Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, May 18, 2015

ရွှေတိဂုံနှင့်ဒဂုံစီးတီး (၇)

ကျွန်တော့်ရဲ့ပထမမဟာဘွဲ့ယူစာတမ်း ကိုမြေပြိုကျခြင်း (landslid) နဲ့တင်ခဲ့တယ်၊ ဒုတိယဘွဲ့ကိုလည်း landslide နဲ့ထပ်တင်တယ် ၊ တတိယဘွဲ့ကိုလည်း landslide နဲ့ထပ်တင်ဖို့လုပ်နေတယ်။ အဲ့ဒိတော့အခုရက်တွေ အိပ်မက်မက်ရင်တောင် ရွှေတိဂုံဘုရားကြီးရဲ့ကုန်းတော်ပြိုလို့ဆိုအိပ်မက်မက်ခဲ့တယ်။ တကယ်လည်းရွှေတိဂုံဘုရားအတွက် အကြီးမားဆုံးအန္တရာယ်ဟာ ကုန်းတော်ပြိုကျခြင်းပါဘဲ ။ အရင်ကလည်းပြိုခဲ့ဖူးတယ်လို့သိမှီသူတွေကပြောကြတယ်။ အပူပိုင်းမုတ်သုန်ရာသီဥတုမှာရှိတဲ့ကျောက်ပျော့သား (soft rock) ကုန်းမြေတွေဟာလျောစောက် (slope) ၁၅ ဒီဂရီ ရှိရုံနဲ့ကိုပြိုတတ်ကြပါတယ်။ အပိုင်း ၁ မှာဖေါ်ပြခဲ့သလိုပါဘဲ တချို့ slope တွေဟာ သဘာဝပေါက်ပင်တွေက မြေထိန်းနံရံ (retaining wall ) သို့မဟုတ် မြေထိန်းဇကာ (slope net) တွေလိုတောင့်ခံထားလို့မြေမပြိုတာဖြစ်ပါတယ် ။ landslide အမျိုးမျိုးကို ပုံ (၁) မှာဖေါ်ပြထားပါတယ်။
-
landslide ဖြစ်ပေါ်ပုံခြင်းမှာ mechanism 3 မျိုးရှိပါတယ် rotational side, translational slide နဲ့toppling တို့ဖြစ်ပါတယ် ။ ပုံ (၃) ပါ rotational slide ကို soft rock ဒါမှမဟုတ် soil slope တွေမှာတွေ့ရပြီး translational slide နဲ့ toppling failure ကိုတော့ hard rock တွေမှာတွေ့ရပါတယ်။ ရွှေတိဂုံကုန်းတော်ဟာ soft rock ဖြစ်လို့ rotational slide နဲ့ပြို နိုင်တာပါ ။ translational slide နဲ့ toppling ကိုတော့ ကျိုက်ထီးရိုးတက်တဲ့ လမ်းတလျောက်မှာတွေ့နိုင်ပါတယ်။ လူတွေတည်ထားကိုးကွယ်တဲ့စေတီတွေ ဖြစ်နေလို့ နတ်တွေသိကြားတွေကစောင့်ရှောက်တယ်ဆိုတာထက် လူတွေကစောင့်ရှောက်ရင်ပိုသင့်တော်ပါလိမ့်မယ် ။ ပိုအကျိုးရှိပါလိမ့်မယ်။ 
-
Translational slide တွေကို force equilibrium method တွေနဲ့တွက်ချက်ယူပြီး rotational slide ကိုတော့ moment equilibrium method နဲ့တွက်ယူပါတယ်။ rotational slide မှာ slide ဖြစ်တော့မယ်ဆိုရင် slip plane တွေဦးစွာဖြစ်လာပါတယ်။ slip plane ဘယ်လိုပုံဖြစ်မလဲဆိုတာကတော့ ကုန်းမြေရဲ့အမြင့် ၊ slope angle နဲ့ မြေသားရဲ့ခံနိုင်ရည် (shear strength) နဲ့ သိပ်သည်းစ (density) တို့ပေါ်မှာမူတည်နေပါတယ် ။ ပုံ ၂ မှာဖေါ်ပြထားပါတယ် ။ rotational slide ကို ကိုတွက်ချက်တဲ့ နည်း ၁၀ခုထက်မနည်း ရှိပါတယ်။ အဲ့ဒိထဲမှာတော့ slice method တစ်ခုကိုမိတ်ဆက်ပေးပါရစေ ။ ပုံ (၄) ကိုကြည့်ပါ။ slope တစ်ခုကို slice တွေခွဲပြီး အဲ့ဒိ slice တစ်ခုခြင်းစီရဲ့ driving moment နဲ့resisting moment ကိုရှာရတာပါ ။ အရောင်ချယ်ထားတဲ့ slice အတွက်သူ့ရဲ့အပေါ်ကို slice က driving moment ဖြစ်ပြီး အောက်က slice ကတော့ resisting moment ဖြစ်ပါတယ်။ ကဲ ... ဒဂုံစီးတီးဆောက်လို့မြေအောက်ရေပြင်နိမ့်ကျသွားပါမယ်တဲ့ အောက်က slice က သူ့ရဲ့ density ကျသွားပါမယ် ။ density ကျသွားခြင်းဖြင့် resisting moment ကျသွားမယ်လို့တွက်ယူပြီး landslide ဖြစ်နိုင်ဖို့အလားအလာအများကြီးရှိပါတယ် ။ အခုခေတ်မှာ 3D Finite element software တွေအများကြီးရှိနေတဲ့ အတွက် developer အနေနဲ့သက်သေပြဖို့တွက်ကြည့်လိုက်ပါ ။ Investigation cost အပါအ၀င် analysis cost ဟာ Project cost ရဲ့ ၀.၁ ရာခိုင်နှုန်းတောင်ရှိမယ်မထင်ပါဘူး။ 
-
ကျွန်တော်မှာ့ကြောက်ရမဲ့ အကြောင်းအရင်းတစ်ခုရှိပါတယ် ။ မလေးရှားက Highland Tower ဟာ ၁၉၈၂ ခုနှစ်မှာဆောက်လို့ပြီးစီးခဲ့ပြီး ၁၉၉၃ ခုနှစ်မှာပြိုကျခဲ့ပါတယ် ။ ပုံ (၅)
၁၀ ကျော်ကြာမှပြိုတာပါ ။ ပြိုကျရခြင်းအကြောင်းအရင်းက နောက်ဘက်မှာ ရှိတဲ့ slope ပြိုလို့ပါ ။ slope ပြိုရတဲ့အဓိကအကြောင်းအရင်းက upper slope မှာစီမံကိန်း တစ်ခုအတွက် တောရှင်းခြင်းကြောင့်ပါ။ ပုံ (၆) မှာတောရှင်းထားတာကိုမြင်နိုင်ပါတယ်။ အဲ့ဒိတောင်ဟာ နှမ်းဖတ်ကျောက်(granite)များနဲ့ဖွဲ့စည်းထားတာပါ ။ ဒါပေမဲ့ အပေါ်ယံကတော့ granite က ဖြစ်လာတဲ့ clayey sand ပါ ။ ရွှေတိဂုံကုန်းတော်နဲ့အခုဆောက်လုပ်ရေးလုပ်ငန်းကမြေမျိုးပါ။ အပူပိုင်းမုတ်သုန်ရာသီဥတုမို့မိုးရွာတဲ့အချိန်မှာမိုးရေများဟာ အပြောင်ရှင်းထားတဲ့နေရာကနေ အကုန်စီးဝင်ပါတယ်။ clayey sand ဆိုတဲ့မြေမျိုးကလည်း ရေစိမ့်ဝင်ရုံတင်မက ရေထိန်းသိမ်းထားဖို့ပါ ကောင်းတဲ့မြေမျိုးပါ ။ စိမ့်ဝင်တဲ့မိုးရေကြောင့်မြေသားကပွပြီး မြေထိန်းနံရံကိုတွန်းကန်ပါမယ်။ မြေထိန်းနံရံမခံနိုင်တဲ့အဆုံး မြေထိန်းနံရံအရင်ပြိုပါတယ်။ မြေထိန်းနံရံ ပြိုပြီးပေမဲ့မနေပါဘူး ။ ရေစိမ့်ဝင်လို့အဆောက်အဦးအောက်ခြေမှာ ပွနေတဲ့မြေသားတွေက pile ကိုတွန်းပါတယ်။ နောက်ဆုံး pile ဟာ tension ကိုမခံနိုင်ဘဲ တိုက်ပြိုတဲ့ အထိရောက်သွားပါတယ်။ ပုံ(၇)ပါ။ ရွှေတိဂုံနဲ့ကတော့ အထက်အောက်ပြောင်းပြန်ပါ။ ဒါပေမဲ့ ဦးထောင်ဘိုဘက်က တိုက်ပြိုရင် မဟာဝိဇယကစပြိုပါမယ် ။ အဲ့ဒိမှာအောက်ခြေပိုင်း resisting moment ပျက်သွားတဲ့အခါ ရွှေတိဂုံကုန်းတော်ပါ successive failure ဖြစ်ပြီး ပြိုနိုင်ပါတယ်။ အဲ့ဒိလိုမျိုး project area မှာမြေရှင်းလို့ slope failure ဖြစ်ရင် တောင်ဘက်နဲ့ အနောက်ဘက်က အဆောက်အဦးတွေက အရင်ပြိုမှာပါ။ 
-
ကျွန်တော်ဒီစာတွေရေးသားတယ်ဆိုတာ potential failure များကိုမဖြစ်အောင်ကြိုတင်ကာကွယ်ဖို့သတိပေးရေးသားခြင်းပါ။ အခုလောက်ထိလည်း လူတွေစိတ်ဝင်စားမယ်လို့မတွေးထားသလို forum မှာဆွေးနွေးဖြစ်ကြလိမ့်မယ်လို့လည်းမထင်ပါဘူး ။ ကျွန်တော်လည်း ဒါဟာတွေရေးဖို့ အချက်အလက်တွေစုဆောင်းရ ဓါတ်ပုံတွေပြင်ဆင်ရနဲ့ တပိုင်းရေးပြီးရင်နောက်တပိုင်းရေးနိုင်ဖို့မနည်းအားထုတ်ရပါတယ်။ ဒီ project ဟာအခုထိ ဘယ်သူတွေပါဝင်ပတ်သက်နေလို့ ဘယ်ကုမ္မဏီတွေက ၀င်လုပ်နေတယ်ဆိုတာ သေချာမသိပါဘူး ။ Marga Land ဆိုတဲ့နာမည်သာ facebook မှာကြားဖူးတာပါ ။ဘယ်သူတွေပိုင်လို့ ဘယ်မှာမှတ်ပုံတင်ထားတယ်ဆိုတာမသိပါဘူး ။ နောက်တစ်ခုက ဒီစာရေးလို့ငွေကြေးသော်လည်းကောင်း တခြားအကျိုးစီးပွားသော်လည်းကောင်း ဖြစ်လာမှာမဟုတ်ဘဲ လူသာအန္တရာယ်ဖြစ်လာမယ်ဆိုတာကိုနားလည်ပြီးသားပါ ။ ဒါပေမဲ့ ရေးသင့်ရေးထိုက်လို့ရေးပါတယ် ။ သိသင့်သိထိုက်တဲ့သူကို သိစေချင်ပါတယ်။ ကျွန်တော်မြန်မာပြည်က အလုပ်တွေနဲ့ပတ်သက်ဖို့ နှစ်အနည်းငယ်ကြာဦးမှာပါ။ ဒီကြားထဲမှာ ပိုက်ဆံဘယ်လောက်ရရ ပြန်မလာနိုင်သေးပါဘူး ။ ကတိတစ်ခုကြောင့်ပါ။ အဆုံးထိနေပါ့မယ်လို့ ကတိရှိတဲ့အတွက်ကျွန်တော့်လုပ်ငန်းပြီးဆုံးတဲ့ထိနေရမှာပါ။ နိုင်ငံရေးသမားဆိုတာလည်းကျွန်တော့်ဝါသနာမဟုတ်သလိုဘယ်တုန်းကမှလည်းလုပ်ဖိ့စိတ်မကူးပါဘူး ။ မနက်ကတစ်ယောက်ပြောပါတယ် ။ Project မှာခေါ်ခန့်လိုက်ရင် ငြိမ်သွားမယ် ၊ project မှာပါရအောင် ခွင်ရှာနေတာဆိုတာပါ။ နေ့တိုင်းဘုရားမရှိခိုးနိုင်မရွတ်ဖတ်နိုင်ပေမဲ့ ဘုရားဟောတရားတော်တွေကို အမြဲတမ်းနှလုံးသွင်းထားတဲ့သူပါ ။ အသေ၀နာစ ဗာလာနံတဲ့ ။ ငွေဘယ်လောက်ရရ လူမိုက်တွေနဲ့ကျွန်တော်အလုပ်မလုပ်ပါဘူး ။ ဆဲဆိုတဲ့သူတွေကိုလည်း ကျွန်တော်တုန့်ပြန်ဆဲဆိုမှာမဟုတ်ပါဘူး ။ မိဘကလည်း ငယ်ငယ်ကတည်းကမဆဲအောင်ရုန့်ရင်းကြမ်းတမ်းတဲ့စကားကိုမပြောအောင် သင်ထားသလို ကျွန်တော်တက်ခဲ့တဲ့ ကျောင်းက ဆရာတိုင်းကလည်း ဆဲဆိုရိုင်းစိုင်းတာကို မကြိုက်ခဲ့ပါဘူး ။ ကျွန်တော်နဲ့ပတ်သက်တဲ့သူတွေသိပါတယ် မဆဲတတ်တဲ့အကြောင်းကို ။ ရွှေတိဂုံ နှင့် ဒဂုံစီးတီးကို ဒီမှာတင်ဘဲ နိတ္တိတံပါတယ်။ အားလုံးဘဲကျန်းမာရွှင်လန်းပြီးသူတော်ကောင်းတရာများအားထုတ်နိုင်ကြပါစေ။ 
KSMT
18.5.2015 (2:39 pm)
Bangkok







Save Our Shwedagonပညာရှင်တစ်ဦးရေးသားထားတဲ့စာတမ်းတွေပါ။တန်ဖိုးရှိတဲ့စာတမ်းဖြစ်တာကြောင့် အားလုံးကိုပြန်လည်ဝေမျှပါတယ်။သမ...

Posted by The Melting Pot 4 U on Tuesday, 19 May 2015

No comments:

Post a Comment