Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, May 13, 2015

ချစ်သူကို နှစ် ၂၀ လုံး နေရာမပြောင်းဘဲ စောင့်ခဲ့သူ



 ချစ်သူကို နှစ် ၂၀ လုံး နေရာမပြောင်းဘဲ စောင့်ခဲ့သူ ထိုင်ဝမ်နိုင်ငံက ရထားဘူတာရုံတစ်ရုံကို ရောက်လာတဲ့သူတိုင်း ထူးဆန်းပြီး သက်ရှိထင်ရှား ရှိနေသေးတဲ့ သူတစ်ယောက်အကြောင်းကို ခေတ်သစ် အချစ်သူရဲကောင်း ပုံပြင်တစ်ပုဒ်ကို ကြားရမှာ ဖြစ်ပါတယ်။ ဒါက တော့ အသက် ၄၇ နှစ် အရွယ် အာဂျီဆိုတဲ့ အမျိုးသားဟာ လွန်ခဲ့တဲ့ နှစ် ၂၀ လောက်က ဘူတာရုံမှာ တွေ့မယ် လို့ ပြောခဲ့တဲ့ ချစ်သူမိန်းကလေးရဲ့ စကားအတိုင်း မြေ၀ယ်မကျ နားထောင်ပြီး လွန်ခဲ့တဲ့ နှစ် ၂၀ လုံးလုံး တစ်နေရာတည်းမှာ ရပ်စောင့်နေခဲ့တဲ့ အကြောင်းပဲ ဖြစ်ပါတယ်။

အစောပိုင်းတုန်းက အာဂျီဟာ ဘူတာရုံမှာ ရှိတဲ့ လှေကားထစ်တွေမှာ ထိုင်စောင့်ခဲ့တာ ဖြစ်ပြီး နှစ်နည်းနည်း ကြာတဲ့ အခါမှာတော့ ချစ်သူ လာမယ်ဆိုရင် တွေ့ရလွယ်စေဖို့ ဘူတာရုံရဲ့ အထွက်တံခါးပေါက်နားကို ရွေး လိုက်ပြီး ဘူတာရုံရှေ့ကနေ ဖြတ်သွားသူတွေရဲ့ မျက်နှာတွေကို လိုက်ကြည့်ရင်း ချစ်သူပျောက် ရှာနေခဲ့ပါ တော့တယ်။ သူဟာ ချစ်သူကို ပြန်တွေ့ရဖို့အတွက် ဆာလောင်မှုနဲ့ အိမ်ခြေရာမဲ့ ဖြစ်ရမှုကို မေ့ပျောက်ထားခဲ့ပါတယ်။ သူဟာ အသက်ရှင်မှုအတွက် ဘူတာရုံနားကို ဖြတ်သန်းသွားတဲ့ လူမှုကူညီပေးရေး လုပ်သားတွေနဲ့ စေတနာရှင်တွေရဲ့ လှူဒါန်းမှုတွေကိုပဲ အားကိုးနေရသူပါ။ တခါတလေ ဘူတာရုံရှေ့ကနေ ဖြတ်သွားတဲ့ ကားတွေက သူ့ကို အစားအစာတွေ ပေးတတ်ပြီး တချို့မိသားစုတွေကလည်း သူကို အ၀တ်အစားသစ်တွေ လာပေးလေ့ ရှိပါတယ်။

လွန်ခဲ့တဲ့ သုံးနှစ်လောက်တုန်းကတော့ လူမှုကူညီပေးရေး လုပ်သားတွေက သူနေဖို့ နေရာတစ်ခု လုပ်ပေးမယ်လို့ ပြောခဲ့ပေမယ့် သူက ချစ်သူကို စောင့်နေရတဲ့နေရာမှာပဲ နေသားကျနေပြီလို့ ပြန် ပြောခဲ့ပါတယ်။ ထိုင်ဝမ်က တီနီယန်မြို့ကလေးရဲ့ လူမှုကူညီပေးရေးအဖွဲ့က အာဂျီအတွက် ဘုရားကျောင်းမှာ ညစာစားပွဲတစ်ခု လုပ်ပေးခဲ့ပြီး ဒီညစာစားပွဲကို အာဂျီရဲ့မိသားစုဝင်တွေနဲ့ ဘူတာရုံက သူငယ်ချင်းတွေ တက် ရောက်ခဲ့ကြပါတယ်။ ဒီညစာစားပွဲမှာ အာဂျီဟာ ပျော်ပျော်ရွှင်ရွှင်ပဲ ရှိနေခဲ့ပြီး ဒု-မြို့တော်ဝန်နဲ့ ခွက်တိုက်ခဲ့  တယ်လို့လည်း သိရပါတယ်။ သူ့မိသားစုဝင်တွေနဲ့ အကူအညီပေးရေး လုပ်သားတွေက အာဂျီကို အိမ်ပြန်ဖို့ ပြောပေမယ့် သူက သူ့အဖို့ ချစ်သူကောင်မလေးကို စောင့်ရတာ အသားကျနေပြီး ဘယ်ကိုမှလည်း မသွားချင်ဘူးလို့ ပြန်ပြောခဲ့ပါတယ်။ တစ်ခုရှိတာက အာဂျီ စောင့်နေခဲ့တဲ့ ကောင်မလေးဟာ သူရဲ့ချစ်သူလား၊ ဒါမှမဟုတ် ပထမဆုံးအကြိမ် ချိန်းတွေ့တဲ့ မိန်းကလေးလား မသေချာတာပါပဲ။

ထိုင်ဝမ်အပြင် စင်ကာပူနဲ့ တရုတ်နိုင်ငံမှာ အာဂျီရဲ့သတင်းတွေ ပျံ့နှံ့သွားပြီးတဲ့နောက်မှာ လူတွေက သူ့ကို  လူသားဟေချီကိုလို့ ချစ်စနိုး ခေါ်လာခဲ့ကြပါတယ်။ ဟေချီကိုဆိုတာက သခင်ဖြစ်သူ သေဆုံးသွားတာကို မသိဘဲ သူ အသက်ထွက်တဲ့အထိ သခင်ကို ဘူတာရုံတစ်ခုမှာ စောင့်နေခဲ့တဲ့ သစ္စာရှိ ခွေးလေးတစ်ကောင်ဖြစ်ပြီး သူ့ရဲ့ဖြစ်ရပ်မှန်ဇာတ်လမ်းကို ရုပ်ရှင်အဖြစ် ပြန်လည်ပုံဖော်ခဲ့ရာမှာလည်း လူကြိုက်များခဲ့ပါတယ်။

Ref – Tencent
http://www.planet.com.mm/detail/27774/World

No comments:

Post a Comment