Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, May 18, 2015

အစိုးရသစ်အနေဖြင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်နိုင်ငံ မတည်ဆောက်နိုင်ပါက ဆန္ဒပြမည်ဟု ဦးစိုးသိန်းပြော


Tuesday, May 19, 2015
လာမည့်ရွေးကောက်ပွဲ တွင် အနိုင်ရမည့်အစိုးရသည် ဒီမိုကရေစီနိုင်ငံနှင့် ဖက်ဒရယ် နိုင်ငံကို တည်ဆောက်ရမည့် တာဝန်ရှိပြီး ယင်းသို့ မလုပ် ဆောင်ပါက ၎င်းကိုယ်တိုင် ဆန္ဒပြ မည်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ပြောကြားသည်။
‘‘ဘယ်သူပဲ နိုင်နိုင် WhoeverWin ဒီမိုကရေစီနိုင်ငံတော်ဖြစ် အောင် တည်ဆောက်ရမယ်။ ဖက် ဒရယ်နိုင်ငံတော်ကြီးဖြစ်အောင် တည်ဆောက်ရမယ်။ အဲဒါက တာဝန်ပဲ။ မဟုတ်ရင် ကျွန်တော် လည်း ထွက်ပြီး ဆန္ဒပြမှာ။ ကျွန် တော်လည်း နောက်အစိုးရကို ဆန္ဒပြမှာ’’ဟု ပြည်ထောင်စုဝန်ကြီးဦးစိုးသိန်းကပြောသည်။
မေလ ၁၈ ရက်တွင် ရန်ကုန် တိုင်းဒေသကြီး၊ အစိုးရအဖွဲ့ရုံး၌ ကျင်းပပြုလုပ်သော နိုင်ငံတော် သမ္မတနှင့် နိုင်ငံရေးပါတီများ တွေ့ဆုံပွဲတွင် ဝန်ကြီးဦးစိုးသိန်း က အထက်ပါအတိုင်း ပြောကြား ခဲ့ခြင်းဖြစ်သည်။
နိုင်ငံတော် အာဏာသည် အမြဲတမ်းမဟုတ်ကြောင်း၊ ၎င်းတို့ အစိုးရသည်လည်း အမြဲတမ်းမ ဟုတ်သည့်အတွက် နိုင်ငံကောင်း ကျိုးကို အဆင့်ဆင့် လက်ဆင့် ကမ်းပြီး ဆောင်ရွက်ရမည်ဖြစ် ကြောင်း နိုင်ငံရေး ပါတီများအားဝန်ကြီးဦးစိုးသိန်းက ပြောသည်။ အစိုးရ အနေဖြင့် အခက်အခဲများ၊ စိန်ခေါ်မှုများကို နေ့စဉ်ကြုံ တွေ့နေရသော်လည်း စိတ်ပျက် စရာမဟုတ်ကြောင်း၊ ပထမဆုံး ဒီမိုကရေစီအစိုးရသည် အခက်အခဲများကို ကြုံတွေ့ရကြောင်း ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ဆို သည်။ မေလ ၁၈ ရက်က ကျင်းပသော နိုင်ငံတော်သမ္မတနှင့် နိုင်ငံရေးပါတီများတွေ့ဆုံပွဲကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးများ၊ နိုင်ငံရေးပါတီ ၇၁ ပါတီမှ ကိုယ်စားလှယ် ၁၀၀ ကျော် တက်ရောက်ခဲ့ကြသည်။
ဒီမိုကရေစီနှင့် ဖက်ဒရယ် နိုင်ငံကို တည်ဆောက်ချင်သည် ဆိုပါက တပ်မတော်အစိုးရရေးဆွဲ ခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ရန်လိုကြောင်း၊ နောက် အစိုးရအား ဒီမိုကရေစီနှင့် ဖက်ဒရယ်နိုင်ငံတည်ဆောက်နိုင် ရေးအတွက် လက်ရှိ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ပေးရန်အစိုးရအနေဖြင့် အားထုတ်ကြိုး ပမ်းသင့်ကြောင်း ဝန်ကြီးဦးစိုးသိန်း၏ ပြောကြားချက်အပေါ် ရခိုင်အမျိုးသားပါတီ ဗဟိုအလုပ်အမှုဆောင် ဦးအေးသာအောင်က တုံ့ပြန်ပြောသည်။
‘‘သူတို့အစိုးရလက်ထက်မှာ လည်း ဖက်ဒရယ်နိုင်ငံ မတည် ဆောက်နိုင်ဘူး။ ဒီဖွဲ့စည်းပုံအခြေ ခံဥပဒေကို မပြင်နိုင်သမျှ ဘယ်အ စိုးရတက်တက် ဖက်ဒရယ်နိုင်ငံမ တည်ဆောက်နိုင်ဘူး။ အဲဒီတော့ ဖွဲ့စည်းပုံကို ပြင်ပေးဖို့ လိုတယ်’’ ဟု ဦးအေးသာအောင်က ပြောသည်။
ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)
7Day Daily

No comments:

Post a Comment