ပထမဦးဆုံးအခွေ ၁၉၈၂ နဲ့ ပရိသတ် သိပ်မသိခဲ့ပေမဲ့ ဒုတိယခွေ မိတ်ကပ်မကြိုက်သော သီချင်းများအခွေနဲ့ ပရိသတ်အများအပြား လက်ခံအားပေးလာသလို ဂီတဆုတွေကိုလဲ ဆွတ်ခူးနိုင်ခဲ့တဲ့ ဝေလက လက်ရှိမှာ မိတ်ကပ်မကြိုက်သော သီချင်းခွေရဲ့ဗီစီဒီကို ပုံဖော်နေပြီး တတိယခွေလဲ ပြင်ဆင်နေတယ်လို့သိရတာကြောင့် သူရှိရာ စတူဒီယိုသို့ သွားရောက်တွေ့ဆုံခိုက်
-လက်ရှိဂီတလှုပ်ရှားမှုလေးကို အရင်ပြောပြပေးပါဦး။
အခု မိတ်ကပ်မကြိုက်သော သီချင်းများ အခွေကို ဗီစီဒီရိုက်နေတာက တော်တော်များများ ပြီးသွားပါပြီ။ အချောသတ်ဖို့ပဲ ကျန်တော့တယ်။ ရှေ့လ ထွက်ဖို့ကို စီစဉ်ထားပါတယ်။ အမှန်ဆို ဒီလမှီရင် ဒီလ ထွက်ချင်တာ ဆင်ဆာ တင်ရမှာနဲ့ဘာနဲ့ဆိုတော့ ရှေ့လ လဆန်းပိုင်းလောက်ဖြစ်မယ် ထင်ပါတယ်။
-ဗီစီဒီကိုရော ဘယ်လိုလေး ထူးထူးခြားခြား ပုံဖော်ထားလဲ။
တချို့သီချင်းတွေဆို ဒါရိုက်တာရဲ့စိတ်ကူးနဲ့ပုံဖော်တယ်။ ဖန်တီးတယ်။ သီချင်းနဲ့လိုက်ဖက်အောင်တော့ ရိုက်ကူးထားပါတယ်။ အကောင်းဆုံးတော့ ကြိုးစားထားပါတယ်။
-ပါဝင်တဲ့သီချင်းအပုဒ်ရေနဲ့ လက်ဆောင်အဖြစ်ထည့်ပေးမှာက။
ဟုတ်ကဲ့။ စီစဉ်ထားပါတယ်။ ၁၅ ပုဒ်ပေါ့။ bonus track က ၅ ပုဒ်ပါမယ်။ ကျွန်တော်ဟိုတလောက online မှာရောင်းတဲ့ အမိုက်မနဲ့မချစ်ရဘူးတဲ့လား။ အဲ့ဒီ၂ ပုဒ်ရယ်၊ နောက်ပထမအခွေ ၁၉၈၂ ထဲက အခန်းပြတ်သတို့သား ရယ် သူငယ်တန်းရယ်၊ နောက်အတွဲခွေ တစ်ခွေထဲက မဖြစ်သင့်ဘူးဆိုတဲ့ သီချင်းလေးရယ် ၅ ပုဒ်ထည့်ပေးထားပါတယ်။
-အစ်ကို့ကို ဟစ်ဟော့ပွဲတွေမှာ ဆိုတာ အမြဲတွေ့ရတယ်နော်။
အဓိက ကတော့ ကျွန်တော်တို့က ဟစ်ဟော့ပွဲတွေမှာ ဆိုတယ်ဆိုတာ အဓိက က ကိုဘိုစန်းနဲ့ကျွန်တော်တို့နဲ့က ဟိုးအရင်ကတည်းက အလုပ်တွေ တွဲလုပ်တဲ့အတွက် ကိုဘိုစန်းလုပ်တဲ့ ပွဲတိုင်းမှာ ကျွန်တော်ဆိုဖြစ်တာပါ။ ဟစ်ဟော့ပွဲမို့လို့ မဆိုတာမျိုးလဲ မရှိပါဘူး။ စင်ပေါ်တက်ရင် ကိုယ့်သီချင်းကိုပဲ အကောင်းဆုံးဖြစ်အောင် ဖျော်ဖြေတင်ဆက်ပါတယ်။
-ဟစ်ဟော့ ပွဲမှာ ဆိုရတဲ့အတွက် တချို့လူငယ်ပရိသတ်တွေ အမြင်စောင်းသွားမှာရော စိုးရိမ်မိလား။
အဲ့လိုတော့ဖြစ်မယ် မထင်ပါဘူး။ သူတို့လဲသိတာပဲလေ။ စင်ပေါ်ရောက်ရင်တော့ ကိုယ့်သီချင်းကို အကောင်းဆုံးဆိုရမှာပဲလေ။ အဲ့ဒီမှာမှ ပရိသတ်တွေက အဆိုတော်ဆိုလဲ သူတို့ပိုက်ဆံပေးပြီး လာကြည့်ရတာဖြစ်တဲ့အတွက် လူငယ်ဟစ်ဟော့ ကိုကြိုက်လို့ လာတာလဲဖြစ်နိုင်သလို ၊ ကျွန်တော့ကို ကြိုက်လို့လာအားပေးတာလဲ ဖြစ်နိုင်တဲ့အတွက် ပရိသတ်ခွဲခြားမှုကလဲ ဒါအပြစ်သွားပြောလို့ မရပါဘူး။ သူတို့ကြိုက်တဲ့ သူကို သူတို့ဟာ သူတို့ခွဲခြား အားပေး ပိုင်ခွင့်ရှိပါတယ်။
-ဟစ်ဟော့ရှိုးမှာ အစ်ကိုဆိုတဲ့ ပွဲတစ်ပွဲကို ကြည့်ရတုန်းက ပရိသတ်တွေအစပိုင်းမှာ အရမ်းအားပေးတာမျိုးတွေ့ရတယ်။ နောက်ဆိုတဲ့ သီချင်းများပြီး အပုဒ်ရေ အိုင်သွားတဲ့အခါ ငြိမ်သွားတာမျိုးလဲရှိတယ် ။ အဲ့ဒီအပေါ် အစ်ကို့ရဲ့အမြင်က ဘယ်လိုမျိုးလဲရှိလဲ။
အဲ့ဒါက ဟိုးအရင်ကတည်းက အဆဲခံရတာက မဆန်းတော့ဘူး။ ပွဲအတွေ့အကြုံတွေလဲ များလာပြီ။ ဘာမှမဖြစ်ပါဘူး။ ကြိုက်လို့အားပေးတာမျိုးလဲ ရှိမယ်။ မကြိုက်လို့ ဆဲတာမျိုးလဲရှိနိုင်တဲ့အတွက် ဒါကိုအပြစ်မြင်လို့မရပါဘူး။ အပုဒ်ရေ အိုင်သွားတယ်ဆိုတာကလဲ ကိုယ်နဲ့ပဲ ဆိုင်ပါတယ်။ ပရိသတ်နဲ့မဆိုင်ပါဘူး။ ကိုယ်မှားတာပေါ့။ အဲ့လိုပဲမြင်ပါတယ်။
-အစ်ကို့ရဲ့ ဗီစီဒီကိုစောင့်မျှော်နေတဲ့ ပရိသတ်တွေအတွက် အစ်ကိုဘာပြောချင်ပါလဲ။
အကောင်းဆုံးကြိုးစားထားပါတယ်။ ပရိုဂျူဆာပိုင်းကလဲ အတတ်နိုင်ဆုံး ကူညီပေးပြီး အကောင်းဆုံးကြိုးစားထားတယ်။ သင်္ကြန်ပြီးကတည်းက ဘာပွဲမှလက်မခံပဲ အချိန်ပေးပြီးရိုက်ကူထားတယ်။ ၀ယ်ရကျိုးနပ်မယ့် အခွေတစ်ခွေလို့လဲပြောချင်ပါတယ်။
-ဗီစီဒီထွက်ပြီးသွားရင် ထပ်ပြီးပြင်ဆင်ထားတဲ့ တတိယအခွေ အခြေအနေကိုလည်း ပြောပေးပါဦး။
အခုသီချင်းတွေလဲ ကိုယ်ကြိုက်တဲ့ သူတွေဆီမှာ အပ်ထားပြီးပြီ။ ကိုယ်ကိုတိုင်လဲရေးထားပြီးပြီ။ တတိယခွေတွက်လဲ သေသေချာချာပြင်ဆင်နေတယ်။ တစ်ပုဒ်ချင်းစီကို အသေးစိတ် ဖန်တီးနေတယ်။ အပုဒ်၂၀လောက်ပြင်ဆင်နေတယ်။ အဲ့ဒီထဲကရွေးပြီး ကောင်းမယ်ထင်တဲ့ သီချင်းတွေကို ရွေးထုတ်သွားမှာပါ။
http://www.trend.com.mm/2015/05/11/rock-6561
No comments:
Post a Comment