Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, May 18, 2015

တောကျွဲအင်းမြို့မှာ လူသတ်မှုဖြစ်ပွား

စနောက်ရာမှ စကားများရန်ဖြစ်ပြီး ဓားဖြင့်ထိုး၍သေဆုံး

နေပြည်တော်၊ မေ ၁၈

၂ဝ၁၅ ခုနှစ်၊ မေလ ၁ရ ရက်နေ့ နံနက် ၁ဝ နာရီ ၁၅ မိနစ်အချိန် ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ တောကျွဲအင်းမြို့၊ အဝေယာရပ်ကွက်ရှိ ဒေါ်ကြည်ကြည်လွင်၏ ကုန်စုံဆိုင်ရှေ့တွင် တစ်ရပ်တည်းနေ လှဖုန်းကျော်(၄၁)နှစ်မှ ဒေါ်ကြည်ကြည်လွင်၏ ကလေးများနှင့်စနောက်နေစဉ် သန်းကျော်စိုး(၄ဝ)နှစ်က ဝင်ရောက်စနောက်ပြောဆိုရာမှ လှဖုန်းကျော်နှင့် သန်းကျော်စိုးတို့ စကားများ ရန်ဖြစ်ရာ သန်းကျော်စိုး က လှဖုန်းကျော်အား လက်သီးဖြင့်ထိုးခဲ့သည်။

 ထို့နောက် လှဖုန်းကျော်မှ နေအိမ်သို့ပြန်၍ အရိုး(၃)လက်မ၊ အသွား(၅)လက်မ၊ ဗျက်(၁)လက်မခန့်ရှိ ဓားဦးချွန်ဓားမြှောင် တစ်ချောင်း ယူဆောင်လာကာ သန်းကျော်စိုး ကို ဓားမြှောင်ဖြင့်ထိုးသောကြောင့် သန်းကျော်စိုးတွင် ဒဏ်ရာများရရှိသေဆုံးသွားသဖြင့် လှဖုန်းကျော်အား တောကျွဲအင်းနယ်မြေရဲစခန်း(ပ)၃၈/၂ဝ၁၅၊ ပြစ်မှု ပုဒ်မ ၃ဝ၂ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia

No comments:

Post a Comment