Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, May 19, 2015

အမေရိကန်လူစွန့်စား ဒိန်းပေါ်တာ စွန့်စားမှုအတွင်း သေဆုံး


အမေရိကန် နိုင်ငံ၏ လူသိအများဆုံး လူစွန့်စားအားကစားသမား ဒိန်းပေါ်တာ သည် ကယ်လီဖိုးနီးယားပြည်နယ် တွင် စွန့်စားသရုပ်ပြမှုတစ်ခုအ တွင်း သေဆုံးသွားသည်။
ဒိန်းပေါ်တာ (၄၃) နှစ်သည် ယိုဆမိုက် အမျိုးသားဥယျာဉ်ရှိ ပေပေါင်း ၇,၅၀၀ မြင့်သော Taft point ကျောက်ဆောင်ထိပ်မှ လေဟုန်စီးဝတ်စုံဝတ်၍ ပျံသန်း စဉ် သေဆုံးသွားကြောင်း ယင်း ဥယျာဉ်မှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောသည်။
 ယင်းကျောက်ဆောင်၏ ကျဉ်းမြောင်းသော ကြားတစ်နေ ရာကို ဖြတ်၍ ပျံသန်းရန် ကြိုးပမ်း မှုအတွင်း မိတ်ဆွေဖြစ်သူ ဂရာ ဟမ်ဟန့်လည်း သေဆုံးသွားခဲ့ သည်။
 ကယ်ဆယ်ရေးသမားများ က ၎င်းတို့နှင့် အဆက်အသွယ် ပြတ်သွားပြီးနောက် မကြာမီအ လောင်းများကို ရှာဖွေတွေ့ရှိခဲ့ သည်။
၎င်းတို့သည် လေထီးများကို အသုံးချထားခြင်းမရှိဟု သတင်း များက ဖော်ပြသည်။
ဒိန်းပေါ်တာသည် ဆမိုက် ဥယျာဉ်ရှိ နာမည်အကြီးဆုံး ကျောက်နံရံကြီးသုံးခုပေါ်သို့ တစ် ရက်တည်း ပထမဆုံး တက် ရောက်နိုင်ခဲ့သူဖြစ်သည်။
၎င်းသည် ပေပေါင်းများစွာ မြင့်သော နေရာမှ ကြိုးတန်း လျှောက်ခြင်း၊ အန္တရာယ်များ သော လေထီးခုန်ခြင်းများကို ပြု လုပ်ခဲ့ကာ ယင်းအနက် စွန့်စားမှု အချို့ကို ခွေးနှင့်အတူ ပြုလုပ်ခဲ့ ခြင်းဖြစ်သည်။
ပြီးခဲ့သည့်နှစ်က ပေါ်တာ သည် ခွေးများ ပျံကြသောအခါ ခေါင်းစဉ်တပ်ထားသည့် ၂၂ မိနစ် ကြာ ဗီဒီယိုဖိုင်တစ်ခုကို ဖော်ပြခဲ့ သဖြင့် အွန်လိုင်းတွင် အုတ်အော် သောင်းတင်းဖြစ်သွားပြီး တိရိစ္ဆာန် အခွင့်အရေး လှုပ်ရှားသူများ၏ ဝေဖန်မှုနှင့်လည်း ရင်ဆိုင်ခဲ့ရ သည်။
—Ref: BBC
http://7daydaily.com/story/37545

No comments:

Post a Comment