Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, May 2, 2015

ဒေးဗစ်ဘက်ခမ်း ဆာဘွဲ့ မရသင့်ကြောင်း မွေးနေ့ အကြိုစစ်တမ်းက ဖော်ပြ


 
Daily Mail
လန်ဒန်- ယနေ့(စနေနေ့)တွင် အသက် (၄၀) ပြည့်နှစ်မွေးနေ့ ကျရောက်မည့် အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်း ဒေးဗစ်ဘက်ခမ်းအနေဖြင့် တော်ဝင်နန်းတော်မှချီးမြှင့်သော ဆာဘွဲ့ကဲ့သို့ သူကောင်းဘွဲ့ မခံယူသင့်ကြောင်းသောကြာနေ့တွင် ထုတ်ပြန်ခဲ့သည့် စစ်တမ်းတစ်ရပ်က ဖော်ပြလိုက်သည် ။
အားကစားစာနယ်ဇင်းအဖွဲ့ PA Sport ကကြီးမှူးပြီး ကောက်ယူခဲ့သည့် Usurv စစ်တမ်းတွင် လူပေါင်း ၁,၀၀၀ ကျော်အနက်ထက်ဝက်ကျော် ၅၀ ဒသမ ၈၂ ရာခိုင်နှုန်းက ဘက်ခမ်းအနေဖြင့် ဆာဘွဲ့ကဲ့သို့ သူကောင်းဘွဲ့မျိုးကို မခံယူသင့်ကြောင်း ထင်မြင်ချက်ပေးခဲ့ပြီး ခံယူသင့်ကြောင်း သဘောတူသူမှာမူ ၃၆ ဒသမ  ၄၅ရာခိုင်နှုန်းရှိခဲ့သည်။
စစ်တမ်းတွင် ကျန် ၁၄ ဒသမ ၅၃ ရာခိုင်နှုန်းကမူ ၎င်းတို့ အနေဖြင့် သင့် ၊ မသင့်ကို  မတွေးတတ်ကြောင်းဆိုသည်။ စစ်တမ်းတွင် ဝင်ငွေ တစ်နှစ်ပေါင်လေးသောင်းနှင့်အထက်ရှိသူအများစု ၆၀ ဒသ မ ၃၅ ရာခိုင်နှုန်းကလည်း ၎င်းကို သူကောင်းဘွဲ့၊ ဆာဘွဲ့ပေးရန် မထောက်ခံဘဲ ဆန့်ကျင်ခဲ့ကြသည်။
သို့သော်စစ်တမ်းတွင် ဘက်ခမ်းမှာ အမျိုးသားများထက် အမျိုးသမီးများကြားတွင် ပို၍လူကြိုက် များကြောင်း တွေ့ရသည်ဟုဆို သည်။မန်ယူတွင်အောင်မြင်ပြီး ရီးရဲလ်၊  အယ်လ်အေဂလက်ဇီတို့တွင် ကစားကာ ကမ္ဘာ့ဝင်ငွေအကောင်းဆုံးဖြစ်ခဲ့သော ဘက်ခမ်းသည် ၂၀၀၃ က ဘုရင်မကြီးမွေးနေ့ဂုဏ်ပြုစာရင်းအရ OBE ဘွဲ့ရခဲ့သည်။
၎င်းသည် လန်ဒန်အိုလံပစ် ၂၀၁၂ ကျင်းပခွင့်ရရေး ဦးဆောင်လှုံ့ဆော်ရာတွင် ပါဝင်ခဲ့ပြီး ယူနီဆက်သံတမန်တစ်ဦးအဖြစ် တာဝန်ယူနေသည်။  ထို့အပြင် မန်ယူနှင့် အင်္ဂလန်တွင် ၎င်းကစားခဲ့သည့်နံပါတ် -၇ ကို အစွဲပြုကာ 7 fund ခေါ် ဒုက္ခသည် ကလေးငယ်များ စောင့် ရှောက်ရေးရန်ပုံငွေတစ်ရပ်ကို ယခုနှစ်ဆန်းတွင် တည်ထောင်ထားသည်။     —Ref:ESPN

 http://7daydaily.com/story/36334#.VUUnopOIXaq

No comments:

Post a Comment