Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, May 20, 2015

ဘန်ကို လာခွင့်မပေးဖို့ မြောက်ကိုရီးယားဆုံးဖြတ်

မြောက်ကိုရီးယား ခေါင်းဆောင် Kim Jong-Un (Credit: AFP)
 ကုလသမဂ္ဂ ​အထွေထွေ အတွင်းရေးမှူးချုပ် ​ဘန်ကီမွန်းကို ​မြောက်ကိုရီးယားနိုင်ငံက ​အစောပိုင်းတုန်းက ​ဖိတ်ခေါ်ထားပေမယ့် ​ဒီမနက်မှာပဲ ​ဘာအကြောင်းပြချက်မှ ​မပေးပဲ ​ဖိတ်ခေါ်မှုကို ​ပြန်ရုတ်သိမ်းလိုက်ပါတယ်။

မြောက်ကိုရီးယားနိုင်ငံက ​စက်မှုဇုံတစ်ခုကို ​လည်ပတ်ဖို့ ​ဘန်ကီမွန်းက ​စီစဉ်ခဲ့ပေမယ့် ​မြောက်ကိုရီးယားက ​ဖိတ်ကြားချက် ​ရုပ်သိမ်းလိုက်တဲ့အပေါ် ​အင်မတန် ​စိတ်မကောင်းဖြစ်မိတယ်လို့ ​ဘန်ကီမွန်းက ​ပြောပါတယ်။

ခရီးစဉ် ​မစတင်ခင် ​အချိန်လေးမှာ ​ဘာကြောင့် ​ဖိတ်ကြားချက်ကို ​ပြန်ရုပ်သိမ်းရသလဲ ​ဆိုတာကိုလည်း ​မြောက်ကိုရီးယားက ​ရှင်းပြမှု ​မလုပ်ခဲ့ပါဘူး။

ဘန်ကီမွန်းဟာ ​တောင်ကိုရီးယားနိုင်ငံသားဖြစ်ပြီး ​၂၀၀၄ ​ကနေ ​၂၀၀၆ ​ခုနှစ်တုန်းက ​တောင်ကိုရီးယား ​နိုင်ငံခြားရေး ​ဝန်ကြီးအဖြစ် ​အမှုထမ်းဆောင်ခဲ့ဖူးပါတယ်။

မနေ့တုန်းကပဲ ​ဘန်ကီမွန်းက ​မကြာခင်မှာ ​မြောက်ကိုရီးယားကို ​လည်ပတ်ဖို့ ​ရှိတယ်လို့ ​ထုတ်ဖော်ပြောဆိုခဲ့ပေမယ့် ​ဒီကနေ့မှာတော့ ​အစီအစဉ် ​ပျက်သွားတာ ​ဖြစ်ပါတယ်။

မြောက်ကိုရီးယား ​သတင်းမှာတော့ ​ဘန်ကီမွန်းကို ​ဖိတ်ကြားတဲ့ ​သတင်းတွေရော၊ ​ဖိတ်ကြားမှု ​ရုပ်သိမ်းတဲ့ ​သတင်းတွေကိုပါ ​ဖော်ပြခြင်း ​မရှိပါဘူး။

ABC Radio Australia
http://www.radioaustralia.net.au/burmese

No comments:

Post a Comment