Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, May 7, 2015

နုပျိုလှပ ကျန်းမာချင်သလား ရုံးပတီသီးစား


ရုံးပတီသီးတွေကို ပုံမှန် စားလေ့ရှိကြပေမယ့် ကျန်းမာရေး အတွက် ဘာတွေကောင်းကျိုးပြု လဲဆိုတာ မသိမရှိရလေအောင် ဖော်ပြပေးချင်ပါတယ်။

အမျှင်ဓာတ်ကြွယ်ဝတဲ့ ရုံးပတီသီးတွေဟာ အစာချေဖျက် မှုအတွက် ထောက်ကူတာကြောင့် ဝမ်းချုပ်တာတွေကို ကာကွယ်ပေး တဲ့အပြင် ဆီးချိုရောဂါမဖြစ်ပွား အောင်လည်း ကာကွယ်ပေးနိုင် ပါတယ်။ ဒါတင်မက ကိုလက် စထရောပမာဏကို လျှော့ချပေး နိုင်တဲ့အပြင် မွေးကင်းစကလေး တွေ အာရုံကြောချို့ယွင်းမှုကလည်း ကာကွယ်ပေးတာကြောင့် ကိုယ်ဝန်စဆောင်ချိန်ကစလို့ မမွေးခင်အချိန်အထိ စားပေးသင့် တယ်လို့ဆိုပါတယ်။

အရိုးအဆစ်တွေကို သန်မာစေနိုင်စွမ်းရှိသလို ပန်းနာရင်ကျပ်ရောဂါကိုလည်း သက်သာစေကာ အူကင်ဆာဖြစ်ခြင်းကလည်း ကာကွယ်ပေးနိုင်တယ်လို့သိရပါတယ်။ အဝလွန်တာကို လျှော့ချ ချင်ရင်တော့ ရုံးပတီသီးကို မကျက်တကျက်ပုံစံနဲ့ချက်စား သင့်တယ်လို့ဆိုပါတယ်။

ရုံးပတီသီးကို အမျိုးသမီးတွေများများစားသင့်တဲ့ကောင်း ကျိုးတွေလည်းရှိပါသေးတယ်။ ဘာကြောင့်လဲဆိုတော့ အရေပြား ကျန်းမာရေးကိုထောက်ကူပေးနိုင်လို့ပါပဲ။ အရေးအကြောင်းဖြစ် တာတွေ၊ အသားရောင်မညီတာ တွေကို ကာကွယ်နိုင်ကာ အရွယ် တင်နုပျိုစေတယ်လို့သိရပါ တယ်။ ဒါတင်မကသေးပါဘူး။ ဆံပင်ကျန်းမာရေးအတွက်လည်း ကောင်းကျိုးပေးပါသေးတယ်။ ဦးရေပြားခြောက်တာ၊ ဗောက်ထ တာတွေကို မဖြစ်စေတဲ့အပြင် ဆံသားနက်မှောင်စိုပြည်စေပါတယ်။

7daydaily

No comments:

Post a Comment