Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, May 5, 2015

အခြောက်(ဂန်တူး) လိင်တူဆက်ဆံမှုတွေ အတွက် ကန်ညာမှာ နေရာမရှိဘူးလို့ ဒု-သမ္မတပြောကြား


အရှေ့အာဖရိကန်နိုင်ငံမှာ လိင်တူဆက်ဆံသူတွေအတွက် နေရာမရှိဘူးလို့ နိုင်ရိုဘီမြို့ခရစ်ယာန်ဘုရားရှိခိုးကျောင်းမှ ၀တ်ပြုဆုတောင်းနေသူတွေကို ကန်ညာနိုင်ငံဒု-သမ္မတ ၀ီလီယန်ရူတိုက ပြောကြားခဲ့တယ်ဟု AFP  သတင်းဌာနမှ တနင်္လာနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

အာဖရိက နိုင်ငံတော်တော်များများမှာ လိင်တူဆက်ဆံမှုနဲ့ လိင်တူဆက်ဆံသူတွေကို မနှစ်သက်မှုများ ပိုမိုတိုးပွားလာနေပြီး ဗြိတိသျှကိုလိုနီ ဥပဒေအရ တားဆီးထားတဲ့ ကန်ညာအပါအ၀င် နိုင်ငံအတော်များများမှာ တရားမ၀င် ရှိနေဆဲ ဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ဘာသာရေးနဲ့ ယုံကြည်မှုကို ပျက်ပြားစေတဲ့ လိင်တူဆက်ဆံရေးကို ကျွန်တော်တို့ အသိုင်းအ၀ိုင်းမှာ လုံးဝခွင့်မပြုပါဘူးလို့ ရူတိုမှမြို့တော်အပြင်ဘက်မှာ ရှိတဲ့ Jesus Winner Ministry Church ဘုရားရှိခိုးကျောင်းမှာ ၀တ်ပြုဆုတောင်းနေတဲ့ လူအုပ်ရှေ့မှာ ပြောသွားခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ ယုံကြည်မှုနဲ့ ခံယူချက်တွေကို ခုခံဖို့အတွက် ဘာသာရေးခေါင်းဆောင်တွေနဲ့အတူ ကျွန်တော်တို့ မားမားမတ်မတ် ရပ်တည်သွားမယ်။ လူ့အခွင့်အရေး တိုးတက်ဆောင်ရွက်ဖို့၊ လုံခြုံရေးနဲ့ အကြမ်းဖက်မှုတွေကို ဆွေးနွေးဖို့အတွက် ကန်ညာမြို့ကို ရောက်ရှိနေတဲ့အမေရိကန်ပြည်နယ်အတွင်းရေးမှု John Kerry ရောက်ရှိတဲ့နေ့မှာ ရူတိုရဲ့ ဝေဖန်ပြောဆိုမှု ထွက်ပေါ်လာခဲ့ပါတယ်။

လူ့အခွင့်ရေးချိုး ဖောက်မှုနဲ့ The Hague မြို့တော်နိုင်ငံတကာ ရာဇ၀တ်ခုံရုံးမှာ တရားစွဲဆိုခံထားရတဲ့ ရူတိုက သူ့ရဲ့ရပ်တည်ချက်ဟာ နိုင်ငံရေး အတွက်မဟုတ်။ အကျင့်သိက္ခာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ မဲလိုချင်လို့ ဒီစကားကိုပြောနေတာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့အားလုံး ယုံကြည်မှုဟာ မှန်တယ်ဆိုတာကို ကာကွယ်ဖို့အတွက်သာ ဖြစ်ပါတယ်လို့ သူပြောခံတယ်လို့ The Star သတင်းအရ သိရပါတယ်။

ရှေးရိုးစွဲ ခရစ်ယန်နှင့်အာဖရိက နိုင်ငံအတော်များ များမှာ လိင်တူဆက်ဆံမှု ကန့်ကွက်ပြောဆိုသူဟာ မဲနိုင်သူဖြစ်ပါတယ်။ ယူဂန်ဒါ ဥပဒေပြုအစိုးရမှ လိင်တူဆက်ဆံမှုအတွက် သေဒါဏ်ချမှတ်ရန် အားထုတ်နေခဲ့ပါတယ်။ ဂန်ဒူးဆန့်ကျင်ရေးမူကြမ်းမှပြင်းထန်တဲ့ စကားလုံးများကိုပါယ်ထားသော်လည်း လက်ရှိအာဏာရ လွတ်တော်အဖွဲ့တွေက ချမှတ်ရန် စိတ်အားသန်နေပါတယ်။

ပြီးခဲ့တဲ့နှစ်က ဂမ်ဘီယာသမ္မတ Yahya Jammeh ဟာ လိင်တူဆက်ဆံသူများကို "စနေဂြိုဟ်မှတိရိစ္ဆာန်ကောင်"လို့  ခေါ်ပြီး နိုင်ဂျီးရီးယားနဲ့ ဂမ်ဘီယာ နိုင်ငံမှာ မကြာသေးခင် နှစ်များက ပြင်းထန်တဲ့ ဂန်ဒူးဆန့်ကျင်ရေး ဥပဒေကိုပြဌာန်းခဲ့ပါတယ်။ အာဖရိကန် ၅၄ နိုင်ငံမှ ၃၆နိုင်ငံမှာ လိင်တူ ဆက်ဆံနေထိုင်မှုဟာ ရာဇ၀တ်မှုဖြစ်ပြီး လူ ၄ ယောက် သေဒါဏ်ချမှတ်ခဲ့တယ်လို့ နိုင်ငံတကာ လူ့အခွင့်ရေးစောင့်ကြည့်ရေး အဖွဲ့    ပြောပြချက်အရ သိရပါတယ်။ ကန်ညာမှာလည်းညွန့်ပေါင်း လွတ်တော်အဖွဲ့မှ တည်ရှိနေတဲ့ ဂန်ဒူးဆန့်ကျင်ရေး အုပ်ချုပ်ရေးကို တင်းကျပ်ဖို့ကြိုးစားနေပါတယ်။

နာမည်ကြီး ကန်ညာစာရေးဆရာ Binyavanga Wainaina ဟာမနှစ်က ဂန်ဒူးလို ပေါ်ထွက် လာပြီး ရူတိုရဲ့ဝေဖန် ပြောကြားမှုကို တိုက်ခိုက်ရန် လူမှုကွန်ယက်ကို ရွေးချယ်လိုက်ပါတယ်။ ကျွန်တော်တို့ရဲ့ဒု-သမ္မတဟာ အာဖရိကမှာ သူကိုယ်သူ အန္တရာယ်လူသားဖြစ်အောင် လုပ်ဆောင်နေပါတယ်။ သူ့ရဲ့ဗျူဟာမြောက် အလုပ်တွေက ပိုလောင်ကျွမ်းစေပါလိမ့်မယ်ဟု Wainaina မှ သူ့ရဲ့Twitter စာမျက်နှာမှနောက်လိုက် ၁၈၀၀၀ ကိုပြောခဲ့ပါတယ်။

Jesus Winner Ministry Church မှဟောကိန်းထုတ်မှု ကို အထူးလေ့လာပြီး ဘုရား ကျောင်းဝက်ဘ်ဆိုက် စာမျက်နှာမှာ စနေဂြိုဟ်မှ ယူဆောင်လာသော "ကျိန်စာများ၊ အောက်လမ်း အတတ် ပညာ၊ တားဆီးမှု၊ အစဉ်အလာရ မကောင်းဆိုးဝါးများနှင့် အခြားမကောင်းမှု ခံစားနေရတဲ့ လူတွေအတွက် ဘုရားကျောင်းဟာ "သာယာတဲ့ကမ္ဘာ"ဟု ဖော်ပြလိုက်ပါတယ်။ လိင်တူ ဆက်ဆံရေး ဟာကန်ညာရဲ့အထက်တန်းစားနိုင်ငံ ရေးသမားတွေကြား ရေပန်းစားနေပါတယ်။

Ref:yahoo
http://www.trend.com.mm

No comments:

Post a Comment