ထိုင်းမြန်မာ နယ်စပ် မယ်ဟောင်ဆောင် ကရင်နီ ဒုက္ခသည်စခန်းများက စစ်ရှောင် ဒုက္ခသည်များ နေရပ်ပြည်လှည်အခြေချနေထိုင်ရေးကိစ္စမြန်မာတာဝန်ရှိသူများဘက်မှ မေ ၂၆ရက်က ထိုင်း-မြန်မာနယ်စပ် ကော်မီတီအစည်းအဝေးသို့တင်ပြဆွေးနွေးခဲ့သည်။
မယ်ဟောင်ဆောင်နယ်စပ်လမ်းများမှ တရားမ၀င်ပစ္စည်းများ သယ်ယူပို့ဆောင်ရေးကိစ္စကို ဂရုတစိုက်ပူးတွဲလုပ်ဆောင်သွားနိုင်ရေးနှင့် ၂ ဖက် ပြည်သူများ တရားဝင် ၀င်ထွက်သွား လာနိုင်ရေးနှင့် လုံခြုံရေးကိစ္စရပ်များကို နှစ်ဘက်အာဏာပိုင်များမှ ကူညီဆောင်ရွက် မှုများ ပြုလုပ်နိုင်ရန် စသည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။
မယ်ဟောင်ဆောင်ခရိုင် ခွန်ရုန်းမြို့နယ်တွင် ကျင်းပပြုလုပ်ခဲ့သည့်၂၇ကြိမ်မြောက် နယ်စပ်ကော်မီတီ အစည်းအဝေးတွင် ဆွေးနွေးခဲ့သည်ဟု ထိုင်း စစ်ဘက်ဆိုင်ရာ ထောက်လှမ်းရေး အရာရှိက ပြောသည်။
ကန္တာဝတီတိုင်း(မ်)
https://www.facebook.com/kantarawaddytimes
No comments:
Post a Comment