Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, May 16, 2015

ဒေါ်လာ ၂၂ ဘီလီယံ တန်ဖိုးရှိ စာချုပ်ကို တရုတ်နှင့် အိန္ဒိယ လက်မှတ်ရေးထိုး


ရှန်ဟိုင်း မေ ၁၆

စွမ်းအင်ထုတ်လုပ်မှု၊ ဆိပ်ကမ်းတည်ဆောက်မှု၊ ငွေကြေးကူညီထောက်ပံ့မှုနှင့် စက်ရုံလုပ်ငန်းများ ပါဝင်သည့် ဒေါ်လာ ၂၂ ဘီလီယံမက တန်ဖိုးရှိ လုပ်ငန်းဆိုင်ရာ သဘောတူညီချက် ၂၆ ချက်ပါသည့် စာချုပ်ကို တရုတ်နှင့် အိန္ဒိယတို့ လက်မှတ်ရေးထိုးခဲ့သည်ဟု အိန္ဒိယသံရုံးအဖွဲ့အရာရှိက စနေနေ့က ပြောခဲ့သည်။

အဆိုပါ သဘောတူစာချုပ်၌ နှစ်နိုင်ငံ အကျိုးတူ စီးပွားရေး ပူးပေါင်း ဆောင်ရွက်ရန် လက်မှတ်ရေးထိုးခြင်း ဖြစ်သည်။ တစ်ချိန်တည်းမှာပင် အိန္ဒိယဝန်ကြီးချုပ် နရိန္ဒြာမိုဒီက တရုတ်ကုမ္ပဏီများ အနေဖြင့် ကုန်ထုတ်လုပ်မှုနှင့် အခြေခံ အဆောက်အအုံ ဆောင်ရွက်မှုတို့တွင် အိန္ဒိယမှ အခွင့်အလမ်းများ ရယူကြရန်နှင့် တိုးတက်လာသော ပတ်ဝန်းကျင် နှင့်အတူ အိန္ဒိယသည် လုပ်ငန်းများ လုပ်ကိုင်ရန် အသင့်ပင်ဖြစ်ကြောင်း ကြေညာခဲ့သည်။

အဆိုပါ သဘောတူညီချက် ၂၆ ချက်သည် နှစ်နိုင်ငံအကြား သောကြာနေ့က လက်မှတ်ရေးထိုးခဲ့သည့် သဘော တူညီချက် ၂၄ ချက်ကို ပြန်လည်ပြင်ဆင်ဖြည့်စွက်ထားခြင်းဖြစ်သည်။
တရုတ်သည် ဒေါ်လာ ၂ ထရီလီယံ တန်ဖိုးရှိ အိန္ဒိယဈေးကွက်ကို မျက်စိကျလျက်ရှိသည်။

(ရိုက်တာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

No comments:

Post a Comment