AH-64D Apache Longbow တိုက်ခိုက်ရေး ရဟတ်ယာဉ် |
CH-47F Chinook အကြီးစား သယ်ယူ ပို့ဆောင်ရေး ရဟတ်ယာဉ် |
နယူးဒေလီ ၊ ၂၈-၅-၂၀၁၅
အိန္ဒိယလေတပ် အတွက် အမေရိကန် ဒေါ်လာ ၃ ဒသမ ၁ ဘီလီယံ တန်ဖိုးရှိ အမေရိကန် နိုင်ငံလုပ် တိုက်ခိုက်ရေး ရဟတ်ယာဉ် နှင့် အကြီးစား သယ်ယူ ပို့ဆောင်ရေး ရဟတ်ယာဉ်များ ဝယ်ယူရေး အဆိုပြုချက်ကို အိန္ဒိယ ကာကွယ်ရေး ဝန်ကြီးဌာနက ခွင့်ပြု ပေးခဲ့ကြောင်း Newsnow သတင်းတစ်ရပ် အရ သိရသည်။
အမေရိကန် ကာကွယ်ရေး ဆိုင်ရာ ပစ္စည်းများ ထုတ်လုပ်သည့် ဘိုးအင်း ကုမ္ပဏီထုတ် AH-64D Apache Longbow တိုက်ခိုက်ရေး ရဟတ်ယာဉ် ၂၂ စင်းနှင့် CH-47F Chinook အကြီးစား သယ်ယူ ပို့ဆောင်ရေး ရဟတ်ယာဉ် ၁၅ စင်း ဝယ်ယူခွင့် ပြုရန်အတွက် ကာကွယ်ရေး ဝန်ကြီး မာနိုဟာ ပါရီကာ က ဘဏ္ဍာရေး ဝန်ကြီးဌာနသို့ အဆိုပြုချက် တင်သွင်းခဲ့ခြင်း ဖြစ်သည်။
Apache ရဟတ်ယာဉ် ဝယ်ယူရေး အဆိုပြုချက်ကို ဘဏ္ဍာရေး ဝန်ကြီးဌာန သို့ ဧပြီ ၂၃ ရက်တွင် ပေးပို့ခဲ့ခြင်း ဖြစ်ပြီး Chinook ရဟတ်ယာဉ် ဝယ်ယူရေး အဆိုပြုချက်ကို လွန်ခဲ့သည့် ရက်သတ္တပတ် က ပေးပို့ခဲ့ကြောင်း သိရသည်။
Hellfire ဒုံးကျည်များ တပ်ဆင်ထားသည့် Apache တိုက်ခိုက်ရေး ရဟတ်ယာဉ် များသည် တစ်မိနစ်အတွင်း ပစ်မှတ် ၁၂၈ ခုကို တိုက်ခိုက် နိုင်ကြောင်း သိရသည်။ အမေရိကန် နိုင်ငံသည် လက်ရှိအချိန်၌ အိန္ဒိယ စစ်ဘက်သို့ စစ်လက်နက် ပစ္စည်း အများဆုံး ထောက်ပံ့သည့် နိုင်ငံဖြစ်ပြီး လွန်ခဲ့သည့် ခြောက်နှစ်တာ ကာလအတွင်း၌ အမေရိကန် ဒေါ်လာ ၁ဝ ဘီလီယံကျော် တန်ဖိုးရှိသော စစ်လက်နက် ပစ္စည်းများ ရောင်းချ ပေးခဲ့ကြောင်း သိရသည်။
#PyiChitThar
No comments:
Post a Comment