Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, May 3, 2015

မေ၀ဲသား အမှတ်နဲ့နိုင်


 အမေရိကန်ပြည်ထောင်စု လက်စ်ဗေးဂတ် အမ်ဂျီအမ် ဂရမ်းဂါဒင် အရီနာ လက်ဝှေ့ကွင်းမှာ အမေရိကန် နိုင်ငံသား လက်ရှိ WBC, WBA ကမ္ဘာ့ဝေါလတာဝိတ် လက်ဝှေ့ချန်ပီယံ ဖလွိုက် မေ၀ဲသားနဲ့ ဖိလိပိုင်နိုင်ငံ သား မန်နီ ပက်ကွီအိုတို့ ၁၂ ချီ ယှဉ်ပြိုင် ထိုးသတ် ခဲ့ကြပါတယ်။

၁၂ ချီထိုးသတ်အပြီး မေ၀ဲသားက ပက်ကွီအိုကို အမှတ်နဲ့ နိုင်ပြီး သူရဲ့ ချန်ပီယံဘွဲ့ကို ဆက်ထိန်းထားနိုင်ခဲ့ပြီး ထိုးသတ်ပြီးခဲ့တဲ့ ၄၈ ပွဲစလုံး ရှုံးပွဲမရှိ စံချိန်ကိုပါ ဆက်ထိန်းထားနိုင်ခဲ့ပါတယ်။

ဒိုင် ၃ ဦးစလုံးက ၁၁၈၊၁၁၀ ၁၁၆၊၁၁၂ နဲ့ ၁၁၆၊၁၁၂ မှတ်စီနဲ့ မေ၀ဲသားကို အနိုင်ပေးခဲ့တာပါ။

လူ ၁၆၀၀၀ ဆန့် အမ်ဂျီအမ် ဂရမ်းဂါဒင် အရီနာ လက်ဝှေ့ကွင်းမှာ ထိုးသတ်ခဲ့တဲ့ သူတို့ ၂ဦးရဲံ့ လက်ဝှေ့ပွဲကို တချို့ ဒေါ်လာ ၃ သိန်း၅သောင်းလောက် ပေးကြည့်ခဲ့ရပါတယ်။

စောစောပိုင်းအချီတွေမှာ မေ၀ဲသာ အသာစီးရနေခဲ့ပေမယ့် ၄ ချီမြောက်မှာ ပက်ကွီအို က ပြင်းထန်တဲ့ ဘယ်ဝိုက်လက်သီးတွေနဲ့ ထိုးသတ်နိုင်ခဲ့ပါတယ်။

ဒါပေမယ့် မေ၀ဲသားက အန္တရာယ်ကို လျင်လျင်မြန်မြန် ပါးပါးနတ်နတ် ရှောင်ကွင်းထိုးသတ်နိုင်ခဲ့တာကြောင့် နောက်ဆုံးမှာ အမှတ်နဲ့ နိုင်သွားခဲ့တာ ဖြစ်ပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese

No comments:

Post a Comment