ်အက်ဖ် အေသတင်းဌာနနှင့် တွေ့ဆုံရာ သူရ ဦးရွှေမန်းက ''ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်တဲ့အခါ တပ်မတော်အ စိုးရလက်ထက်က လေးစားခဲ့တာ မှန်ပါတယ်။ ယနေ့အစိုးရလက် ထက် လွှတ်တော်ပေါ်မှာရော၊ အစိုး ရအဖွဲ့မှာရော၊ အခြားသက်ဆိုင်တဲ့ အဖွဲ့တွေမှာရော ဗိုလ်ချုပ်မှူးကြီး သန်းရွှေအနေနဲ့ ပါဝင်ပတ်သက်ခြင်း မရှိဘူး''ဟု ငြင်းဆိုဖြေရှင်းခဲ့သည်။
အဆိုပါကိစ္စရပ်နှင့် ပတ်သက် ပြီး ပြည်တွင်းပြည်ပ နိုင်ငံရေးလေ့ လာသုံးသပ်သူများအကြားတွင် လက် ရှိအစိုးရအဖွဲ့၏ နောက်ကွယ်တွင် ကြိုးကိုင်သူအဖြစ် ဗိုလ်ချုပ်မှူးကြီး ဟောင်း ဦးသန်းရွှေရှိနေသည်ဟု ထင်ကြေးပေးမှုများ ရှိခဲ့ဖူးသည်။
ယခင်တပ်မတော်အစိုးရလက် ထက်တွင် သြဇာညောင်းသော သုံး ယောက်မြောက်ခေါင်းဆောင် အ ဖြစ် လူသိများသည့် ဗိုလ်ချုပ်ကြီး ဟောင်း၊ လက်ရှိလွှတ်တော်အကြီး အကဲ သူရဦးရွှေမန်းသည် လက်ရှိ ပြည်ခိုင်ဖြိုးပါတီတွင် မူလဥက္ကဋ္ဌဖြစ် သူ သမ္မတဦးသိန်းစိန်၏ နေရာတွင် ရှိနေသည်။
( ကျော်စိုးဦး - TheYangonTimes)

No comments:

Post a Comment