Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, May 3, 2015

ဘော်လ်တီမိုး ရဲ ၆ ဦးကို ဖမ်းဆီးအရေးယူ

မေရီလန်းပြည်နယ်၊ ဘော်လ်တီမိုးမြို့တွင် ဆူပူဆန္ဒပြမှုများ ဖြစ်ပွားစေခဲ့သော လူမဲအချုပ်သား တစ်ဦး သေဆုံးမှုနှင့် ပတ်သက်၍ ရဲအုပ်တစ်ဦး၊ ရဲကြပ်ကြီးတစ်ဦးအပါအဝင် ရဲ ၆ ဦးကို မေလ ၁ ရက်၊ သောကြာနေ့က ဖမ်းဆီးအရေးယူလိုက်ပါသည်။
ဘော်လ်တီမိုးမြို့ အနောက်ပိုင်းတွင် ဖရက်ဒီ ဂရေးကို ရဲအချုပ်ကားပေါ် တင်နေစဉ် တွေ့ရပုံ ဖြစ်ပါသည်။ ဂရေးသည် ရဲစခန်းရောက်ချိန်တွင် သတိလစ်မေ့မျောလျက် ရှိပြီး ရက်သတ္တ တစ်ပတ်အကြာတွင် သေဆုံးသွားခဲ့၏။ဘော်လ်တီမိုးမြို့ အနောက်ပိုင်းတွင် ဖရက်ဒီ ဂရေးကို ရဲအချုပ်ကားပေါ် တင်နေစဉ် တွေ့ရပုံ ဖြစ်ပါသည်။ ဂရေးသည် ရဲစခန်းရောက်ချိန်တွင် သတိလစ်မေ့မျောလျက် ရှိပြီး ရက်သတ္တ တစ်ပတ်အကြာတွင် သေဆုံးသွားခဲ့၏။၎င်းတို့အနက် အချုပ်ယာဉ်မောင်း ရဲတပ်ဖွဲ့ဝင်အား ထောင်ဒဏ် နှစ် ၃၀ အထိ အပြစ်ပေးနိုင်သော လူ့အသက်ကို ဂရုမစိုက်သဖြင့် သေဆုံးစေသည့် ဒုတိယဆင့် လူသတ်မှု၊ လူသေမှု၊ တိုက်ခိုက်မှုနှင့် အခြားအမှုများဖြင့် စွဲချက်တင်ထားကာ အခြား ၅ ဦးသည် ထောင်ဒဏ် ၁၀ နှစ်အထိ စီရင်နိုင်သော ပြစ်မှုများကို ရင်ဆိုင်နေရပါသည်။ ပြစ်မှု  စွဲဆိုခံရသော ရဲ ၆ ဦးစလုံးကို အာမခံဖြင့် လွှတ်ပေးထားကာ အချုပ်လွတ် တရားရင်ဆိုင်ရမည်ဖြစ်၏။
ပြစ်မှုအကြီးဆုံး စွဲဆိုခံရသော အချုပ်ယာဉ်မောင်းအပါအဝင် သုံးဦးသည် လူမဲများ ဖြစ်၍ သုံးဦးမှာ လူဖြူများ ဖြစ်သည်။ ရာထူးအကြီးဆုံး ရဲအုပ်သည် လူဖြူဖြစ်၍ ရဲကြပ်ကြီးသည် လူမဲ အမျိုးသမီး ဖြစ်သည်။ ထို့ကြောင့်၊ ဤအမှုသည် လူမျိုး၊ အသားအရောင် ခွဲခြားမှုကို အခြေခံသည်ဟု မသတ်မှတ်နိုင်ကြောင်း ဥပဒေပညာရှင်များက ပြောကြားသည်။
အမှု ဖြစ်စဉ်မှာ အသက် ၂၅ နှစ်အရွယ် ဖရက်ဒီ ဂရေး အမည်ရှိ လူမဲအမျိုးသားသည် ဧပြီ ၁၂ ရက်နေ့ နံနက် ၈း၄၀ နာရီခန့်တွင် စက်ဘီးဖြင့် ကင်းလှည့်လာသော ရဲအုပ် ဘရိုင်ယန် ရိုက်စ်နှင့် ရဲတပ်ဖွဲ့ဝင် ဂါရက် မီးလားတို့ဖြင့် တွေ့ဆုံမိရာ ထွက်ပြေးခဲ့သည်။ မီးလားနှင့် အခြားရဲတစ်ဦးက လိုက်လံ ဖမ်းဆီးရာတွင် ဖရက်ဒီ ဂရေးကို ချက်ချင်း ဖမ်းမိခဲ့၏။
ဖရက်ဒီ ဂရေးသည် အသက် ၁၇ နှစ်အရွယ်မှစ၍ မူးယစ်ဆေးမှုနှင့် အခြားအမှုများဖြင့် အကြိမ်ကြိမ် ဖမ်းဆီး အပြစ်ပေးခံထားဖူးသူ ဖြစ်သည်။
ဖမ်းဆီးထားသော ဂရေးကို ရှာဖွေရာတွင် မေရီလန်းပြည်နယ် ဥပဒေအရ တရားဝင်ကိုင်ဆောင်ခွင့် ရှိသော မောင်းချဓားတစ်ချောင်းကို တွေ့ရှိသည်။ သို့သော် ရဲများက ဥပဒေနှင့် မညီသော မောင်းပြန်ဓားသွားပါ လက်နက်ကိုင်ဆောင်သည်ဟု ဆိုကာ ဖမ်းဆီးချုပ်နှောင်ခဲ့ပါသည်။
ထို့နောက်၊ ဂရေးကို လက်ထိပ်ခတ်၍ ရဲအချုပ်ယာဉ်ဖြင့် တင်ဆောင်သွားသည်။ လမ်းတွင် ယာဉ်ကို ရပ်၍ ခြေထိပ်ခတ်ပြန်သည်။ ခြေထိပ်ခတ်ပြီး ဂရေးကို အချုပ်ကားပေါ်သို့ ပစ်တင်ရာတွင် ဦးခေါင်းဖြင့် ကျသည်ဟု ပြည်နယ်အမှုလိုက်ရှေ့နေက ပြောကြားသည်။
ရဲလုပ်ထုံးလုပ်နည်းနှင့် မညီဘဲ အချုပ်ယာဉ်ပေါ်တွင် အချုပ်သားကို ထိုင်ခုံခါးပတ် ပတ်ပေးရန် ပျက်ကွက်ခဲ့သည်။ လက်ရော ခြေပါ ချုပ်နှောင်ခြင်း ခံထားရသော ဂရေးသည် အချုပ်ကား ကြမ်းပြင်ပေါ်သို့ ပြုတ်ကျကာ သတိလစ်မေ့မျောနေသည်။
ဤကဲ့သို့ အချုပ်သား၏ အခြေအနေ ဆိုးဝါးနေသော်လည်း ရဲများသည် ဆေးအကူအညီ မခေါ်ဘဲ ထားခဲ့ပါသည်။ ရဲစခန်းသို့ ရောက်ချိန်တွင် ဂရေးသည် အသက်မရှူတော့သဖြင့် ဆေးရုံသို့ အရေးပေါ် ပို့ဆောင်လိုက်ရ၏။ ဂရေးသည် လည်ပင်းရိုးကျိုးသော ဒဏ်ရာဖြင့် သတိလစ်မေ့မျောနေကာ ရက်သတ္တတစ်ပတ်အကြာ ဧပြီ ၁၉ ရက် နံနက် ၇ နာရီတွင် ဆေးရုံပေါ်မှာ သေဆုံးသွားခဲ့သည်။
၎င်း၏ အသုဘချသော ဧပြီ ၂၇ ရက် နေ့လယ်ပိုင်းမှ စ၍ ဆန္ဒပြမှုများသည် အကြမ်းဖက် ဆူပူသောင်းကျန်းမှုအသွင် ကူးပြောင်းကာ မီးရှို့ဖျက်ဆီးမှုများ၊ လုယက်တိုက်ခိုက်မှုများ အပြင်းအထန် ဖြစ်ပွားခဲ့ပါသည်။
အချုပ်သား ဖရက်ဒီ ဂရေး သေဆုံးမှုအတွက် တာဝန်ရှိသော ရဲများကို ဖမ်းဆီး အရေးယူလိုက်ခြင်းကြောင့် လူအများ ကျေနပ်ဝမ်းမြောက်စွာ စုဝေးပွဲများ ပြုလုပ်ခဲ့ကြသည်။
ယခင်သတင်းဖတ်ရန်-  http://www.themeltingpot4u.com/2015/04/blog-post_980.html


http://kabarthit.com/index.php?option=com_content&view=article&id=640:2015-05-02-20-09-02&catid=8:2013-10-13-17-09-02&Itemid=214

No comments:

Post a Comment