Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, May 12, 2015

သရုပ်ဆောင်ပိုင်းက သိပ်မလုပ်နိုင်တဲ့အတွက် မော်ဒယ်အနေနဲ့ပဲ ရည်တည်သွားမယ်လို့ ဆိုတဲ့ နန်းခေးမား



၂၀၀၆ Miss Christmas ပြိုင်ပွဲမှ စတင်တာ အနုပညာလောကထဲကို ၀င်ရောက်လာခဲ့တဲ့ နန်းခေးမား က လက်ရှိမှာ မော်ဒယ်လ်တစ်ယောက် အဖြစ်ပဲ ရပ်တည်နေပြီး ကြော်ငြာ၊ အမ်တီဗီရိုက်ကူးမှုတွေနဲ့ ဓာတ်ပုံရိုက်ခြင်းတွေကိုသာ တစ်စိုက်မတ်မတ် လုပ်ဖြစ်နေတာ တွေ့ရပါတယ်။ နန်းခေးမားရဲ့ မော်ဒယ်လ်လောကအပေါ် အမြင်နဲ့ သူဘယ်လို ဒီလောကထဲ ၀င်ရောက်လာခဲ့တယ်ဆိုတဲ့အကြောင်းလေး မေးကြည့်လိုက်တော့ "ညီမက အနုပညာမျိုးရိုးလဲ မရှိဘူး။ နောက်ကနေ support လုပ်ပေးမဲ့ Background လဲ မရှိဘူး။ ညီမ ၂၀၀၆ Miss Christmas ပြိုင်ပွဲမှာ ပထမဆုရပြီး ဒီလောကထဲကို စရောက်ခဲ့တာပေါ့။ အစက ညီမ Alpine မှာလဲ အလုပ်လုပ်နေတော့ ဒီမော်ဒယ်လ် အလုပ်ကိုပဲရွေးရမလား။ ဆုရပြီး ညီမ ခဏနားလိုက်တယ်။ ဘယ်ဟာကို ပိုလုပ်ချင်လဲ။ ၀ါသနာပါလဲလို့စဉ်းစားလိုက်တော့ မော်ဒယ်လ်ကို ပိုဝါသနာပါတာနဲ့အလုပ်ထွက်ပြီး ဒီဖက်လိုင်းကို ရပ်တည်လိုက်တာပါ။ ဘာကြောင့်လဲဆိုတော့ ဒီမော်ဒယ်လ် အလုပ်က ညီမရဲ့ life လို့ပြောလို့ရတယ်။ လူတွေ ညီမကို သိလာတာကလဲ ဒီမော်ဒယ်လ်အလုပ်ကို လုပ်လို့ပါ။ ဒီအခြေအနေ ရောက်ဖို့အတွက် နှစ်နဲ့ချီပြီး အချိန်တွေ ပေးခဲ့ရတယ်။ အရင်ကဆို body Structure ပိုင်းအတွက် Gym ဆော့တယ်။ ဒါပေမဲ့ နောက်ပိုင်း အချိန်မပေးနိုင်တော့ စာအုပ်တွေ ဖတ်တယ်။ အိမ်မှာ ယောဂကျင့်တယ်။ အိမ်မှာပဲ လုပ်ဖြစ်တာ များတယ်။ ဒါပေမဲ့ ညီမအဖေရော၊ အမေရော မ၀တဲ့အတွက် ညီမလဲ ဘယ်လောက်စားစား မ၀ဘူး။"လို့ သူမက ဆိုပါတယ်။
ကားရိုက်ပိုင်းနဲ့ပတ်သတ်ပြီးတော့လည်း သူမက  "ကိုကျော်ကျော်ဗိုနဲ့အတူတူ အိန်ဂျယ်လက်တစ်ကမ်း ဆိုတဲ့ ကားလေးတစ်ကား ရိုက်ထားတယ်။ သရုပ်ဆောင်က အရမ်းပင်ပန်းတယ်။ အချိန်လဲ အရမ်းပေးရတယ်။ ၀ါသနာသိပ်မပါလို့လား မသိဘူး။ ညီမ သရုပ်ဆောင်ဖက်တော့ မသွားဘူး။ မော်ဒယ်တစ်ယောက်အဖြစ်၊ ခင်တဲ့သူတွေကို အမ်တီဗီရိုက်ပေးတာလောက်ပဲ လုပ်ဖြစ်တယ်။ နိုင်ငံခြားမှာဆို မော်ဒယ်လ် အလုပ်က အရမ်းကျယ်ပြန့်တယ်။ ဒီနိုင်ငံမှာ တစ်ခုရှိတာက မော်ဒယ်လ်ထက် မင်းသမီးတွေက ပိုနေရာရတယ်။ ပိုမျက်နှာသာပေးတယ်။ အမှန်က မဖြစ်သင့်ဘူး။ မော်ဒယ်လ်ဈေးကွက်ကိုလဲ ကျယ်ပြန့်စေချင်တယ်။ နိုင်ငံခြားမှာဆို မင်းသမီး ဈေးကွက်လို မော်ဒယ်လ်ဈေးကွက်လဲ ရှိတယ်။  အဲ့ဒီမော်ဒယ်လ်ဈေးကွက်က မင်းသမီးဈေးကွက်ကို ယှဉ်လို့ရတယ်။ ညီမကတော့ ဘာပဲဖြစ်ဖြစ် ဆက်ကြိုးစားမယ်။ ကိုယ်ကြိုးစားမှ ကိုယ်နေရာတစ်ခုရမယ်။ ကိုယ်အောင်မြင်မှု တစ်ခုရဖို့အတွက် ကိုယ့်မှာ တာဝန်ရှိပါတယ်။ နိုင်ငံခြားက မော်ဒယ်လ်တွေကိုလဲ ညီမလေ့လာတယ်။ sexy ပုံတွေ ရိုက်တယ်ဆိုပေမဲ့ သူတို့က အနုပညာကိုချပြတာ။ သူတို့က အရမ်းလဲ body ကစားတယ်။ အဲ့ဒါကိုမသိပဲ ဒီနိုင်ငံကလူတွေက လိုက်ဝတ်တယ်။ ဒါပေမဲ့ အဆင်မပြေဘူး။ အဲ့လိုမျိုးလေးတွေတော့ ရှိတယ်။ ရှေ့လျှောက် ညီမ ရှိုးလျှောက်ဖို့ရှိတယ်။ ဓာတ်ပုံရိုက်ဖို့ရှိတယ်။ ကြော်ငာရိုက်ဖို့ရှိတယ်။ ဇာတ်ကားဖက်ကတော့ သိပ်မလုပ်နိုင်တဲ့အတွက် ခုလက်ရှိမှာ မော်ဒယ်လ် တစ်ယောက်အဖြစ်နဲ့ပဲ ရပ်တည်ဖို့ ရှိပါတယ်"တဲ့။
သူမရဲ့အချစ်ရေးကိုတော့ "အချစ်ရေးကတော့ အဆင်ပြေပါတယ်။ အနုပညာလောကထဲက မဟုတ်ပါဘူး။ အပြင်ကပါ။ သူနဲ့ချစ်သူဖြစ်တာ ၄ နှစ်ကျော် ၅ နှစ် ရှိနေပါပြီ။ ယူဖို့အတွက်က လိုပါသေးတယ်။ အဆင်သင့် မဖြစ်သေးပါဘူး။ Ready ဖြစ်ပြီဆိုတာနဲ့ အကုန်လုံးကို ပြောပြမှာပါ။ လို့သူမက ပြောပြခဲ့ပါတယ်။
 http://www.trend.com.mm/2015/05/07/yollywood-6534

No comments:

Post a Comment