
ဂျပန်နိုင်ငံရဲ့ ထူးဆန်းအံ့သြဖွယ်ရာ ပိုးဟပ်မှုတ်အားကစားပွဲကတော့ လူပေါင်း ၁၆သန်းကျော်ကို ဆွဲဆောင်စေနိုင်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ ပိုးဟပ်မှုတ်အားကစားနည်းမှာ ပလတ်စတစ်ချောင်းတစ်ချောင်း ပိုးဟပ်တစ်ကောင်နဲ့ ပါဝင်ယှဉ်ပြိုင်သူနှစ်ဦးတို့ ယှဉ်ပြိုင်ရတဲ့ အားကစားနည်းတစ်မျိုးပဲဖြစ်ပါတယ်။ ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်သူ တို့ဟာ ပလတ်စတစ်ချောင်းအလယ်တည့်တည့်အတွင်း ထည့်ထားသော ပိုးဟပ်ကို အပြိုင်မှုတ်ရမှာဖြစ်ပြီး လည်ချောင်းအတွင်း ပိုးဟပ်ဝင်သွားတဲ့သူက ပြိုင်ပွဲစည်းကမ်းအရ ရှုံးနိမ့်မှာဖြစ်တယ်လို့ သိရပါတယ်။
ပိုးဟပ်မှုတ်အားကစားနည်းဟာ ထူးဆန်းအံ့သြဖွယ်ရာကောင်းတဲ့ အားကစားနည်းဖြစ်ပြီး လူအများ အပြားကို ဆွဲဆောင်စေနိုင်တယ်လို့ သိရပါတယ်။ ပြိုင်ပွဲရဲ့အရှုံးအနိုင်ကတော့ ပါဝင်ယှဉ်ပြိုင်သူရဲ့ အသက် ရှူသွင်းနိုင်မှုက ပိုအရေးကြီးတယ်လို့ သိရပါတယ်။ ယင်းပိုးဟပ်မှုတ်အားကစားပွဲ ယှဉ်ပြိုင်နေတဲ့ ၁၁စက္ကန့်စာ ဗီဒီယိုဖိုင်ကို လူမှုမီဒီယာပေါ်မှာတင်ခဲ့ပြီးနောက် စိတ်ပါဝင်စားစွာ ဝင်ရောက်ကြည့်ရှုသူ ၁၆ဒသမ၉သန်း ခန့်ရှိတယ်လို့ သိရပါတယ်။
No comments:
Post a Comment