Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, May 7, 2015

အရွယ်မရောက်သေး သူအား သားမယား အဖြစ် ပေါင်းသင်းကာ သတ်ရန် ကြံစည်မှု ဖြစ်ပွား


 ကန့်ဘလူမြို့နယ်တွင် ယခုလ (၅) ရက်နေ့၌ အရွယ်မရောက်သေး သူအား သားမယား အဖြစ် ပြုကျင့် နေထိုင်ကာ အသက် အန္တရာယ်ပြုရန် ကြံစည်ခဲ့မှု  ဖြစ်ပွားခဲ့ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

 ကန့်ဘလူမြို့နယ်၊ ချပ်ကြီးကျေးရွာ နေ မ.......(၁၅) နှစ်သည် အဒေါ် ဖြစ်သူနှင့် အတူ ဆားကိုင်းရွာသို့ ပြီးခဲ့သည့် ဧပြီလ (၁၅) ရက်နေ့တွင် အလည်အပတ် သွားရောက်စဉ် ၎င်းရွာနေ မောင်ဇွဲဇင်ထွန်း (၂၀) နှစ်က လက်ထပ် ပေါင်းသင်းပါမည်ဟု ပြောဆိုကာ လူမနေသည့် နေအိမ်တဲသို့ ခေါ်ဆောင် သွားကာ သားမယား အဖြစ် ပေါင်းသင်း ဆက်ဆံခဲ့ကြောင်း၊ ဧပြီလ (၁၆) ရက်နေ့တွင် မောင်ဇွဲဇင်ထွန်း၏ အဒေါ်များရောက်ရှိ လာပြီး အရွယ် မရောက် သေးသဖြင့် မ.......(၁၅) နှစ်အား အိမ်ပြန်ရန် ပြောဆိုစဉ် ကျူးလွန်သည့် အနေအထားပင် ဖြစ်နေသည့် အတွက် မပြန်ချင် တော့ကြောင်း ပြောဆို သဖြင့် မောင်ဇွဲဇင်ထွန်း (၂၀)နှစ်မှာ ““နင်သေရင် ကောင်းတယ်၊ ကြွက်သတ်ဆေး သောက်သေရန် ပြောဆိုပြီး ကြွက်သတ်ဆေးများအား လက်ထဲသို့ ထည့်ပေးခဲ့ပြီး အိပ်ခန်း တံခါးများအား သော့ပိတ်ကာ ချုပ်နှောင်ထား ခဲ့ကြောင်း  ပထမ သတင်းပေးချက်များ အရ သိရသည်။

(မ.......) မှာ နေအိမ်သို့ မပြန်သဖြင့် မောင်ဇွဲဇင်ထွန်းနှင့် အတူ ဦးလေး ဖြစ်သူတို့မှာ သော့ပိတ်ကာ ချုပ်နှောင် ထားသည့် မ........ (၁၅)နှစ် အား တုတ်ဓားများ ကိုင်ဆောင်ကာ နေအိမ်တဲ တောင်ဘက်သို့ ခေါ်ဆောင် သွားစဉ် မိန်းကလေး မိဘများ လိုက်လာသည်နှင့် ပက်ပင်းတိုး၍ သတ်ရန် ကြံစည် သူတို့မှာ ထွက်ပြေးသွား ခဲ့ကြောင်း သက်ဆိုင်ရာ မှုခင်း မှတ်တမ်းများ အရ သိရသည်။

 ယင်းသို့ အရွယ်မရောက်သေးသည့် သမီးပျိုလေးအား လိမ်လည်ကာ ပေါင်းသင်း နေထိုင်ပြီး သတ်ရန် ကြံစည်မှုနှင့် ပတ်သက်၍ မ.......(၁၅) နှစ်၏ အဒေါ်ဖြစ်သူက တရားလို ပြုကာ တိုင်တန်းခဲ့သည့် အတွက် ကန့်ဘလူ မြို့မ ရဲစခန်း မှ (ပ) ၉၂/၂၀၁၅၊ ပြစ်မှု ပုဒ်မ ၃၆၃/၁၁၄/၅၀၆ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း တိုင်းရဲတပ်ဖွဲ့ မှူးရုံး တာဝန်ရှိသူများ ထံမှ သိရသည်။

လင်းလင်းမောင်
The Messenger Media
http://messengernewsjournal.com

No comments:

Post a Comment