Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, May 18, 2015

အထူးထိမ်းမြားခြင်းဆိုင်ရာ ဥပဒေကြမ်း ဒီချုပ်အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နှစ်ဦး ကန့်ကွက်

မြန်မာဗုဒ္ဓဘာသာ ၀င်မိန်းမများ အထူးထိမ်းမြားခြင်း ဆိုင်ရာ ဥပဒေကြမ်းနှင့် ပတ်သက် ၍ အမျိုးသားလွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ် ငါးဦး က ဆွေးနွေးခဲ့ရာ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်မှ လွှတ်တော် ကိုယ်စားလှယ် နှစ်ဦးက ကန့်ကွက်ခဲ့ပြီး ကိုယ်စားလှယ် သုံးဦးက ထောက်ခံဆွေးနွေးခဲ့ကြသည်။
မေလ ၁၈ ရက်က အမျိုး သားလွှတ်တော်တွင် မြန်မာဗုဒ္ဓ ဘာသာဝင်မိန်းမများ အထူးထိမ်း မြားခြင်းဆိုင်ရာ ဥပဒေကြမ်းကို ဆွေးနွေးခဲ့သော လွှတ်တော်ကိုယ် စားလှယ် ငါးဦးမှာ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်မှ လွှတ်တော် ကိုယ်စားလှယ် ဦးမင်းဦး၊ ဦးသိမ်း ဆွေ၊ ရခိုင်ပြည်နယ်မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦး အုန်းတင်၊ ဦးကျော်ထွန်းအောင် နှင့် အမျိုးသားဒီမိုကရေစီအင် အားစုပါတီမှ ဒေါ်ခင်ဝိုင်းကြည်တို့ ဖြစ်သည်။
ဆွေးနွေးရာတွင် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်မှ အမျိုး သားလွှတ်တော်ကိုယ်စားလှယ် ဦးမင်းဦးက မြန်မာဗုဒ္ဓ၀င်မိန်းမ များ အထူးထိမ်းမြားခြင်းဆိုင်ရာ ဥပဒေကြမ်းကို အတည်မပြုသင့် သေးကြောင်း ဆွေးနွေးသွားခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ် ဦးသိမ်းဆွေနှင့် ရခိုင်ပြည်နယ်မှလွှတ်တော် ကိုယ်စားလှယ်တစ်ဦး က ဥပဒေကြမ်းပါ အကြောင်းအရာများ၊ စကားလုံးအသုံးအနှုန်း များ၊ စကားရပ်များအား အခြေခံ ဆွေးနွေးခဲ့ကြသည်။
‘‘၁၉၅၄ ခုနှစ် ဗုဒ္ဓဘာသာဝင် အမျိုးသမီးများ အထူးထိမ်းမြား လက်ထပ်ခြင်းဆိုင်ရာ ဥပဒေနဲ့ အမွေဆက်ခံခြင်းဆိုင်ရာ အက် ဥပဒေရှိတယ်။ အဲဒီဟာကလည်း မြန်မာအမျိုးသမီးများအတွက် ထိုက်သင့်တဲ့ အကာအကွယ်တွေ ပေးထားတာရှိတယ်။ လက်ရှိ တည်ဆဲဥပဒေကို ခေတ်ကာလနဲ့ လျော်ညီအောင် ထပ်ပြီးတော့ လို အပ်တာတွေ ဖြည့်စွက်ရေးဆွဲပေး လိုက်မယ်ဆိုရင် ကောင်းမွန်တဲ့ ဥပဒေတစ်ရပ်ဖြစ်မယ်။ သပ်သပ် ရေးဆွဲစရာမလိုဘဲနဲ့’’ဟု ဦးမင်း ဦးက ဆွေးနွေးသွားသည်။
ထို့အပြင် မြန်မာဗုဒ္ဓဘာသာ ၀င်မိန်းမများ အထူးထိမ်းမြားခြင်း ဆိုင်ရာ ဥပဒေကြမ်းကို ရေးဆွဲ မည်ဆိုပါကလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ လူ့အခွင့်အရေး စသည့် အချက်အလက်များနှင့် မကိုက်ညီပါက အသစ်မပြဋ္ဌာန်း သင့်ကြောင်း ၎င်းက ပြောကြား သည်။
‘‘၁၉၅၄ ကတည်းက ရှိထား ခဲ့ဖူးတယ်။ အခုအချိန်လိုအပ်လို့ လုပ်တဲ့ဟာကို ခွဲခြားဆက်ဆံ တယ်။ လူ့အခွင့်အရေးချိုးဖောက် တယ်။ ဟိုဟာနဲ့ မညီဘူး။ ဒီဟာ နဲ့ မညီဘူးဆိုတာ တမင်ကို မပြ ဋ္ဌာန်းစေချင်လို့ ပြောတဲ့ သဘော မျိုးပဲဖြစ်တယ်။ ဒါက လိုကိုလို တယ်။ ပြကို ပြဋ္ဌာန်းရမယ်’’ဟု ထောက်ခံဆွေးနွေးခဲ့သူ ဒေါ်ခင် ၀ိုင်းကြည်က ပြန်လည်ဆွေးနွေး သည်။
‘‘ပြစ်မှု၊ ပြစ်ဒဏ်နဲ့ ပတ် သက်တာမျိုးတွေ၊ အခွင့်အရေး ကန့်သတ်တာမျိုးတွေဆိုရင် တန်း တူညီမျှမှု အခွင့်အရေးရှိသင့် တယ်။ ဗုဒ္ဓဘာသာဝင် မြန်မာ အမျိုးသမီးများ အခွင့်အရေးကိုပဲ ပြောလိုက်တဲ့အခါကျတော့ မြန် မာနိုင်ငံသား၊ တခြားဘာသာဝင် အခွင့်အရေးကို ထည့်သွင်းစဉ်း စားဖို့ လိုတာပေါ့’’ဟု ဦးမင်းဦးက ထောက်ပြဆွေးနွေးသွားခဲ့သည်။ မြန်မာဗုဒ္ဓဘာသာဝင်မိန်းမများ အထူးထိမ်းမြားခြင်းဆိုင်ရာ ဥပဒေကြမ်းနှင့် ပတ်သက်၍ လွှတ်တော် ကိုယ်စားလှယ်များ၏ ဆွေးနွေး ချက်များကို အမျိုးသားလွှတ် တော်ဥပဒေကြမ်းကော်မတီက ကြားနာမည်ဖြစ်သည်။
အမျိုးသားလွှတ်တော်အစည်းအဝေး ကျင်းပနေစဉ် (ဓာတ်ပုံ − MOI)
7Day Daily

No comments:

Post a Comment