Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, May 14, 2015

ပင်လယ်​ထဲ​က ဒုက္ခ​သည်​တွေ​ကို ကူ​မယ်​လို့ ထိုင်း​က​မ်းလှမ်း

ထိုင်း၊ မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံတွေမှာ မြန်မာနိုင်ငံက ရိုဟင်ဂျာ ဒုက္ခသည်တွေ ထောင်နဲ့ချီပြီး ရောက်လာနေ တဲ့အတွက် ဒီအရေးကို ဝိုင်းဝန်းဖြေရှင်းကြဖို့ ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းတွေက ဝိုင်းဝန်း တိုက်တွန်း နေပါတယ်။
Andaman ပင်လယ် ပြင် မှာ မျောပါ နေတဲ့ လှေစင်းလုံးပြည့် ရွှေ့ပြောင်းသူ တွေ ဟာ အကူအညီ တွေ အရေးတကြီး လိုအပ် နေတဲ့ အတွက် ထိုင်း အစိုးရ က လက်ခံမယ့် အကြောင်း ကမ်းလှမ်း ခဲ့တယ် လို့ လူ ရွှေ့ပြောင်း ဝင်ရောက်မှု ဆိုင်ရာ နိုင်ငံတကာ အဖွဲ့ IOM က ပြောပါတယ်။

ဒါ ပေမယ့် အဲဒီ့ သူတွေ ဟာ ထိုင်း နိုင်ငံ ကို ဝင်ရောက် ရင် ထိန်းသိမ်းခံ ရမှာ ကို စိုးရိမ် တဲ့ အတွက် သူတို့ ရောက်ဖို့ ရည်ရွယ် ကြိုးစား နေတဲ့ မလေးရှား ကိုပဲ ဆက်လက် သွားလို နေကြတယ် ဆိုပြီး IOM ပြောခွင့်ရ Jeff Labovitz က ဘီဘီစီ ကို ပြောပါတယ်။

မလေးရှား နဲ့ အင်ဒိုနီးရှား နိုင်ငံ တွေ ဟာ အဲဒီလို လှေမျိုး တွေ ကို ပြန်လည် နှင်ထုတ် တာမျိုး စတင် လုပ်ဆောင် လာခဲ့ ကြပြီး အခုဆို ပင်လယ်ပြင် မှာ ရွှေ့ပြောင်း ဝင်ရောက် သူတွေ ထောင်နဲ့ ချီပြီး ရှိနေ နိုင်ပါတယ်။

အဲဒီလို နှင်ထုတ် မှုတွေ အပေါ် ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် ဘဲန်ကီမွန်းက အထူး စိုးရိမ်ပြီး ပင်လယ်ပြင် မှာ ဒုက္ခ ရောက် နေသူ တွေ ကို ကယ်ဆယ်ရမယ့် ဝတ္တရား အပေါ် မပျက်ကွက် ကြဖို့ လည်း တိုက်တွန်း တယ်လို့ မစ္စတာ ဘဲန် ရဲ့ ပြောခွင့်ရ စတယ်ဖန် ဒူဂျာရစ် က ပြောပါတယ်။

လူမှောင်ခို တွေ က စွန့်ပစ် ထားခဲ့လို့ ပင်လယ်ပြင် ထဲမှာ လှေအို လှေဟောင်းတွေ နဲ့ မျောပါ နေကြရသူ တွေကို အရှေ့တောင် အာရှ ဒေသတွင်း နိုင်ငံတွေ ပူးပေါင်းပြီး ကယ်ဆယ် ကြပါ ဆိုပြီးတော့ အမေရိကန် ပြည်ထောင်စု ကလည်း တောင်းဆို လိုက်ပါတယ်။

BBC Burmese
http://www.bbc.com/burmese

No comments:

Post a Comment