Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, May 19, 2015

ချင်းမိုင် တရားမဝင်အလုပ်သမားများ နှင့် မြန်မာဆိုင်များကို ရှောင်တခင် ဝင်ရောက်ဖမ်းဆီး



ငြိမ်းဇော် / ဧရာဝတီ

ချင်းမိုင်မြို့ တွင် တရားမဝင် မြန်မာအလုပ်သမားများ နှင့် မြန်မာဆိုင်များကို ချင်းမိုင်မြို့ လဝက နှင့် ရဲများက ရှောင်တခင် ဝင်ရောက်ဖမ်းဆီးမှုများကို ယခုရက်ပိုင်းတွင် နေ့စဉ်ပြု လုပ်နေသည်။

အများဆုံး ဖမ်းဆီးစစ်ဆေးသည့်နေရာမှာ ထိုင်းအခေါ်အရ သလပ်မွန်းမိုင်ဟု ခေါ်သည့် သား၊ ငါး ကုန်စိမ်းမျိုးစုံ ရောင်းဝယ်ဖြန့်ချိသည့် ဈေးကြီးအနီးတဝိုက် နှင့် မြန်မာအလုပ် သမားများ ကျပန်းအလုပ်စောင့်ရာ နေရာများတွင် ဖြစ်သည်။

မြန်မာဈေးဆိုင်တချို့ နှင့် ထမင်းဆိုင်များကိုလည်း အာဏာပိုင်များမှ ဝင်ရောက်စစ်ဆေး သောကြောင့် ဆိုင်ပိတ်ထားကြရသည်။ မြန်မာဈေးဆိုင်များသည် ထိုင်း မြန်မာ နယ်စပ် များမှတဆင့် မြန်မာနိုင်ငံမှ ထုတ်လုပ်သည့် ကုန်ပစ္စည်းများကို တင်သွင်း၍ ရောင်းဝယ် ကြသည်။ အဆိုပါ ကုန်ပစ္စည်းများ ဆိုင်ပေါ်တင် ရောင်းဝယ်ခွင့်ကို ထိုင်းအစိုးရမှ ကန့်သတ် ထားသည်။

မေလ ၁၈ ရက်နေ့ နံနက်ပိုင်းတွင် တရားမဝင် ရွှေ့ပြောင်းအလုပ်သမားများကို လဝက၊ စစ်တပ်နှင့် ရဲများ ပူပေါင်း၍ ရှောင်တခင် ဝင်ရောက်ဖမ်းဆီးရာ ကျပန်းအလုပ်စောင့်ဆိုင်း နေကြသည့် တရားမဝင် မြန်မာအလုပ်သမား ၅၀ ဝန်းကျင် အဖမ်းခံရသည်ဟု မျက်မြင်များ ပြောသည်။

ယခု ဖမ်းဆီးကာလတွင် ထိုင်းအာဏာပိုင်တချို့သည် အလုပ်သမားများထံမှ ငွေကြေး တောင်း၍ ပြန်လွတ်ပေးသူများလည်း ရှိသည်ဟု ဖမ်းဆီးခံရသည့် မြန်မာအလုပ်သမား တစ်ဦးက ဧရာဝတီကို ပြောသည်။

ထိုင်းနိုင်ငံတွင် ယာယီနေထိုင်ခွင့်ကတ် ပန်းရောင်ကတ်ကို ကိုင်ဆောင်ထားသည့် အလုပ် သမားများကို သက်တမ်းတိုးရန် ထိုင်းအစိုးရမှ ၂၀၁၅ ခုနှစ် ဧပြီလ မှ ဇွန်လကုန် အထိ အချိန် ၃ လ သတ်မှတ်ပေးထားသည်။ သတ်မှတ်ပေးထားသည့် အချိန်ကာလ အတွင်း ပန်းရောင်ကတ်ကို သက်တမ်းမတိုးပါက ဖမ်းဆီး၍ နေရပ်ပြန်ပို့မည်ဟု ထုတ်ပြန်ခဲ့သည်။ ယခုအချိန်သည် ပန်းရောင်ကတ် သက်တမ်းတိုးနေဆဲ ကာလဖြစ်သည်။

No comments:

Post a Comment