Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, May 7, 2015

ဂွာတီမာလာ မူးယစ် ဘုရင်မကို အမေရိကန်တွင် ထောင်ဒဏ်ချမှတ်


ဝါရှင်တန်
သန်းထိုက်စိုး
                လက်တင် အမေရိကတွင် မူးယစ် မှောင်ခိုနှင့် ငွေမည်းခ၀ါချ လုပ်ငန်းများ လုပ်ကိုင်ရာတွင် နာမည်ကြီးသော ဂွာတီမာလာနိုင်ငံမှ မူးယစ် ဘုရင်မ မာလိုရီချာကန်ရိုဆဲလ်ကို အမေရိကန်နိုင်ငံတွင် လျှို့ဝှက် ထောင်ဒဏ် ချလိုက်ပြီ ဖြစ်ကြောင်း သိရသည်။
                ပြီးခဲ့သည့်နှစ်က အမေရိကန် အာဏာပိုင်များထံ ကိုယ်တိုင် ကိုယ်ကျ သွားရောက် ဖမ်းဆီးခံခဲ့ခြင်း ဖြစ်သည်။ မာလိုရီသည် ဂွာတီ မာလာ အပါအ၀င် လက်တင်အမေရိက မူးယစ် ကွန်ရက် အရေးကြီးအချက်အလက် များစွာကို လည်း အမေရိကန် တာဝန်ရှိသူများထံ ဖွင့်ပြောပြ ခဲ့ကြောင်း သိရသည်။ အပြန်အလှန်အားဖြင့် မာလိုရီ၏ လုံခြုံရေး အတွက် အမေရိကန် တရားရေး ဌာနသည် မာလိုရီကို ချမှတ်သည့် ထောင်ဒဏ်နှင့် လွတ်မြောက်မည့်ရက်ကို လျှို့ဝှက်ပေး ထားမည် ဖြစ်ပြီး မာလိုရီထောင်မှ လွတ်ပြီး ငါးနှစ် အကြာတွင်မှ ထုတ်ပြန် အသိပေးမည်ဟု ကတိပြု ခဲ့သည်။
                အပြစ်ရှိကြောင်း ၀န်ခံကာ ရဲတပ်ဖွဲ့နှင့် ပူးပေါင်း၍ မူးယစ်ကွန်ရက် အဓိက အချက်များ ဖော်ထုတ်ပေးခဲ့ မှုဖြင့် မာလိုရီကို ထောင်ဒဏ် (၁၀) နှစ်အောက်သာ ချမှတ်မည်ဟု တရားရေး တာဝန်ရှိသူများက သဘောတူခဲ့သည်။  မာလိုရီ၏ မူးယစ်မှောင်ခို ကွန်ရက်သည် ဂွာတီမာလာတွင် အခြေ စိုက်ပြီး ဟွန်ဒူးရတ်စ်၊ ပနားမား တို့ထိ ကျယ်ပြန့်သည်။ မက္ကစီကိုရှိ လော့စ်ဇီတာနှင့် ဆီနာလိုရာ မူးယစ်ဂိုဏ်း များကိုပါ ဆက်သွယ်ကာ မူးယစ်ဆေးဝါး များ ရောင်းချခဲ့သည်။
                မူးယစ်မှောင်ခို လုပ်ငန်းအပြင် ငွေမည်း ခ၀ါချ လုပ်ငန်းကိုလည်း တွင်တွင်ကျယ်ကျယ် လုပ်ကိုင်ခဲ့ပြီး ဂွာတီမာလာတွင် လက်တံ အရှည်ဆုံး ငွေမည်းခ၀ါချသူ အဖြစ်လည်း မာလိုရီသည် နာမည်ဆိုးဖြင့် ကျော်ကြားသည်။ လက်တင်အမေရိက ဒေသ မူးယစ်ဂိုဏ်းမျာ သည် အမျိုးသမီး များကို အဖွဲ့အတွင်း တွင်တွင်ကျယ်ကျယ် နေရာပေး အသုံးပြုလေ့ရှိ သော်လည်း  မာလိုရီကဲ့သို့  ခေါင်းဆောင်နေရာ မျိုးထိ ရောက်ရှိသူက နည်းပါးသည်။
Source: BBC
http://messengernewsjournal.com

No comments:

Post a Comment