Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, May 16, 2015

ဂျပန်အပြာကားမင်းသမီးကို တရုတ်သဌေးက ပေါင် ၅ သန်းပေးပြီးအလုပ်ခန့်

ဂျပန်အပြာကားမင်းသမီးကို တရုတ်သဌေးက ပေါင် ၅ သန်းပေးပြီးအလုပ်ခန့် http://mp4you.co.uk/world-news/212Chinese-billionaire-pays-%C2%A35million-to-hire-Japanese-porn-star.html

Posted by MP4 YoU on Saturday, 16 May 2015

တရုတ်မီလီယံနာ သဌေးတစ်ဦးဟာ ဂျပန်နိုင်ငံက နာမည်ကြီးအပြာကားမင်းသမီး တစ်ဦးကို စတာလင်ပေါင် ၅ သန်းအကုန်အကျခံပြီး ကိုယ်ရေးအရာရှိအဖြစ်ငှားရမ်းလိုက်ကြောင်း တရုတ်သတင်းစာတစ်စောင်က ရေးသားဖော်ပြလိုက်ပါတယ်။ တရုတ်စီပွားရေးလုပ်ငန်းရှင် ဘီလီယံနာသဌေးဟာ အဆိုပါ အပြာကားမင်းသမီးကို သူ့ရဲ့လက်ထောက်အဖြစ် ၁၅ နှစ်လုပ်ကိုင်ပေးဖို့ စာချုပ်ချုပ်ခဲ့တာဖြစ်ပါတယ်။


လူပေါင်းများစွာတက်ရောက်တဲ့ ပွဲတစ်ခုမှာ အဆိုပါတရုတ်လုပ်ငန်းရှင်သဌေးနဲ့ ဂျပန် porn star တို့အတူတကွ မြင်ခဲ့ကြရပါတယ်။ ဒါပေမယ့် အဆိုပါဘီလီယံနာဟာ မျက်နှာဖုံးစွပ်နဲ့ ပွဲကိုတက်ရောက်ခဲ့တာကြောင့် ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာ မသဲကွဲဖြစ်နေပါတယ်။ အပြာကားဇာတ်လမ်းတွေရိုက်ကူးတဲ့ ဂျပန်မင်းသမီးက တော့ ရိုလာမီဆာကီဖြစ်ပြီး သူမဟာ ရုရှားသွေးတစ်ဝက် ဂျပန်သွေးတဝက်ပါဝင်သူဖြစ်တယ်လို့ သတင်းစာတွေက ရေးသားကြပါတယ်။


အထက်ပါ လုပ်ငန်းရှင်နဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းကတော့ ဘယ်သူဖြစ်တယ်ဆိုတာကို ရိပ်မိနေကြပြီး ဖျော်ဖြေရးလုပ်ငန်းတွေမှာ ငွေကြေးများစွာ ရင်းနှီးမြုပ်နှံထားသူဖြစ်တယ်လို့ ဆိုပါတယ်။ ငှားရမ်းခံခဲ့ရတဲ့ မီဆာကီကတော့ အသက် ၂၃ နှစ်သာရှိသေးပြီး ၁၉၉၂ ခုနှစ်မွေးဖွားသူဖြစ်ပါတယ်။ ချစ်စဖွယ်မျက်နှာကို ပိုင်ဆိုင်ထားတာကြောင့် အချိန်တိုအတွင်းမှာ လူသိများအောင်မြင်လာသူဖြစ်ပါတယ်။
http://www.planet.com.mm/detail/27803/World

No comments:

Post a Comment