မြန်မာနဲ့ အိုမန်ကန်တဲ့ ပွဲမှာ မြန်မာ ပရိသတ်တွေရဲ့ ကြမ်းတမ်းတဲ့ အပြုအမှုကြောင့် အိမ်ကွင်းကို မြန်မာမှာ လုပ်ခွင့် မရတော့တာပါ။ (Credit: ABC) |
လာမယ့်လမှာ ကမ္ဘာ့ဖလား ခြေစစ်ပွဲအတွက် မြန်မာ အသင်းက တောင်ကိုရီးယား အသင်းနဲ့ ကန်ရမှာ ဖြစ်ပါတယ်။
ဒါပေမဲ့ ၂၀၁၁ ခုနှစ်တုန်းက မြန်မာ ပရိသတ်တွေ ရမ်းကားခဲ့ချိန်ကစပြီး အိမ်ကွင်းပွဲ ကျင်းပတဲ့အခါ မြန်မာနိုင်ငံမှာ ကျင်းပခွင့် မရတော့တဲ့အတွက် ထိုင်းနိုင်ငံ ဘောလုံးကွင်းကို အိမ်ကွင်းအဖြစ် ငှားရမ်းခဲ့တာ ဖြစ်ပါတယ်။
၂၀၁၁ ခုနှစ်တုန်းက ကျင်းပတဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲအတွင်း မြန်မာနဲ့ အိုမန် အသင်း ကန်တဲ့ပွဲမှာ မြန်မာ ပရိသတ်တွေက ရမ်းကားခဲ့ကြတာ ဖြစ်ပါတယ်။
အစတုန်းကတော့ မြန်မာအသင်းကို ခြေစစ်ပွဲမှာ ဝင်မပါစေဖို့အထိ တားမြစ်ခဲ့ကြပေမယ့် အဲဒီအပေါ် မြန်မာက အယူခံ ဝင်ပြီးတဲ့နောက် ခြေစစ်ခွင့် ပြန်ပေးလိုက်တာပါ။
လာမယ့် ဇွန်လ ၁၆ ရက်နေ့ကျရင် အုပ်စု ဂျီ ဖြစ်ကြတဲ့ မြန်မာနဲ့ တောင်ကိုရီးယားတို့ တွေ့ဆုံဖို့ရှိပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese
No comments:
Post a Comment