US-Georgia joint military exercise Noble Partner begins |
The US-Georgia joint exercise Noble Partner is officially starting today at the Vaziani military air field in eastern Georgia. |
ထဗီလီစီ ၊ ၁၃-၅-၂၀၁၅
အမေရိကန်နှင့် ဂျော်ဂျီယာ တပ်ဖွဲ့ဝင်များ ပါဝင်သော Noble Partner ဟု အမည်ရသည့် ပူးပေါင်း စစ်ရေး လေ့ကျင့်ခန်း များကို ဂျော်ဂျီယာနိုင်ငံ မြို့တော် Tbilisi အရှေ့ဘက် ၁၆ ဒသမ ၅ မိုင်ခန့်အကွာ Vaziani ဒေသရှိ လေတပ် အခြေစိုက် စခန်းနှင့် ပစ်ခတ်မှု လေ့ကျင့်ရေးကွင်း တို့တွင် စတင်ကျင်းပ ပြုလုပ်ခဲ့ကြောင်း မေလ ၁၁ ရက်နေ့ Newsnow သတင်းတစ်ရပ် အရ သိရသည်။
ခြေလျင်နှင့် ယန္တရားတင် ခြေလျင် တပ်မဟာများမှ အမေရိကန်နှင့် ဂျော်ဂျီယာ တပ်ဖွဲ့ဝင် ၆ဝဝ ဦးခန့် အပြင် ရဲတပ်စုတစ်စု တို့သည် ရက်သတ္တ ၂ ပတ်အကြာ ကျင်းပ ပြုလုပ်မည့် အဆိုပါ စစ်ရေး လေ့ကျင့်ခန်း များတွင် ပါဝင် လေ့ကျင့်သွားမည် ဖြစ်ကြောင်းနှင့် အဆိုပါ လေ့ကျင့်ခန်း များတွင် စစ်မြေပြင် လက်တွေ့ လေ့ကျင့်ခန်းနှင့် ကျည်စစ် ကျည်မှန်များဖြင့် အသုံးပြု ပစ်ခတ်သည့် လေ့ကျင့်ခန်းများ ပါဝင်မည် ဖြစ်ကြောင်း သိရသည်။
အမေရိကန်က အဆိုပါ လေ့ကျင့်ခန်း အတွက် ဘူလ်ဂေးရီးယား နိုင်ငံမှ ဂျော်ဂျီယာ နိုင်ငံသို့ ပေးပို့ထားသော Bradley ခြေလျင် တိုက်ခိုက်ရေး ယာဉ် ၁၄ စီး အပါအဝင် စစ်လက်နက် ပစ္စည်း အမျိုးမျိုးကို အသုံးပြု လေ့ကျင့် သွားမည် ဖြစ်ကြောင်း အမေရိကန်၏ ဥရောပဒေသ ဆိုင်ရာ ကြည်းတပ် (USAREUR) က ပြောကြား ခဲ့သည်။
ဂျော်ဂျီယာ နိုင်ငံက နိုင်ငံသမိုင်းတွင် ပထမဆုံး အကြိမ်အဖြစ် ၂ဝ၁၅ ခုနှစ်နှင့် ၂ဝ၁၆ ခုနှစ်တို့တွင် NATO တပ်ဖွဲ့၏ တုံ့ပြန် တိုက်ခိုက်ရေး အဖွဲ့ (NRF) သို့ အပေါ့စား ခြေလျင်တပ်ခွဲ တစ်ခွဲ စေလွှတ် ထောက်ပံ့ ကူညီ ပေးသွားမည် ဖြစ်သောကြောင့် အမေရိကန် နှင့် ဂျော်ဂျီယာ တပ်ဖွဲ့ဝင် များ၏ NRF တွင် အပြန်အလှန် ပူးပေါင်း ဆောင်ရွက်မှု စွမ်းရည် မြှင့်တင်ရန် ရည်ရွယ်၍ အဆိုပါ လေ့ကျင့်ခန်းများ ပြုလုပ်ခြင်း ဖြစ်သည်။
အဆိုပါ ပူးပေါင်း စစ်ရေးေ လ့ကျင့်ခန်းသည် ၂ဝ၁၄ ခုနှစ်တွင် စတင် ဆောင်ရွက်ခဲ့သော အမေရိကန်၏ Atlantic Resolve စစ်ဆင်ရေး အရ ဥရောပဒေသ အတွင်း အမေရိကန် တပ်ဖွဲ့များ တည်ရှိမှု တိုးချဲ့ရန်နှင့် စစ်ရေး လေ့ကျင့်မှု မြှင့်တင်သွားရန် ရည်ရွယ်သည့် အမေရိကန် နိုင်ငံ၏ အစီအစဉ် တစ်စိတ်တစ်ပိုင်း ဖြစ်ကြောင်း သိရှိရသည်။
#PyiChitThar
No comments:
Post a Comment