Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, May 18, 2015

ရန်ကုန်ယူနိုက်တက်အသင်း ဆားဗီးယားနိုင်ငံသား ကြံ့ခိုင်ရေးနည်းပြတစ်ဦးကို စာချုပ်ချုပ်ဆိုခေါ်ယူ


ရန်ကုန်ယူနိုက်တက်အသင်းသည် ၂၀၁၅ မြန်မာနေရှင်နယ်လိဂ် ရာသီဝက် အပြောင်း အရွေ့ကာလတွင် အသင်းအတွက် ဆားဗီးယားနိုင်ငံသား ကြံ့ခိုင်ရေးနည်းပြ ဆရာတစ်ဦးအား ရာသီကုန်ထိ စာချုပ်ချုပ်ဆို ခေါ်ယူခဲ့ကြောင်း သိရသည်။
ရန်ကုန်ယူနိုက်တက် အသင်းခေါ်ယူခဲ့သော ကြံ့ခိုင်ရေးနည်းပြ ဆရာ ဘိုဂျန်စတာမာတိုဗစ်သည် အသက် ၂၉နှစ်အရွယ်ရှိသူဖြစ်ပြီး UEFA (A)လိုင်စင်ရရှိထားသော နည်းပြဆရာတစ်ဦးဖြစ်သည်။ ထို့နောက် ယင်းပြသည် အမေရိကန်နှင့် ဥရောပနိုင်ငံ များတွင် ကြံ့ခိုင်ရေးနည်းပြ အဖြစ် တာဝန်ထမ်းဆောင်ဖူးပြီး ဂိုးနည်းပြ ဆိုင်ရာ နည်းစနစ်များကို လည်းကျွမ်းကျင်သူ ဖြစ်ကြောင်း ရန်ကုန် အသင်းက ပြောကြားခဲ့သည်။ ၄င်းအနေဖြင့် ရန်ကုန်အသင်းနှင့် လက်တွဲခွင့်ရရှိခြင်း နှင့်ပတ်သက်၍ “ ကစားသမား ကောင်းတွေ အများကြီးရှိတဲ့ အသင်း လို့သိရပါတယ်။ သူတို့ရဲ့ ကြံ့ခိုင်မှုအကောင်းဆုံး ပုံစံရအောင် ကူညီပေးသွား မှာပါ” ဟု နည်းပြ ဘိုဂျန်က ထုတ်ဖော်ပြောကြား ခဲ့သည်။
ရန်ယူနိုက်တက်အသင်းသည် အဆိုပါ ကြံ့ခိုင်ရေးနည်းပြဆရာအား အသင်း၏ နည်းပြချုပ် မီယိုဒရက်ဂျက်ဆင် ၏အကူအညီဖြင့် ခေါ်ယူခဲ့ခြင်းဖြစ်ပြီး မေလ ၁၄ရက်တွင် အသင်းသို့ရောက်ရရှိက ၁၅ရက်နေ့တွင် ကြံ့ခိုင်ရေးနည်းပြအဖြစ် ရန်ကုန်အသင်းကို စတင်တာဝန်ယူနေပြီ ဖြစ်သည်။ ရန်ကုန်အသင်း ယခုကဲ့သို့ ကြံ့ခိုင်ရေးနည်းပြ ခေါ်ယူခြင်းမှာ အသင်းသမိုင်းတွင် တတိယမြောက်ခေါ်ယူခြင်း ဖြစ်ပြီး ပြီးခဲ့သည့် ပြိုင်ပွဲများတွင် မလေးရှားနိုင်ငံသားများဖြစ်သည့် မာရှီဒီးနှင့် ကိုင်ရို တို့ကို ခေါ်ယူအသုံးပြုခဲ့ကြောင်း သိရသည်။
ရန်ကုန်ယူနိုက်တက်အသင်းသည် ပြီးခဲ့သည့် ၂၀၁၄ ဘောလုံးရာသီတွင် ဖလားလက်မဲ့ဖြစ်ခဲ့ ရပြီး ယခုနှစ်တွင် ရှုံးပွဲမရှိစံချိန်ဖြင့် ချန်ပီယံဆု ဖလားအား ပြန်လည် သိမ်းပိုက်နိုင်ရန် ပြင်ဆင်မှုများ ပြုလုပ်နေခြင်း ဖြစ်သည်။ ထို့ပြင် လက်ရှိအချိန်၌လည်း ရန်ကုန်အသင်းသည် ၂၀၁၅ မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲ၌ ရှုံးပွဲမရှိစံချိန်ဖြင့် အမှတ်ပေးဇယားကို ဦးဆောင်ထားသည့် အသင်းဖြစ်သည်။
Photo - YUFC
ရေးသားသူ - MKZ
Planet Myanmar Network

No comments:

Post a Comment