Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, May 14, 2015

နယူးဂျာစီမှာရှိတဲ့ ကမ္ဘာ့အန္တရာယ်အများဆုံး ရေလွှာပန်းခြံ

နယူးဂျာစီမှာရှိတဲ့ ကမ္ဘာ့အန္တရာယ်အများဆုံး ရေလွှာပန်းခြံ
ကမ္ဘာ့အန္တရာယ်အရှိဆုံးပန်းခြံလို့ လူသိများခဲ့တဲ့ အမေရိကန် နယူးဂျာစီပြည်နယ်က ပန်းခြံကိုပိတ်သိမ်းထားခဲ့ရာက အခုအခါပြန်ဖွင့်ပေးလိုက်ပြီဖြစ်ပါတယ်။ ရှည်လျားတဲ့ သံပိုက်လုံးဥမင်ထဲကနေ ရေကန်ထဲကို လျှောစီးလို့ရတဲ့ ဒီပန်းခြံထဲမှာ အရင်တုန်းက ဆိုးရွားတဲ့ အဖြစ်အပျက်တွေ ဖြစ်ပျက်ခဲ့ဖူးပါတယ်။


လူရောက်လည်ပတ်တဲ့ လူခြောက်ဦးအထိ သေဆုံးခဲ့ပြီး ရာပေါင်းများစွာဟာ ဒဏ်ရာအနာတရ ဖြစ်ကုန်ကြပါတယ်။ ၁၉၇၀ နှောင်းပိုင်းနှစ်တွေမှာ ဒီပန်းခြံကျယ်ကြီးဟာ အနားယူဖို့ သင့်တော်တဲ့ နေရာဖြစ်ခဲ့ပေမယ့် ဆယ်ရက်အတွင်းမှာ လူပေါင်းများစွာ ပြင်းထန်တဲ့ဒဏ်ရာအနာတရ ကြုံရပြီးတဲ့နောက်မှာတော့ တရားစွဲဆိုခြင်း ခံခဲ့ရပါတယ်။ အဲဒီနောက် အများပြည်သူအတွက် အန္တရာယ်များတဲ့ အတွက် ၃၆ ဧကကျယ်ဝန်းတဲ့ ဒီပန်းခြံကို ၁၉၉၆ ခုနှစ်မှာ ပိတ်သိမ်းခဲ့ရပါတော့တယ်။


ဒါပေမယ့်လည်း ရေလွှာလျှောစီးတဲ့ ပိုက်လုံးထဲကနေအထွက်မှာ အောက်ကရေခဲတမျှ အေးစက်နေတဲ့ ရေကန်ထဲကခုန်ဆင်းရတဲ့ အရသာဟာ မက်မောစရာဖြစ်တဲ့အတွက် နွေရာသီမှာ လာရောက်လည်ပတ်သူတွေ ပြန်လည်ပြည့်နှက်လာပြီဖြစ်ပါတယ်။ ဒီပန်းခြံကို action park လို့ အမည်ပေးထားတာဖြစ်ပြီး ဘေးကင်းဖို့အတွက် အဆင့်မြှင့်တက်မှုတွေ ပြုလုပ်ထားပါတယ်။

Ref - telegraph
http://www.planet.com.mm/detail/27785/World

No comments:

Post a Comment