Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, May 6, 2015

အမျိုးသမီးတွေအတွက် ဂျပန်ဟိုတယ်ရဲ့ ထူးခြားတဲ့ ဝန်ဆောင်မှု

အမျိုးသမီးတွေအတွက် ဂျပန်ဟိုတယ်ရဲ့ ထူးခြားတဲ့ ဝန်ဆောင်မှု
အမျိုးသမီးတွေ ဝမ်းနည်းလာတဲ့အခါ အားရပါးရငိုကြွေးနိုင်တဲ့ အိပ်ခန်းတွေကို ဝန်ဆောင်မှုပေးမယ့် အစီအစဉ်ကို ဂျပန်ဟိုတယ်တစ်ခုက စတင်လိုက်ပါတယ်။ ငိုရင်းမျက်ရည်သုတ်ဖို့ အကောင်းစားတစ်ရှုးတွေနဲ့ အတူ အမျိုးသမီးတွေအကြိုက် ရုပ်ရှင်ကားတွေကိုလည်း ထားရှိပေးသွားမှာ ဖြစ်ပါတယ်။


ရှင်ဂျူကု အရပ်မှာရှိတဲ့ Mitsui Garden လို့အမည်ရတဲ့ ဟော်တယ်က ဒီဝန်ဆောင်မှုကိုပေးတာဖြစ်ပါတယ်။ အသည်းကွဲတဲ့အခါပဲဖြစ်ဖြစ်၊ ဝမ်းနည်းတဲ့အခါပဲ ဖြစ်ဖြစ် အားရပါးရငိုကြွေးလို့ရပြီး အမျိုးသမီးတွေ စိတ်ကြိုက်ဖြစ်စေမယ့်ပုံစံနဲ့ အခန်းကိုဒီဇိုင်းဆွဲထားတယ်လို့ ဟိုတယ်က ကြေငြာထားပါတယ်။ နေ့စဉ်နဲ့အမျှ လူမှုပတ်ဝန်းကျင်မှာ ဝမ်းနည်းစရာတွေ ကြုံတွေ့နေရတဲ့ အမျိုးသမီးတွေကို ကူညီဖို့ကြိုးစားထားတဲ့ အစီအစဉ်ဖြစ်တယ်လို့ အဆိုပါဟိုတယ်က ပြောပါတယ်။ ဟိုတယ်နှုန်းထားခတော့ အခန်းတစ်ခန်းအတွက် တစ်ညအိပ်ခ ဂျပန်ယွမ်ငွေ တစ်သောင်းလောက်ကျသင့်မှာ ဖြစ်ပါတယ်။


မျက်ရည်သုတ်ဖို့ အကောင်းစားတစ်ရှုးစက္ကူတွေ ထားပေးထားလို့ ငိုကြွေးပြီးရင် မျက်လုံးနီးရဲဖူးယောင်နေမှာ ပူစရာမလိုဘူးလို့ ဟိုတယ်ကအာမခံထားပါတယ်။ ငိုလို့ပျက်သွားတဲ့ မိတ်ကပ်တွေကို ပြန်လိမ်းဖို့ရာလည်း မိတ်ကပ်နဲ့ အလှပြင်ပစ္စည်းတွေထားပေးထားမှာ ဖြစ်ပါတယ်။ မင်းသား တွမ်ဟမ့်စ် သရုပ်ဆောင်ထားတဲ့ Forrest Gump လိုဒရာဇာတ်လမ်းမျိုးတွေနဲ့ ကိုရီးယားဒရာမာ ဇာတ်ကားတွေလည်း ကြည့်နိုင်မှာ ဖြစ်ပါတယ်။


Ref - dailymail
http://www.planet.com.mm

No comments:

Post a Comment