Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, May 8, 2015

မြန်မာအမျိုးသမီးအသင်း သြစတြေးလျကိုနိုင်ပြီး ဗိုလ်လုပွဲတက်ပြီ


ဗီယက်နန်နိုင်ငံက အိမ်ရှင်မအဖြစ်ကျင်းပနေတဲ့ AFF WOMEN’S CHAMPIONSHIP 2015 ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲမှာ မြန်မာအမျိုးသမီးအသင်းက သြစတြေးလျ ယူ ၂၀ အသင်းနဲ့ ရင်ဆိုင်ကစားခဲ့ရပြီး ပွဲချိန် ၅၁ မိနစ်မှာ တိုက်စစ်မှူး ရီရီဦးရဲ့ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး ဗိုလ်လုပွဲကိုတက်ရောက်သွားပြီဖြစ်ပါတယ်။
သြစတြေးလျအသင်းဟာ အုပ်စုပွဲစဉ်မှာ ထိုင်း၊ လာအို၊ အင်ဒိုနီးရှားတို့နဲ့ တွေ့ဆုံခဲ့ကာ ပြိုင်ပွဲတလျှောက်ပေးဂိုးမရှိနဲ့ တက်လာတာဖြစ်ပြီး ဆီမီးဖိုင်နယ်ရောက်မှ မြန်မာအသင်းကိုအရှုံးပေးလိုက်ရတာဖြစ်ပါတယ်။
ဒီကနေ့ပွဲမှာ အနိုင်ရလိုစိတ် ပြင်းပြနေတဲ့ မြန်မာအသင်းရဲ့ တိုက်စစ်ကို သြစတြေးလျအသင်း အကြိမ်ကြိမ် ခက်ခက်ခဲခဲ ကာကွယ်ခဲ့ရတာတွေ့ရပါတယ်။
မြန်မာအမျိုးသမီးအသင်းဟာ ဒုတိယပွဲကစားမယ့် အိမ်ရှင်ဗီယက်နန် နဲ့ ထိုင်းအသင်းတို့ထဲက နိုင်တဲ့အသင်းနဲ့ ဗိုလ်လုပွဲမှာ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
ဓာတ်ပုံ - Myanmar Football Federation
The Irrawaddy (Burmese Version)

No comments:

Post a Comment