Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, May 17, 2015

သံဃာတစ်ပါးက ၁၁ နှစ်အရွယ် အမျိုးသမီးငယ်ကို ထိုင်းနိုင်ငံသို့ လူကုန်ကူးရန်ခေါ်လာ၍ ဖမ်းဆီးခံရ


မြဝတီ၊ မေ ၁၄

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ အမှတ် (၁) ရပ်ကွက်တွင် မေ ၁၂ ရက် နေ့လယ်ပိုင်းက ဝါတော် ခုနစ်ဝါရှိ သံဃာဦးတိလောက(ခ) ဦးသိန်းဒိစိန်သည် အသက် ၁၁ နှစ်အရွယ် အမျိုးသမီးငယ် တစ်ဦးကို ထိုင်းနိုင်ငံသို့ လူကုန်ကူးရန် ဗံဒါပင်တည်းခိုခန်းသို့ ဖြားယောင်း ခေါ်ဆောင်လာသဖြင့် မြဝတီ မြို့မ ရဲတပ်ဖွဲ့စခန်းက ဖမ်းဆီးခဲ့ကြောင်း အဆိုပါရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဦးတိလောကသည် ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် ထီးလတ်ကျေးရွာ ဘုန်းကြီးကျောင်း၌ တစ်ဝါခန့် ဝါလာဆိုသည့် အသက် ၆၆ နှစ် အရွယ် အာဂန္တုဘုန်းကြီး ဖြစ်ကြောင်း၊ ကလေးငယ်ကို ဖြားယောင်းခေါ်လာပြီး လမ်းခုလတ်တွင် သံဃာဝတ်မှ လူဝတ်သို့ ပြောင်းလဲခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ယင်းကလေးငယ်၏ မိဘနှစ်ဦးသည် ပဲခူးရိုးမတောင်ပေါ်သို့ ဝါးခုတ်သွားခဲ့ရာ လေးရက်ကြာခဲ့ပြီး သမီးငယ် နှင့်အတူ ကိုးနှစ်အရွယ် သားငယ်တို့ကို နေအိမ်၌ထားခဲ့ရာ သမီးဖြစ်သူ အိပ်ပျော်နေစဉ် မေလ ၈ ရက်က ပျောက်ဆုံးသွားသည်ဟု ဖဒိုနယ်မြေရဲစခန်းထံ အမှုဖွင့် တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

သမီးငယ်ကို ထီးလပ်ကျေးရွာ ဘုန်းကြီးကျောင်းမှ သံဃာတော် ဦးတိလောကက လာရောက်ခေါ်သွား သည်ဟု သမီးငယ်နှင့်အတူ ရှိနေသည့် ကိုးနှစ်အရွယ်သားက ပြောပြသဖြင့် မိခင် ဖြစ်သူ သိရှိခဲ့ရကြောင်း မြဝတီ မြို့မ ရဲတပ်ဖွဲ့စခန်း မှတ်တမ်းအရ သိရသည်။

ဦးတိလောက၏ သမီးဖြစ်သူ ဒေါ်လဲ့လဲ့ဝင်းက သမီးငယ်ကို နာရီ၊ ဖိနပ်၊ သနပ်ခါးဘူးနှင့် ပိတ်စလက်ဆောင် ဝယ်ပေးခဲ့ဖူးသောကြောင့် သမီးငယ်လေးမှာ ယင်းသံဃာတော်နှင့် ခင်မင်မှု ရှိနေသ ဖြင့် ဖြားယောင်းခံရခြင်း ဖြစ်ကြောင်း ကလေး မိခင်ဖြစ်သူ၏ ရဲစခန်းထံတိုင် ကြားချက်အရ သိရသည်။

ကလေးငယ်ကို ခေါ်ဆောင်သွားသည်ဟု တိုင်ကြားခံရသော ဦးတိလောကနှင့် အားပေးကူညီသူ ဒေါ်လဲ့လဲ့ဝင်း တို့ကို အရေးယူပေးရန် ကလေးမိဘများက ဖဒိုရဲစခန်းတွင် အမှုဖွင့် တိုင်ကြားထား ခြင်းကြောင့် ဖဒိုနယ်မြေ ရဲစခန်းနှင့် မြဝတီ ရဲတပ်ဖွဲ့စခန်းတို့ ချိတ်ဆက် ဆောင်ရွက်မှုဖြင့် ကလေးငယ်ကို တစ်ဖက်နိုင်ငံသို့ ခေါ်ဆောင်မသွားမီ ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်ကြောင်း မြဝတီ မြို့မရဲတပ်ဖွဲ့ဝင်များက ဆိုသည်။

မြတ်ကို (ဒေါနမြေ)

No comments:

Post a Comment